ၾကားသိသမွ်

ဦးဌေးအောင်(ခ) Orchid ဌေးအောင်ကို တိုင်းပြည်သစ္စာဖောက်အဖြစ် နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် သတ်မှတ်

မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကိုဖျက်စီးသူအဖြစ် Orchid ဌေးအောင်ကို နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် SRMMN က သတ်မှတ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏စစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်ကျုးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုခံထားရသည်။

ထိုဖိအားများ လျော့ပါးစေရန်အတွက် မွတ်စလင်မ်တစ်ဦးဖြစ်သူ ဦးဌေးအောင်(ခ) Orchid ဌေးအောင်ကို အသုံးချပြီး OIC နိုင်ငံများသို့စေလွှတ်ကာ မွတ်စလင်မ်နိုင်ငံများ၏ ထောက်ခံမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ကြားသိရကြောင်း SRMMN က ဆိုသည်။

မွတ်စလင်မ်တစ်ဦးဖြစ်သူ ဦးဌေးအောင်သည် ၎င်း၏ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတ္တကို ရှေ့တန်တင်ပြီး အကြမ်းဖက်သမားမင်းအောင်လှိုင်၏ အကျိုးစီးပွားလက်ကိုင်တုတ်အဖြစ် ကျင့်ဝတ်သိက္ခာမဲ့စွာ ထမ်းရွက်နေသည်ဟုလည်း SRMMN က သုံးသပ်ထားသည်။

ထို့ကြောင့် ဦးဌေးအောင် (ခ) Orchid ဌေးအောင်ကို SRMMN က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးကို သစ္စာဖောက်သည့်လုပ်ရပ်ဖြစ်‌သည်ဟု ဆိုသည်။

ယင်းအပြင် SRMMN က စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကို ခံစားခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှု ပြန်လည်ရရှိရေးကို အစဉ်တစ်စိုက် ထောက်ခံပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျုးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ထိရောက်သည့် အရေးယူမှုများ လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက် ကူညီကြရန်လည်း OIC အဖွဲ့ဝင်နိုင်ငံများအပါဝင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံအသီးသီးအား SRMMN က မေတ္တာရပ်ခံထားသည်။

Zawgyi

ျမန္မာမြတ္စလင္မ္ အသိုင္းအဝိုင္းတစ္ခုလုံး၏ ဂုဏ္သိကၡာကိုဖ်က္စီးသူအျဖစ္ Orchid ေဌးေအာင္ကို ေႏြဦးေတာ္လွန္ေရး ျမန္မာမြတ္စလင္မ္ကြန္ရက္ SRMMN က သတ္မွတ္ေၾကာင္း ယေန႔ထုတ္ျပန္လိုက္သည္။

အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏စစ္တပ္က ရိုဟင္ဂ်ာလူမ်ိဳးမ်ားအေပၚက်ဴးလြန္ခဲ့သည့္ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္မ်ားအေပၚ ဆန္႔က်င္က်ဳးလြန္သည့္ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈမ်ားႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ တရားစြဲဆိုခံထားရသည္။

ထိုဖိအားမ်ား ေလ်ာ့ပါးေစရန္အတြက္ မြတ္စလင္မ္တစ္ဦးျဖစ္သူ ဦးေဌးေအာင္(ခ) Orchid ေဌးေအာင္ကို အသုံးခ်ၿပီး OIC နိုင္ငံမ်ားသို႔ေစလႊတ္ကာ မြတ္စလင္မ္နိုင္ငံမ်ား၏ ေထာက္ခံမႈမ်ားရရွိေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနသည္ဟု ၾကားသိရေၾကာင္း SRMMN က ဆိုသည္။

မြတ္စလင္မ္တစ္ဦးျဖစ္သူ ဦးေဌးေအာင္သည္ ၎၏ပုဂၢိဳလ္ေရးအက်ိဳးစီးပြားအတၱကို ေရွ႕တန္တင္ၿပီး အၾကမ္းဖက္သမားမင္းေအာင္လွိုင္၏ အက်ိဳးစီးပြားလက္ကိုင္တုတ္အျဖစ္ က်င့္ဝတ္သိကၡာမဲ့စြာ ထမ္းရြက္ေနသည္ဟုလည္း SRMMN က သုံးသပ္ထားသည္။

