မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ကြောင်း ကချင်စစ်ရှောင်များကို ဒေါ်သက်သက်ခိုင်ပြော
ကချင်ပြည်နယ် ရောက်ရှိခဲ့သည့် လူကယ်ပြန်ဝန်ကြီးက ဝိုင်းမော်မြို့ရှိ စစ်ရှောင်များနှင့်တွေ့ဆုံစဉ် ရွေးကောက်ပွဲတွင် မဲသမာမှုများကြောင့် စစ်တပ်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။
ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ရောက်ရှိစဉ် စစ်ကောင်စီ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“မဲမသမာမှုကြောင့် အရေးပေါ် ထိန်းသိမ်းရတဲ့အကြောင်း။ ရွေးကောက်ပွဲလုပ်ပြီးမှ နိုင်တဲ့ပါတီကို အစိုးရပြန်လုပ်မယ်ဆိုတဲ့အကြောင်း။
စစ်ရှောင်တွေကို တတ်နိုင်သလောက်ကူညီမယ်ဆိုတဲ့အကြောင်း။ သူမိန့်ခွန်းမှာလည်းပါတယ်လေ လက်ရှိ အခင်းအကျင်းကိုလည်း ချပြတဲ့သဘောပါ” ဟုပြောသည်။
ရွေးကောက်ပွဲပြန်လည်ကျင်းပပြီးလျှင် အနိုင်ရရှိသည့် ပါတီအား အာဏာ ပြန်လည်လွဲအပ်မည်ဟုလည်း ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီခန့်ဝန်ကြီးနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တက်ရောက်ခဲ့သော်လည်း စစ်ရှောင်စခန်းအတွက် ထောက်ပံ့ခဲ့မှု မရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မိုင်းနားကေဘီစီစစ်ရှောင်စခန်းတွင်လည်း တွေ့ဆုံမှု တစ်နာရီကြာတွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေး အားလုံးထိုးရန် ညွှန်ကြားခဲ့ကြောင်းလည်း အစည်းအဝေးတက်ရောက်ခဲ့သည့် စစ်ရှောင်ပြည်သူတစ်ဦးက ဆက်ပြောသည်။
“အမှာစကားကတော့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရယ်။ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေတယ်ဆိုတာရယ်။ စစ်ရှောင်တွေကို ကူညီထောက်ပံ့မယ်ဆိုပြီး အဲ့လိုလာပြောသွားတယ်။ မနက်ဖြန်လာမယ်ဆိုရင် ဒီနေ့လောက်မှ သိရတယ်။ ပြည်ထောင်စု ဝန်ကြီး လာမယ်ဆိုပြီး ဘဲပြောတယ်” ဟုပြောသည်။
မိုင်းနားစစ်ရှောင်ပြည်သူများ အားလုံးကိုယ်စား လူဦးရေ တစ်ရာခန့်သာ တွေ့ဆုံပွဲတက်ရောက်ခွင့်ရကြောင်း သူကပြောသည်။
ဒေါ်သက်သက်ခိုင်က ဂျိန်းဖော့ (ခခူး) ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် ဓာတ်ပုံများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့က ထွက်ပေါ်လာပြီး ကချင်လူထုအများစုက ပြက်ရယ်ပြုကြသည်ကို တွေ့ရသည်။
စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်သည် မိုင်းနား စစ်ရှောင်စခန်းအပြင် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ဘုရားကိုလည်း သွားရောက်ခဲ့ပြီး ၎င်းတက်ရောက်ဖွင့်လှစ်ပေးမည့် မြစ်ကြီးနားမြို့ အေးမြသာယာအဆင့်မြှင့်ဈေးသစ် အနီး၊ လမ်းသွယ်(၉)တွင်လည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ကချင်စစ်ရှောင်များကို မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့သည်ဟုပြောဆိုခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌဖြစ်သူ ဒေါသက်သက်ခိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ The 74 Media
Photo – CJ
Zawgyi
