နည်းပညာတွေ အဆင့်မြင့်လာတာနဲ့ အမျှ အိမ်တိုင်းနီးပါးမှာ ဝိုင်ဖိုင်တွေ တပ်ဆင်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကွန်နက်ရှင် မကောင်းလို့ စိတ်ညစ်ရတဲ့သူတွေလည်း အများကြီး ရှိနေမှာပါ။
တခြားအိမ်တွေမှာ ကွန်နက်ရှင်ကောင်းရက်နဲ့ သင့်အိမ်မှာ တခုခု ဖြစ်နေတယ်ဆိုရင်
အခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေလို့ ဖြစ်ပါလိမ့်မယ်။
(၁) ပရိဘောဂများ
ဝိုင်ဖိုင်စက်ကို သတ္တုမျက်နှာပြင်ပါတဲ့ ခုံပေါ်တင်ခြင်းကြောင့် ဝိုင်ဖိုင်နှေးတာမျိုးတွေ
ဖြစ်တတ်ပါတယ်။သတ္တုဟာ လျှပ်ကူးပစ္စည်းဖြစ်တာကြောင့် လျှပ်စစ်စွမ်းအားတွေကို
စုပ်ယူလိုက်တာမျိုးတွေ ရှိပါတယ်။အိမ်တွင်း ပရိဘောဂ ပစ္စည်းတွေက
လျှပ်စစ်လှိုင်းတွေရဲ့ သွားလာမှုကို အတားအဆီး ဖြစ်စေနိုင်ပါတယ်။
သင့်ဝိုင်ဖိုင်ကို မြန်စေချင်တယ်ဆိုရင် သတ္တုပစ္စည်းတွေရဲ့ ဝေးရာမှာ ထားဖို့ အကြံပြုချင်ပါတယ်။
(၂) မှန်
မှန်ဟာ Router က ထုတ်လွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေကို ရောင်ပြန်စေပါတယ်။
မှန်ဟာအကာအကွယ်တခုလို ဖြစ်နေပြီး ထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေကို ထပ်ခါတလဲလဲ
ပြန်လည်နေစေတာကြောင့် ကွန်နက်ရှင် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်
မှန်နဲ့ ဝေးဝေးမှာ ထားပါ။
(၃) ရေခဲသေတ္တာ
ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေဟာ ရေကို အသုံးပြုပြီး လည်ပတ်ရတဲ့
ပစ္စည်းတွေ ဖြစ်ပါတယ်။အဲဒါဟာ ဝိုင်ဖိုင်စက်ရဲ့ အလုပ်လုပ်မှုကို ထိခိုက်စေပါတယ်။
ရေဟာ ဝိုင်ဖိုင်စက်က ထုတ်တဲ့ စွမ်းအားအချို့ကို ထိန်းသိမ်းထားတာကြောင့်
အင်တာနက် ကွန်နက်ရှင်ကို နှေးကွေးစေပါတယ်။
(၄) ဘယ်လိုထားသင့်သလဲ
ဝိုင်ဖိုင်လိုင်းကောင်းဖို့ အတွက်ဆိုရင် ဝိုင်ဖိုင်စက်ကို နည်းစနစ်တကျထားဖို့ လိုအပ်ပါတယ်။
အပေါ်မှာ ဖော်ပြခဲတဲ့ ပစ္စည်းတွေရဲ့ ဝေးရာမှာ ထားပါ။
Routerကို အမြဲ Update ပြုလုပ်ပါ။အားကောင်းတဲ့ လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။
Credit–