ဒီခေတ်လူငယ်တွေ ဘာမှန်းမသိတဲ့ “ ဈေး အစ” “ ဇာတ် အလယ် ” “ ဖာ အဆုံးဟူသော စကားပုံ အဓိပ္ပါယ်
ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခု ဖြစ်ပေါ် စေလိမ့်မည်ဟု ထင်မိပါသည် ။ ။
ဖာ ဆိုသော စကားက အဓိပ္ပါယ် နှစ်ခွထွက်နေသော စကားဖြစ်ပါသည် ။ ။
မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော
စကားဟု ထင်ကောင်း ထင်ပါလိမ့်မည် ။ ။
ထို အတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည် ။ ။
” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ ရှေးလူကြီး သူမတို့၏ အချိန်ကာလ
နှင့် နေရာ ဒေသ ရွေးတတ်ရန်မှာ ကြားခဲ့သော စကားစုသည် ။ ။
ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။ ။
ဈေးအစဆိုသည်မှာ ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍
ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုပါသည် ။ ။
ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ်
ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ ။ ။
ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍
ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ် ။ ။ ဒါ့ကြောင့် ဈေးအစဟု ဆိုရေးရှိတာပါ ။ ။
ဇာတ်အလယ်တဲ့ ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့
ပြဇာတ်တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြ တတ်သောကြောင့်
ဇာတ်ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည် ။ ။
ဖာ အဆုံးတဲ့ ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာ ဖြစ်ပါသည် ။ ။
အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်းထားနိုင်သော သေတ္တ
ာ ကဲ့သို့သော ဖာ သေတ္တာကို ဆိုလိုခြင်း ဖြစ်သည် ။ ။
ထိုဖာများကို ရောင်းချမည့် သူများသည် ဖာ သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုး ရောင်းချကြပါသည် ။ ။
ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာ သေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာ ကိုထားလေ့ ရှိပါသည် ။ ။
သို့မှသာ အောက်ဆုံးဖာ သည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ် ။ ။
ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ
ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ် ။
ထို့ကြောင့် ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံ အဓိပ္ပါယ်ကို မှန်ကန်စွာ
သိ၍ အခြေအနေအချိန် ကာလကို သိတတ် သူများ ဖြစ်ကြပါစေဟု ။ ။
အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ… ။ ။
credit-