မဲမသမာမႈေၾကာင့္ အာဏာသိမ္းခဲ့ေၾကာင္း ကခ်င္စစ္ေရွာင္မ်ားကို ေဒၚသက္သက္ခိုင္ေျပာ
ကခ်င္ျပည္နယ္ ေရာက္ရွိခဲ့သည့္ လူကယ္ျပန္ဝန္ႀကီးက ဝိုင္းေမာ္ၿမိဳ႕ရွိ စစ္ေရွာင္မ်ားႏွင့္ေတြ႕ဆုံစဥ္ ေရြးေကာက္ပြဲတြင္ မဲသမာမႈမ်ားေၾကာင့္ စစ္တပ္က နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ျခင္းျဖစ္သည္ဟု ေျပာဆိုေၾကာင္း သိရသည္။
ဝိုင္းေမာ္ၿမိဳ႕၊ မိုင္းနားေက်းရြာရွိ စစ္ေရွာင္စခန္းႏွစ္ခုတြင္ ေရာက္ရွိစဥ္ စစ္ေကာင္စီ၏ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒၚသက္သက္ခိုင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္ဟု ေတြ႕ဆုံပြဲတက္ေရာက္ခဲ့သည့္ စစ္ေရွာင္ျပည္သူတစ္ဦးက ေျပာသည္။
“မဲမသမာမႈေၾကာင့္ အေရးေပၚ ထိန္းသိမ္းရတဲ့အေၾကာင္း။ ေရြးေကာက္ပြဲလုပ္ၿပီးမွ နိုင္တဲ့ပါတီကို အစိုးရျပန္လုပ္မယ္ဆိုတဲ့အေၾကာင္း။ စစ္ေရွာင္ေတြကို တတ္နိုင္သေလာက္ကူညီမယ္ဆိုတဲ့အေၾကာင္း။ သူမိန႔္ခြန္းမွာလည္းပါတယ္ေလ လက္ရွိ အခင္းအက်င္းကိုလည္း ခ်ျပတဲ့သေဘာပါ” ဟုေျပာသည္။
ေရြးေကာက္ပြဲျပန္လည္က်င္းပၿပီးလၽွင္ အနိုင္ရရွိသည့္ ပါတီအား အာဏာ ျပန္လည္လြဲအပ္မည္ဟုလည္း ေျပာဆိုခဲ့ေၾကာင္း သူက ဆက္ေျပာသည္။
စစ္ေကာင္စီခန႔္ဝန္ႀကီးႏွင့္အတူ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္တက္ေရာက္ခဲ့ေသာ္လည္း စစ္ေရွာင္စခန္းအတြက္ ေထာက္ပံ့ခဲ့မႈ မရွိခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ မိုင္းနားေကဘီစီစစ္ေရွာင္စခန္းတြင္လည္း ေတြ႕ဆုံမႈ တစ္နာရီၾကာေတြ႕ဆုံမႈအတြင္း ကိုဗစ္ကာကြယ္ေဆး အားလုံးထိုးရန္ ညႊန္ၾကားခဲ့ေၾကာင္းလည္း အစည္းအေဝးတက္ေရာက္ခဲ့သည့္ စစ္ေရွာင္ျပည္သူတစ္ဦးက ဆက္ေျပာသည္။
“အမွာစကားကေတာ့ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ရယ္။ ၿငိမ္းခ်မ္းေရး အတြက္ ေဆြးေႏြးေနတယ္ဆိုတာရယ္။ စစ္ေရွာင္ေတြကို ကူညီေထာက္ပံ့မယ္ဆိုၿပီး အဲ့လိုလာေျပာသြားတယ္။ မနက္ျဖန္လာမယ္ဆိုရင္ ဒီေန႔ေလာက္မွ သိရတယ္။ ျပည္ေထာင္စု ဝန္ႀကီး လာမယ္ဆိုၿပီး ဘဲေျပာတယ္” ဟုေျပာသည္။
မိုင္းနားစစ္ေရွာင္ျပည္သူမ်ား အားလုံးကိုယ္စား လူဦးေရ တစ္ရာခန႔္သာ ေတြ႕ဆုံပြဲတက္ေရာက္ခြင့္ရေၾကာင္း သူကေျပာသည္။
ေဒၚသက္သက္ခိုင္က ဂ်ိန္းေဖာ့ (ခခူး) ရိုးရာဝတ္စုံကို ဝတ္ဆင္ထားသည့္ ဓာတ္ပုံမ်ား ေဖ့စ္ဘုတ္လူမႈကြန္ရက္ေပၚတြင္ ယမန္ေန႔က ထြက္ေပၚလာၿပီး ကခ်င္လူထုအမ်ားစုက ျပက္ရယ္ျပဳၾကသည္ကို ေတြ႕ရသည္။
စစ္ေကာင္စီဝန္ႀကီး ေဒၚသက္သက္ခိုင္သည္ မိုင္းနား စစ္ေရွာင္စခန္းအျပင္ မိုင္းနားေက်းရြာရွိ ေရႊမိုးေတာင္ဘုရားကိုလည္း သြားေရာက္ခဲ့ၿပီး ၎တက္ေရာက္ဖြင့္လွစ္ေပးမည့္ ျမစ္ႀကီးနားၿမိဳ႕ ေအးျမသာယာအဆင့္ျမႇင့္ေဈးသစ္ အနီး၊ လမ္းသြယ္(၉)တြင္လည္း မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။
ကခ်င္စစ္ေရွာင္မ်ားကို မဲမသမာမႈေၾကာင့္ အာဏာသိမ္းခဲ့သည္ဟုေျပာဆိုခဲ့သည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ဥကၠဌျဖစ္သူ ေဒါသက္သက္ခိုင္သည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ PPP ပါတီကိုယ္စားျပဳၿပီး ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ့္ခဲ့သည္။The 74 Media
Photo – CJ