ၾကားသိသမွ်

ထူးအိမ်သင်ကိုယ်တိုင်ပြောပြခဲ့တဲ့”ရာဇဝင်များရဲ့သတို့သမီး”စတင်ဖြစ်တည်ပုံအကြောင်း

ထူးအိမ်သင်ကိုယ်တိုင်ပြောပြခဲ့တဲ့”ရာဇဝင်များရဲ့သတို့သမီး”စတင်ဖြစ်တည်ပုံအကြောင်း

“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းက ပုဂံမှာ ရေးတာမဟုတ်ဘူးဗျ။ ပုဂံမှာ ကျွန်တော် ကုန်ကြမ်းရခဲ့တာပေါ့။

ပုဂံမှာ တစ်ညဗျာ။ ကိုဝင်းမင်းထွေး လုပ်တဲ့ ရှိုး၊ အဲဒီမှာ ပခုက္ကူကို သွားကြရင်းနဲ့ တစ်ဖွဲ့သားလုံး ပုဂံကို

သွားလည်ကြတယ်။ သွားလည်ကြရင်းနဲ့ ညီထွဋ်တို့နဲ့ ညဖက် ဘုရားတွေလိုက်ဖူးကြရင်း ကန်တော့ပလ္

လင်ဘုရားမှာ ဘုရားစောင့်တဲ့လူတွေကို ခွင့်တောင်းပြီး ဘုရားပေါ် တက်ကြည့်ကြတယ်။ အဲဒီလို

တက်ကြည့်ကြရင်းနဲ့ ဘုရားပေါ်က ညဘက်မှာ ဧရာဝတီမြစ်ကို ထိုင်ကြည့်ရင်းနဲ့ ဧရာဝတီမြစ် တစ်ဖက်ကမ်း

စက်ရုံက လင်းနေတဲ့ မီးရောင်လေးရယ်၊ မြစ်ကြီးပေါ်မှာ အလင်းရောင်လေး လက်နေတာရယ်၊ ဒီဘက်ကို

ကြည့်လိုက်တော့လည်း ဘုရားပြို၊ ဘုရားပျက်တွေ မည်းမည်းနဲ့ မြင်နေရတာတွေရယ်၊ မြစ်ကြီးရယ်၊ ဘုရားတွေရယ်၊

ဟိုဘက်က တောင်တန်းတွေရယ်ကို ကျွန်တော်ကိုယ်တိုင် ထိုင်ကြည့်နေရင်းနဲ့ ကျွန်တော့် စိတ်ထဲမှာ

အဲဒီသီချင်း စတည်ခဲ့ပါတယ်။ အဲဒီသီချင်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အရင်တုန်းကလည်

း ပြောဖူးပါတယ်။ မြန်မာတွေ အဲဒီအချိန်က တိုးတက်ခဲ့တယ်ဆိုတာ လက်ရုံးရည်ရော၊ နှလုံးရည်ရော။

ရှေးမြန်မာတွေ ဘယ်လိုဘယ်လို ခက်ထန်ကြံ့ခိုင်တဲ့ အားကောင်း နှလုံးသားတွေနဲ့၊ ဘယ်လိုပျော့ပြောင်းတဲ့

နှလုံးသား၊ ဘယ်လိုသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ အခုခေါ်နေတဲ့

မြန်မာပြည်ကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ အံသြပြီး လေးလည်း

လေးစားမိပါတယ်။ ရှေးမြန်မာကြီးတွေအပေါ် အရမ်းကို ကြည်ညိုတဲ့စိတ် ကျွန်တော့် ရင်ထဲမှာ

ပြင်းပြင်းထန်ထန် ပေါ်လာခဲ့ပါတယ်။ နောက် ရှေ့ဆက်သွားမယ့် ဧရာဝတီရဲ့ သမိုင်းမှာ ကျွန်တော်တို့ရဲ့

မျှော်လင့်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲဆိုတာကို စိတ်ထဲမှာ

ခင်းကျင်းကြည့်တာပေါ့နော်။ ကျွန်တော်တို့ရဲ့ အိမ်မက်လေးတွေကို ပြပွဲခင်းကျင်းကြည့်တဲ့သဘော။

သီချင်းရဲ့ အကြောင်းအရာကတော့ ဒါပါပဲ။

#ထူးအိမ်သင်

#ရာဇဝင်များရဲ့သတို့သမီး

#ငှက်