ၾကားသိသမွ်

KNU တပ်မဟာ(၅)က BGFတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်(ဗီဒီယိုဖိုင်)

KNU တပ်မဟာ(၅)က BGFတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က အတည်ပြုသည်။

ကရင်ပြည်နယ် ဖာပွန်မြို့န် မဲပလိရွာ တွင် အခြေစိုက်သည့် BGF အမှတ် ၁၀၁၄ တပ်ရင်း၏ တပ်စခန်း တစ်ခုကို KNU တပ်မဟာ(၅) တပ်ဖွဲ့က ဇန်နဝါရီ ၁၆ရက် တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ BGF တပ်ဖွဲ့ဝင် တစ်ဦးကို အရှင်ဖမ်းမိကြောင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မှူး တစ်ဦးနှင့် နီးစပ်သူကို ကိုးကားပြီး Salween Press က ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဖော်ပြမှုအပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်က “ အဲဒါ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

ကရင် BGF တပ်များ ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန်နှင့် အကယ်၍ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ စစ်ကောင်စီနှင့်ပူးပေါင်းပါက ကရင်အချင်းချင်း ဖြစ်သော်လည်း တိုက်ခိုက်ရတော့မည်ဟု တပ်မဟာ(၅)က ကြေညာခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ရက်တွင် BGF တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

“အစတုန်းကတော့ ကိုယ့်လူမျိုးပေါ့နော် တစ်ဖက်အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်တော့ရှောင်တယ်။ ဒါပေမဲ့ အခုတော့ ရန်သူလိုပဲ သဘောထားတဲ့သဘောပဲပေါ့။ အဓိကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုမသိရသေးကြောင်း၊ လက်နက်ခဲယမ်းရရှိမှု ရှိနိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ BGF တပ်များကို KNU လက်အောက်ခံ KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့က

ခုခံတိုက်ခိုက်လျက်ရှိရာ ယခုလဝက်အတွင်း တိုက်ပွဲ ၁၂၀ ခန့်ဖြစ်ပြီး စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Zawgyi

KNU တပ္မဟာ(၅)က BGFတပ္စခန္းတစ္ခုကို တိုက္ခိုက္ သိမ္းပိုက္

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္ဖြဲ႕(BGF) တပ္စခန္းတစ္ခုကို ယမန္ေန႔က တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) သတင္းရင္းျမစ္က အတည္ျပဳသည္။

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕န္ မဲပလိရြာ တြင္ အေျခစိုက္သည့္ BGF အမွတ္ ၁၀၁၄ တပ္ရင္း၏ တပ္စခန္း တစ္ခုကို KNU တပ္မဟာ(၅) တပ္ဖြဲ႕က ဇန္နဝါရီ ၁၆ရက္ တြင္ တိုက္ခိုက္သိမ္းပိုက္ၿပီး မီးရွို႔ ဖ်က္ဆီးခဲ့ေၾကာင္း၊ BGF တပ္ဖြဲ႕ဝင္ တစ္ဦးကို အရွင္ဖမ္းမိေၾကာင္း ကရင္အမ်ိဳးသားလြတ္ေျမာက္ ေရးတပ္မေတာ္(KNLA) တပ္မႉး တစ္ဦးႏွင့္ နီးစပ္သူကို ကိုးကားၿပီး Salween Press က ေဖာ္ျပခဲ့သည္။

အဆိုပါ သတင္းေဖာ္ျပမႈအေပၚ KNU ဗဟိုမွ သတင္းရင္းျမစ္က “ အဲဒါ အတည္ျပဳလို႔ရပါတယ္” ဟု ေျပာသည္။

ကရင္ BGF တပ္မ်ား ဇန္နဝါရီ ၁၅ရက္မွစ၍ စစ္ေကာင္စီႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ မျပဳလုပ္ရန္ႏွင့္ အကယ္၍ ျပည္သူလူထု အက်ိဳးကို မၾကည့္ဘဲ စစ္ေကာင္စီႏွင့္ပူးေပါင္းပါက ကရင္အခ်င္းခ်င္း ျဖစ္ေသာ္လည္း တိုက္ခိုက္ရေတာ့မည္ဟု တပ္မဟာ(၅)က ေၾကညာခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁၆ရက္တြင္ BGF တပ္စခန္းတစ္ခုကို စတင္တိုက္ခိုက္ျခင္းျဖစ္သည္။

“အစတုန္းကေတာ့ ကိုယ့္လူမ်ိဳးေပါ့ေနာ္ တစ္ဖက္အေနနဲ႔ ဘယ္လိုပဲ ျဖစ္ျဖစ္ ေရွာင္ေတာ့ေရွာင္တယ္။ ဒါေပမဲ့ အခုေတာ့ ရန္သူလိုပဲ သေဘာထားတဲ့သေဘာပဲေပါ့။ အဓိကေတာ့ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္လို႔ေပါ့” ဟု KNU သတင္းရင္းျမစ္က ေျပာသည္။

အဆိုပါ စခန္းသိမ္းတိုက္ပြဲ၌ ထိခိုက္က်ဆုံးမႈ အေျခအေန အေသးစိတ္ကိုမသိရေသးေၾကာင္း၊ လက္နက္ခဲယမ္းရရွိမႈ ရွိနိုင္နိုင္ေၾကာင္း ၎က ဆိုသည္။

KNU တပ္မဟာ(၅)နယ္ေျမတြင္ စစ္ေကာင္စီတပ္ႏွင့္ ၎၏ လက္ေအာက္ခံ BGF တပ္မ်ားကို KNU လက္ေအာက္ခံ KNLAႏွင့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္(KNDO)တို႔က

ခုခံတိုက္ခိုက္လ်က္ရွိရာ ယခုလဝက္အတြင္း တိုက္ပြဲ ၁၂၀ ခန႔္ျဖစ္ၿပီး စစ္ေကာင္စီတပ္က ၅၀ ေက်ာ္ေသဆုံးကာ ၄၀ ေက်ာ္ဒဏ္ရာရရွိခဲ့သည္ဟု တပ္မဟာ(၅)က ထုတ္ျပန္ထားသည္။

(BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့​သောဗီဒီယိုဖိုင်)