ၾကားသိသမွ်

ပြည်သူ့ကာကွယ်ရေးတပ်များတီထွင်ထားသော အဝေးပစ်လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်အား အဓိကပစ်ခတ်တိုက်ခဲ့တဲ့ဘန့်ဘွေးရွာမ တိုက်ပွဲ

ဘန့်ဘွေးရွာမ တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၃ဦးသေဟု ယင်းမာပင် PDA ထုတ်ပြန်

(အောက်တွင်ရုပ်သံကြည့်ရန်)

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ၌ ဇန်နဝါရီ ၁၇ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးခဲ့သည်ဟု တပ်တွင်း

ဖရဲသီးသီးများထံမှ သတင်းရရှိကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDA)က ယ​နေ့ထုတ်ပြန်သည်။

ဘန့်ဘွေးရွာမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၇ရက် မွန်းလွဲ ၃နာရီခွဲတွင် မဟာမိတ်တပ်ပေါင်းစုမှ လက်နက်ကြီး

လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ မဟာမိတ်တပ်ပေါင်းစုဘက်က ကျဆုံး

မှုမရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီ ၁၈ရက် မွန်းလွဲ ၁နာရီခန့်တွင်လည်း ဘန့်ဘွေးရွာမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်

တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခြင်းသည် မုံရွာမြို့နယ် လယ်ဇင်ရွာကို အကြမ်းဖက်မှုအတွက် သွေးကြွေးတောင်းခြင်းဖြစ်ကြောင်း

ယင်းမာပင် PDAကယ​နေ့ည​နေတွင် ထုတ်ပြန်သည်။

အထက်ပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များတီထွင်ထားသော အဝေးပစ်လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်အား အဓိက

ပစ်ခတ်တိုက်ခဲ့​ကြောင်းယင်းမာပင် PDF (People`s Defence Army – Yinmarbin)က ရုပ်သံဖိုင်ဖြင့်ပြသခဲ့သည်။ People’s Spring

Zawgyi

ဘန႔္ေဘြးရြာမ တိုက္ပြဲ စစ္ေကာင္စီတပ္မွ ၁၃ဦးေသဟု ယင္းမာပင္ PDA ထုတ္ျပန္

ယင္းမာပင္ၿမိဳ႕နယ္ ဘန႔္ေဘြးရြာမ၌ ဇန္နဝါရီ ၁၇ရက္က ျဖစ္ပြားခဲ့သည့္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ၁၃ဦးေသဆုံးခဲ့သည္ဟု တပ္တြင္း

ဖရဲသီးသီးမ်ားထံမွ သတင္းရရွိေၾကာင္း ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္(PDA)က ယ​ေန႔ထုတ္ျပန္သည္။

ဘန႔္ေဘြးရြာမ၌ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို ဇန္နဝါရီ ၁၇ရက္ မြန္းလြဲ ၃နာရီခြဲတြင္ မဟာမိတ္တပ္ေပါင္းစုမွ လက္နက္ႀကီး

လက္နက္ငယ္မ်ားျဖင့္ တိုက္ခိုက္ခဲ့ရာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း၊ မဟာမိတ္တပ္ေပါင္းစုဘက္က က်ဆုံးမႈမ

ရွိေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ ဇန္နဝါရီ ၁၈ရက္ မြန္းလြဲ ၁နာရီခန႔္တြင္လည္း ဘန႔္ေဘြးရြာမ၌ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို လက္နက္ႀကီးမ်ားျဖင့္

ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုသို႔တိုက္ခိုက္ျခင္းသည္ မုံရြာၿမိဳ႕နယ္ လယ္ဇင္ရြာကို အၾကမ္းဖက္မႈအတြက္ ေသြးေႂကြးေတာ

င္းျခင္းျဖစ္ေၾကာင္း ယင္းမာပင္ PDAကယ​ေန႔ည​ေနတြင္ ထုတ္ျပန္သည္။

အထက္ပါတိုက္ပြဲတြင္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားတီထြင္ထားေသာ အေဝးပစ္လက္နက္ႀကီးမ်ားျဖင့္ စစ္ေကာင္စီတပ္အား အဓိကပစ္ခတ္တိုက္

ခဲ့​ေၾကာင္းယင္းမာပင္ PDF (People`s Defence Army – Yinmarbin)က ႐ုပ္သံဖိုင္ျဖင့္ျပသခဲ့သည္။People’s Spring