ထို႔ေၾကာင့္ ဦးေဌးေအာင္ (ခ) Orchid ေဌးေအာင္ကို SRMMN က ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လိုက္ၿပီး တိုင္းျပည္ႏွင့္ ျပည္သူတစ္ရပ္လုံးကို သစၥာေဖာက္သည့္လုပ္ရပ္ျဖစ္‌သည္ဟု ဆိုသည္။

ယင္းအျပင္ SRMMN က စနစ္တက် လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ျခင္းကို ခံစားခဲ့ရသည့္ ရိုဟင္ဂ်ာလူမ်ိဳးမ်ားအတြက္ တရားမၽွတမႈ ျပန္လည္ရရွိေရးကို အစဥ္တစ္စိုက္ ေထာက္ခံပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ က်ဳးလြန္ခဲ့ေသာ ရာဇဝတ္မႈမ်ားအတြက္ ထိေရာက္သည့္ အေရးယူမႈမ်ား လက္ေတြ႕ေဆာင္ရြက္နိုင္ေရးအတြက္ ကူညီၾကရန္လည္း OIC အဖြဲ႕ဝင္နိုင္ငံမ်ားအပါဝင္ ကမၻာ့မြတ္စလင္မ္နိုင္ငံအသီးသီးအား SRMMN က ေမတၱာရပ္ခံထားသည္။

ျမန္မာမြတ္စလင္မ္ အသိုင္းအဝိုင္းတစ္ခုလုံး၏ ဂုဏ္သိကၡာကိုဖ်က္စီးသူအျဖစ္ Orchid ေဌးေအာင္ကို ေႏြဦးေတာ္လွန္ေရး ျမန္မာမြတ္စလင္မ္ကြန္ရက္ SRMMN က သတ္မွတ္ေၾကာင္း ယေန႔ထုတ္ျပန္လိုက္သည္။

အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏စစ္တပ္က ရိုဟင္ဂ်ာလူမ်ိဳးမ်ားအေပၚက်ဴးလြန္ခဲ့သည့္ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္မ်ားအေပၚ ဆန႔္က်င္က်ဳးလြန္သည့္ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈမ်ားႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ တရားစြဲဆိုခံထားရသည္။

ထိုဖိအားမ်ား ေလ်ာ့ပါးေစရန္အတြက္ မြတ္စလင္မ္တစ္ဦးျဖစ္သူ ဦးေဌးေအာင္(ခ) Orchid ေဌးေအာင္ကို အသုံးခ်ၿပီး OIC နိုင္ငံမ်ားသို႔ေစလႊတ္ကာ မြတ္စလင္မ္နိုင္ငံမ်ား၏ ေထာက္ခံမႈမ်ားရရွိေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနသည္ဟု ၾကားသိရေၾကာင္း SRMMN က ဆိုသည္။

မြတ္စလင္မ္တစ္ဦးျဖစ္သူ ဦးေဌးေအာင္သည္ ၎၏ပုဂၢိဳလ္ေရးအက်ိဳးစီးပြားအတၱကို ေရွ႕တန္တင္ၿပီး အၾကမ္းဖက္သမားမင္းေအာင္လွိုင္၏ အက်ိဳးစီးပြားလက္ကိုင္တုတ္အျဖစ္ က်င့္ဝတ္သိကၡာမဲ့စြာ ထမ္းရြက္ေနသည္ဟုလည္း SRMMN က သုံးသပ္ထားသည္။

ထို႔ေၾကာင့္ ဦးေဌးေအာင္ (ခ) Orchid ေဌးေအာင္ကို SRMMN က ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်လိုက္ၿပီး တိုင္းျပည္ႏွင့္ ျပည္သူတစ္ရပ္လုံးကို သစၥာေဖာက္သည့္လုပ္ရပ္ျဖစ္‌သည္ဟု ဆိုသည္။