နွေဦးတော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲလို့ မေးလာသူတွေကို ပြန်ဖြေချင်ပါတယ် ။ နွေဦးတော်လှန်ရေး
အောင်မြင်ပြီးဆုံးဖို့ မကြာတော့ပါဘူး ။ စစ်ကောင်စီ သက်တမ်း ဘယ်နှစ်ရက် ကျန်သေးလဲလို့ စောင့်ကြည့်ရုံပါပဲ ။
ကောင်းပြီ ။ ဘာ့ကြောင့် ဒီလိုပြောနိုင်သလဲ … ?ဟုတ်ကဲ့ …၊ သံတမန်နည်းလမ်းအရ ၁၀၀ % အောင်မြင်လာလို့ပါ ။
အာဏာသိမ်းခါစက ပိုစ့်တစ်ခုမှာ ရေးခဲ့ပါတယ် ။ ” ဒေါက်တာဆာဆာ ကုလကိုရောက်သွားတာဟာ ပြည်သူတွေအတွက်
သိပ်ကို အားရှိစရာကောင်းတယ် ။ ပြည်တွင်းက G-Z တွေနဲ့ ပြည်သူတွေက တော်လှန်ရေး နည်းလမ်းနဲ့ ပြည်သူ့ဆန္ဒကို
ထုတ်ဖော်နေချိန်မှာ ဒေါက်တာဆာဆာက ( diplomacy ) သံတမန်ပရိယာယ်နဲ့ ကြိူးစားပါလိမ့်မယ် ။ သံတမန်နည်းလမ်းက
အချိန်တော့ ပေးရပါမယ် ။ ” လို့ ရေးခဲ့ဘူးပါတယ် ။စာရေးသူဟာ ဒေါက်တာဆာဆာရဲ့ သံတမန်နည်းလမ်းကို အပြည့်အဝ
ယုံကြည်သူမို့ ဒီတော်လှန်ရေးကို နိုင်ငံတကာသတင်းတွေ စောင့်ကြည့်နေပြီး စိတ်ဓာတ်ခွန်အားတွေ ပေးပါတယ် ။
ဒီရက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေးဟာ ကမ္ဘာ့မျက်နှာစာမှာ ၁၀၀ % အောင်မြင်နေပါပြီ ။
မနေ့က ကုလအတွင်းရေးမှုးက ” သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းစည်း ထိန်းသိမ်းထားသူ အားလုံးကို
ချက်ချင်းလွှတ်ဖို့ အမိန့်ထုတ်လိုက်တယ် ။ ( NOW ) အခုချက်ချင်းလွှတ် ဆိုတာက အမိန့်ပါ ။ ဘာ့ကြောင့် ဒီလို
ချက်ချင်းလွှတ်ခိုင်းရသလဲဆိုရင် ၊ အမိန့်မနာခံရင် အရေးယူဖို့ ပြင်ဆင်ထားလို့ နိုင်ငံတကာ သိအောင် လုပ်ထုံးလုပ်နည်းအရ
စတိတ်မန့်ထုတ်တဲ့ သဘောပါပဲ ။ဒီလိုအမိန့်ပေးနိုင်အောင် ဘာတွေပြင်ဆင်ထားသလဲဆိုရင် ၊ ကမ္ဘာပေါ်က နိုင်ငံရေး ၊
စစ်ရေး ပြဿနာတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သံတမန်နည်းလမ်း ( သို့မဟုတ် ) စစ်ရေးမစ်ရှင်နဲ့ ဖြေရှင်းနိုင်ဖို့ မတည်ရံပုံငွေ
သတ်မှတ်လိုက်တာပါ ။ ဒီရံပုံငွေအတွက် နော်ဝေးနိုင်ငံက အဆိုတင်သွင်းခဲ့ပြီး ၊ အဖွဲ့ဝင် နိုင်ငံအားလုံးက
ထောက်ခံထားပါတယ် ။ မတည်ရံပုံငွေက အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ပါ ။ကုလလက်အောက်ခံ
( Peacekepping ) ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး အဖွဲ့အတွက် အသုံးပြုပါမယ် ။ ပြဿနာတစ်ခုကို သံတမန်နည်းလမ်း
( သို့မဟုတ် ) စစ်ရေးနဲ့ ဖြေရှင်းမှာပါ ။ ဖြေရှင်းဖို့ နိုင်ငံတွေကတော့ အီသီယိုပီးယား ၊ ဆီးရီးယား ၊ ယီမင် ၊ မြန်မာ ၊
တရုပ်နဲ့ လတ်တလော ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေပါ ။ ဒေါ်လာ ၆ ဘီလီယံကျော်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၊
၂၀၂၂ ခုနှစ် ဇူလိုင်လအထိ အသုံးပြုပါမယ် ။လွန်ခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်လွှတ်တော်မှာ NUG ကို အသိအမှတ်ပြုဖို့
၉ ၅ % သေချာနေပါပြီ ။ ချက်သမ္မတနိုင်ငံက အသိအမှတ် ပြုထားပါတယ် ။ သူတို့ရဲ့အနောက်ကနေ ကမ္ဘာသိ ကြေငြာမယ့်
