ကုလသမဂ္ဂ အစည်းအဝေး တွင် မြန်မာကိုယ်စားပြုဆွေးနွေး မဲပေးခဲ့သည့်ဦးကျော်မိုးထွန်း ၏
လုပ်ဆောင်ချက်များအားလက်မခံနိုင်ဟု နစကနိုင်ငံခြားရေးဝန်ကြီး ဌာနကြေညာချက်
ယနေ့ညတွင်ထုတ်ပြန်သည်။ထုတ်ပြန်ချက်ထဲ နစကကောင်စီမှ ထုတ်ပယ်ထားသည့် မြန်မာ
အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၏ မြန်မာ နိုင်ငံအမည်ဖြင့် ကုလသမဂ္ဂအစည်းအဝေ
း များတွင် မိန့်ခွန်းပြောခြင်း မဲပေးခြင်းသည် တရားဝင်မှုမရှိကြောင်းလည်း ဖော်ပြထားသည်။
ဇွန်လ ၁၈ ရက်နေ့ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏
လက်ရှိနိုင်ငံရေးအခြေအနေကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊
ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လက်နက်စီးဆင်းမှုကို တားဆီးရန်
အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံခု၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်မျာ
း ချမှတ်လိုက်ကြောင်း သိရှိရသည်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၁၉ ခုက မြန်မာ့အရေးဆုံး
ဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး ဘယ်လာရုစ်က ကန့်ကွက်မဲပေးကြကာ တရုတ်၊ ရုရှား၊
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဗင့်ဘရူနိုင်းအပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ
နေကြကြောင်း သိရှိရသည်။
redit–