ၾကားသိသမွ်

တောထဲတောင်ထဲ ပင်ပန်းဆင်းရဲဒဏ်ကို ကြိတ်မှိတ် ရင်ဆိုင်နေရသော သူရဲကောင်းကြီးများရဲ့ စကားသံများ ( ‘စိတ်ဓာတ်ကျလား’လို့မေးလိုက်ရင် မျက်နှာတွေချက်ချင်းအကုန်သတိဆွဲ ၊ ‘အနိုင်တိုက်မှာလား’ “နိုင်ကိုနိုင်မှာ

တောထဲတောင်ထဲ ပင်ပန်းဆင်းရဲဒဏ်ကို ကြိတ်မှိတ် ရင်ဆိုင်နေရသော သူရဲကောင်းကြီးများရဲ့ စကားသံမျာ

း ( ‘စိတ်ဓာတ်ကျလား’လို့မေးလိုက်ရင် မျက်နှာတွေချက်ချင်းအကုန်သတိဆွဲ ၊ ‘အနိုင်တိုက်မှာလား’ “နိုင်ကိုနိုင်မှာ”

‘One Shot’ “One Kill!” ဟိန်းခနဲဟိန်းခနဲ အဲ့ဒီမာန်တွေ အဲ့ဒီအသံတွေ)ကျွန်တော်တို့ ပြည်တွင်းပြည်ပက

ရဲဘော်ရဲဘက် ပြည်သူတွေဆီကနေ စီးဆင်းလာတဲ့အထောက်အပံ့တွေ၊ အကူအညီတွေအတွက် အများကြီး

ကျေးဇူးတင်ရသလို တောထဲမှာ ပင်ပန်းဆင်းရဲဒဏ် ဒုက္ခမျိုးစုံခံပြီး တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ကြိုးစား

နေကြတဲ့ရဲဘော်တွေကိုလည်း ကျေးဇူးတင် ၊ ဂုဏ်ယူကြောင်း နည်းနည်းပြောချင်ပါတယ်။ “လူကို မိုးမစိုဘဲ

အိပ်ရတဲ့ညတွေက တော်တော် ကံကောင်းတဲ့ညဗျ ” “ရေစစ်လေးရှိလာတော့အဆင်ပြေတာပေါ့ ဒီမတိုင်ခင်က

အနည်းပါလည်း သဗ္ဗေသတ္တာကမ္မသက္ကာဆိုပြီး မျှောချခဲ့ရတာ”“ဘောင်းဘီလေးနှစ်ထည်ရှိပါတယ်

နေလေးမြင်လိုက် လှမ်းလိုက် မိုးရွာလိုက်နဲ့ မင်းအောင်လှိုင်သေမှပဲ ခြောက်တော့မလားမသိဘူး” “ရှမ်းရွှေ

တောင်နှစ်ထုပ်ရှိလျက်နဲ့ ဖွက်ထားတယ် နင်ဒလန်” “အစ်ကို ဒီမယ်ကြည့်ပေးစမ်းပါဦး ဒါဝဲတွေလား ကျွန်

တော်တော်တော်စပ်နေပြီ”“မနေ့ကအိမ်သာကျင်းတူးရတဲ့မွေးနေ့ရှင်လေး ဒီနေ့နေရာရွှေ့ရတော့ တော်တော်

ပျော်နေမှာပဲ မအလပေးတဲ့ မွေးနေ့လက်ဆောင်လေးပေါ့” “မနက်က နေပွင့်တယ် အကုန် လုပ်လက်စ အလုပ်

တွေခဏပစ်ချပြီး နေလုံးကြီးကြည့်ပျော်နေကြတာ ကာတွန်းကားထဲက အတိုင်းပဲဟီး”“ကျွန်တော် အစားလည်

းဘာရယ်ဆိုပြီး မမက်တော့ဘူး အသုံးအဆောင်တွေလည်း မမက်တော့ဘူး ခြောက်ခြောက်သွေ့သွေ့ နွေးနွေးထွေ

းထွေးလေး တစ်နေ့လောက် နေရဖို့ပဲမျှော်လင့်တယ် တကယ်ပြောတာ” ဒီလိုတွေ ရင်ဖွင့်ကြပေမယ့်‘စိတ်ဓာတ်

ကျလား’လို့မေးလိုက်ရင် မျက်နှာတွေချက်ချင်းအကုန်သတိဆွဲ အသံတွေက မာန်အပြည့်နဲ့ “လုံးဝမကျဘူး”

ဆိုတဲ့ရဲဘော်တွေ ‘နိုင်ပါ့မလား’ ဆိုရင် “မနိုင်နိုင်အောင်တိုက်မှာ”ဆိုတဲ့ရဲဘော်တွေ ‘သေချာလား’ “သေချာတယ်”

‘ကျိန်းသေလား’ “ကျိန်းသေတယ်”‘အနိုင်တိုက်မှာလား’ “နိုင်ကိုနိုင်မှာ” ‘One Shot’ “One Kill!” ဟိန်းခနဲဟိန်းခနဲ

အဲ့ဒီမာန်တွေ အဲ့ဒီအသံတွေ မြင်လိုက်တိုင်း ကြားလိုက်တိုင်း နေရာဒေသ ၊ ရာသီဥတု ၊ ငွေကြေးအခက်အခဲတွေ

အန္တရာယ်တွေကြားထဲက လှုပ်ရှားနေရတဲ့ကျွန်တော်တို့အတွက်လည်း လူပန်း စိတ်ပန်းသမျှတွေပျောက်

အမောတွေပြေ အားတွေတက် မျှော်လင့်ချက်ရောင်ခြည်တွေ မီးလိုတောက်တယ်။တခါမှ မကြုံဖူးတဲ့ ကြုံဖို့တွေ

းတောင်တွေးဖူးမှာ မဟုတ်တဲ့ (တချို့ဆို ရှိမှန်းတောင်မသိခဲ့တဲ့) ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ကြိုးစားနေကြတဲ့

အဖိုးတန်သူရဲကောင်းလေးတွေကို ကြည့်တိုင်း –ဖက်ကြမ်းဆေးပေါ့လိပ်တစ်လိပ်ကို တပ်စိပ်တစ်စိပ်လုံး မျှသော

က်ရတဲ့ရဲဘော်တွေ ၊ ဒီမိုကရေစီရဲ့အနှစ်သာရကိုလည်း အတူတူမျှဝေ စံစား ရတော့မယ့် ပန်းတိုင်ရောက်ဖို့

မလိုတော့ဘူးဆိုတာကို ပိုယုံကြည်လာမိပါတယ်။ ရဲဘော်တွေစကားအရဆိုရင်တော့ “အရေးတော်ပုံ

အောင်ကိုအောင်ရမယ်” “ခွေးဂျပု သေသေ” ပေါ့ဗျာ။ အရေးတော်ပုံ အောင်ကိုအောင်ရမည်

Crd