ၾကားသိသမွ်
ငါ့အသက်၊ ငါ့ပစ္စည်း၊ ငါ့ဥစ္စာဆိုတာတွေက ခေါင်းပေါ်က ကျလာတဲ့ဗုံးဆံတစ်ခုကနေ အားလုံးပျက်စီးသွားနိုင်တယ်ကိုယ့်နေရာလေး အေးနေသေးလို့ ဒီနွေကို မပူဘူး မထင်ပါနဲ့လို့ဆိုလာတဲ့ ပန်ဆယ်လို
လွိုင်ကော်မြို့က စစ်ဘေးရှောင်ပြည်သူတွေရဲ့ စစ်ပြေးရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို အားလုံးတွေ့မြင်ကြရမှာပါ။
စိတ်ပိုင်းဆိုင်ရာ ကြေကွဲရမှုတွေကို ခဏဖယ်ပြီး ယုတ္တိဗေဒကျကျ တွေးကြည့်ကြရအောင်။ လွိုင်ကော်လို့ တစ်မြို့လုံး စစ်ပြေးရတဲ့အခြေအနေကို ရန်ကုန်ကို ရွှေ့ကြည့်လိုက်ပါ။ မန္တလေးကို ရွှေ့ကြည့်လိုက်ပါ။
လွိုင်ကော်မှာ လူဦးရေ သိန်းဂဏန်းပဲ ရှိပါတယ်။ သိန်းဂဏန်းတောင် နည်းပါးတဲ့ သိန်းဂဏန်းပါ။ ရန်ကုန်မှာ လူဦးရေ ၇ သန်းဝန်းကျင် ရှိပါတယ်။
လူဦးရေသိန်းဂဏန်း လွိုင်ကော်ဟာ စစ်ဘေးရှောင်ဖို့ ကားတွေ ပိတ်သိပ်ကြပ်ညက်နေတာ မြင်ရမှာပါ။ ရန်ကုန်အထွက်လမ်းတွေဟာ 5% လောက် ခရီးထွက်ကြတဲ့ ပိတ်ရက်ရှည်တွေမှာတောင် ဘယ်လောက်ပိတ်ဆို့လဲ။
လွိုင်ကော်ကို လေယာဉ်နဲ့ ဗုံးကျဲတဲ့ ဖြစ်စဉ်တွေ မြင်ကြရမှာပါ။ တစ်နေ့တစ်ချိန်ကျ ရန်ကုန်ဟာ ဒီလိုမျိုးဖြစ်မလာဘူး ပြောလို့မရပါဘူး။ ဒီကောင်တွေဟာလည်း လွိုင်ကော်မို့၊ ရန်ကုန်မို့ဆိုပြီး ခွဲခြားနေမှာ မဟုတ်ပါဘူး။
ဆိုလိုချင်တာက စစ်မီးတောက်လောင်လာတာနဲ့ အမျှ မြို့ကြီးတွေဟာ ထိခိုက်မှု နောက်ကျဆုံးဖြစ်သလို ထိခိုက်မှုအများဆုံး ဖြစ်လာနိုင်ချေရှိပါတယ်။
ဒုတိယကမ္ဘာစစ်မှာ လေယာဉ်နဲ့ဗုံးကျဲမှုကြောင့် ရန်ကုန်နေပြည်သူ သိန်းဂဏန်း ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။ အိုးအိမ်စည်းစိမ်တွေကတော့ ပြာပုံပါပဲ။
အခုအချိန်မှာ ရန်ကုန်၊ မန္တလေးနဲ့ တိုင်း/ပြည်နယ်အချို့ကလွဲရင် ကျန်ဒေသတွေဟာ စစ်ဘေးသင့်နေကြရပါပြီ။ ကိုယ့်နေရာလေး အေးနေသေးလို့ ဒီနွေကို မပူဘူး မထင်ပါနဲ့။
အပေးအယူဆန်ဆန်စကားကြမ်းမျိုး ပြောရရင် အခုဖြစ်ပွါးနေတဲ့ တိုင်းတွေ ပြည်နယ်တွေမှာတင် စစ်ခွေးအင်အားကို အတော်ဖြုတ်နိုင်နေပြီ။
ဒီလိုနေရာတွေကို ဝိုင်းဝန်းကူညီထောက်ပံ့ကြပါမှ အထိအခိုက်အများဆုံးဖြစ်လာနိုင်တဲ့နေရာတွေက Risk ကို လျှော့ချနိုင်မှာပါ။ ရှေ့က ရင်းထားကြတဲ့ ဒေသတွေကို ကူညီဝိုင်းဝန်းကြပါ။
ငါတို့က စီးပွါးရှာစားလို့ ရနေတယ်၊ ငါတို့က ဘာမှ မဖြစ်သေးဘူးဆိုရင် ထောက်ပို့တာဝန် ပိုယူပေးကြပါ။ ငါ့အသက်၊ ငါ့ပစ္စည်း၊ ငါ့ဥစ္စာဆိုတာတွေက ခေါင်းပေါ်က ကျလာတဲ့ မီးပွါးလောက်ပဲ မြင်ခွင့်ရလိုက်မယ့် ဗုံးဆံတစ်ခုကနေ အားလုံးပျက်စီးသွားနိုင်တာပဲ မဟုတ်လား။
မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး လုပ်ပြနေတဲ့ MaALoe နဲ့ အမိန့်ပေးရင် ကိုယ်မေကိုယ်ပြန်Loe မယ့် ကျွန်မျိုးတွေ လက်အောက်မှာ ငုံ့ခံနင်းပြား ဖြစ်ကြမလား။ တုန့်ပြန်ရုန်းကန်တွန်းလှန်ကြမလား။
ပြည်သူရဲ့ ရွေးချယ်မှုပါပဲ။ ပန်ဆယ်လို
Zawgyi