နိုင်ငံတွေကတော့ အမေရိကန် ၊ ကနေဒါ ၊ ဂျာမနီ ၊ အင်္ဂလန် ၊ ဂျပန် ၊ ကိုရီးယား ၊ သြစတေးလျ ၊ မလေးရှား ၊ အင်ဒို ၊
ဖိလစ်ပိုင်နဲ့ အီးယူ နိုင်ငံတွေပါ ။နောက်ထပ် သေချာပေါက် အောင်မြင်တဲ့ နည်းလမ်းကတော့ ပြည်သူ့ကိုယ်စားပြု
NUG အစိုးရကို ကုလအဖွဲ့က တရားဝင် အစိုးရအဖြစ် ကြေငြာပါတော့မယ် ။ ဒီကြေငြာချက်ဟာ စက်တင်ဘာလထဲမှာ
ကျင်းပမယ့် ( ၇၆ ) ကြိမ်မြောက် ကုလညီလာခံမှာ ဖြစ်ဖို့များပါတယ် ။ ဘာ့ကြောင့် ဒီလို ပြောနိုင်သလဲဆိုရင် ၊
စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ်နဲ့ ကုလအဖွဲ့က မဆက်ဆံတော့ပါဘူး ။ ကုလ အစည်းအဝေးတွေမှာ
မြန်မာကိုယ်စားပြုသူအဖြစ် လက်မခံတော့တာပါ ။( ၇၆ ) ကြိမ်မြောက် ကုလညီလာခံဟာ အမေစုရဲ့ အသက်နဲ့လည်း
တိုက်ဆိုင်နေလို့ အမေစုရဲ့ ဘုန်းတန်ခိုးဟာ အရှိန်ညီးညီး တောက်ပလာလပါလိမ့်ဦးမယ် = ဒါကတော့ စာရေးသူရဲ့
ပုဂ္ဂိုလ်ရေး လေးစားမှု့ သုံးသပ်ချက်ပါ ) ။ဆိုရရင် ….၊ diplomat ဟာ သိပ်ကို အရေးပါလှပါတယ် ။
ဘာ့ကြောင့်လည်းဆိုတော့ ကမ္ဘာကြီးဟာ နိုင်ငံများစွာနဲ့ ဖွဲ့စည်းထားတာပါ ။ ဒီနိုင်ငံတွေကို ကုလအဖွဲ့ကြီးက
အသိအမှတ်ပြုရပါတယ် ။ နိုင်ငံတစ်ခုကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကို နိုင်ငံတကာက အသိအမှတ်ပြုမှသာ
သံတမန်ဆက်သွယ်ပါတယ် ။ နိုင်ငံအချင်းချင်း နိုင်ငံရေး ၊ စီးပွားရေး ၊ ကဏ္ဍမျိူးစုံ ဆက်ဆံနိုင်ပါတယ် ။
အာဏာသိမ်းခါစက စစ်ကောင်စီဟာ သူ့ကို အသိအမှတ်ပြုဖို့ တရုပ် ၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေကို ချည်းကပ်ဖို့
အသည်းအသန် ကြိူးစားခဲ့တာ ၊ ကြိူးစားနေတာ သိကြမှာပါ ။ ဒါဟာ သိပ်ကို အရေးကြီးတဲ့ သံတမန်နည်းလမ်းပါ ။
၈၈ အပြီးမှာ နဝတဖွဲ့ပြီး ကုလနဲ့နိုင်ငံတကာ က အသိအမှတ်ပြုအောင် လုပ်လိုက်တဲ့အချိန်မှာ ပြည်သူတွေ ဘာမှ
မတတ်နိုင်တော့ပဲ လက်လျှော့ခဲ့ရပါတယ် ။ အခုတစ်ခါလည်း ဒီလိုပါပဲ ။ သို့ပေမယ့် ဒေါက်တာဆာဆာနဲ့ NUG ရဲ့
သံတမန်ပရိယာယ်တွေဟာ စစ်ကောင်စီကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်ပါပြီ ။သံတမန်အရေးမှာ
အောင်မြင်လာတဲ့အတွက် ၊ လက်ကျန် တင်းခံနေသူတွေကို စစ်ရေးနဲ့ဖြေရှင်းတဲ့အခါမှာတော့ ပေါက်စိန်နဲ့
ပေါက်စရာ မလိုတော့ပါဘူး ။ PDF က တာဝန်ယူပါလိမ့်မယ် ။ နိုင်ငံတကာက ကူညီပါလိမ့်မယ် ။အနှစ်ချုပ်ရရင် ၊
NUG ရဲ့ သံတမန်နည်းလမ်း အောင်မြင်ဖို့အတွက် တော်လှန်ရေးကို ဇွဲရှိရှိနဲ့ ဒုက္ခခံ တော်လှန်နေတဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေ ၊ စီဒီအမ်ဝန်ထမ်းတွေနဲ့ ပြည်သူ့တော်လှန်ရေးသမားတွေရဲ့ ကြိူးစားမှု့ဆိုတာ အသေအချာပါပဲ ။
ဒီတော့ …၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ၊ စစ်ကောင်စီသက်တမ်း ဘယ်နှစ်ရက် ကျန်ဦးမလဲ ဆိုတာကို
လက်ချိူး ရေတွက်ရုံပါပဲ ။ စစ်ကောင်စီဟာ နိုင်ငံတကာ သံတမန်အရေးမှာ 100 % ရှုံးနိမ့်သွားပါပြီ ။
ဘကြီးအောင် LA