တောင်တန်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ
စစ်ဘေးရှောင်ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာပြီ ဖြစ်ပါတယ် ။
အထူးသဖြင့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်
ပြည်နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူပေါင်း သိန်းချီခန့် ရှိနေပြီ ဖြစ်ပါတယ်။
အသက်ဘေးက လွတ်မြောက်ဖို့အတွက် တောထဲတောင်ထဲကို ထွက်ပြေးနေ
ရတဲ့ ပြည်သူတွေခမျာ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာဖြစ်ပါတယ် ။
အခုလည်း ချင်းတောင်တန်းဒေသတစ်ခုကို ရောက်ရှိနေတဲ့ လူငယ်တစ်ဦးက
စစ်ဘေးရှောင် တိုင်းရင်းသားတွေရဲ့ဘဝကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။
အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေဆိုရင် အသားဟင်းတောင်မစားရဘဲ
အလေ့ကျပေါက်တဲ့ အရွက်လေးတွေကိုပြုတ်ပြီး စားနေရတာ ဖြစ်ပါတယ် ။
ဒါ့အပြင် သူတို့ရဲ့ဝမ်းစာပြည့်ဖို့အတွက်သာ အဓိကထားပြီး ငရုတ်သီးထောင်းကို
ဟင်းလုပ်စားရတာမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ဒီလိုမျိုးစားသောက်ပြီး
တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားတွေရဲ့ဘဝကို ကိုယ်တိုင်မြင်တွေ့လိုက်တဲ့
ပြည်သူတစ်ဦးက အခုလိုပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ မြို့ပေါ်က
လူတွေ Bar တွေမှာ ကဲနေတာတွေResort တွေမှာ အစားကောင်းတွေ
စားနေတာမြင်ရင် တိုင်းရင်းသားတွေကို သိပ်အားနာတယ်ဆိုပြီး
ပြောထားတာပဲ ဖြစ်ပါတယ် ။ စစ်ဘေးရှောင် တိုင်းရင်းသားတွေရဲ့ဘဝကို
စာနာနားလည်နိုင်စေဖို့အတွက် သူတို့ရဲ့နေထိုင်မှုပုံရိပ်တွေကိုလည်း
ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Crd