ၾကားသိသမွ်

အာစီယံ အစည်းအဝေးလာတက်ကြဖို့ ဟွန်ဆန် တောင်းပန်

အစည်းအဝေးလာတက်ကြဖို့ ဟွန်ဆန်က စင်ကာပူဝန်ကြီးချုပ်ကို တောင်းပန်

(ယူနီကုတ်ဖြင့် ဖတ်မရပါက အောက်မှ ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုပါရန်)

ဟွန်ဆန် က စင်ကာပူဝန်ကြီးချုပ်Lee Hsien Loong ကို ဒီကနေ့ အွန်လိုင်းကဆက်သွယ်ပြီး အစည်းအဝေးလုပ်ခဲ့ပါသည်။

အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

”ကျနော် နေပြည်တော်သွားရခြင်းရည်ရွယ်ချက်က………”

” ကျနော် သူတို့နဲ့ပြောခဲ့တာက……..”

” နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးပြန်လုပ်ဖို့ စီစဉ်နေပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အဓိကဆွေးနွေးဖို့ပါ။

လူချင်းတွေ့ဆုံတာက ပိုရင်းနှီးပွင့်လင်းလို့ပါ။

လာတက်နိုင်တဲ့အချိန်ညှိပြီး နိုင်ငံခြားရေးဝန်ကြီးကို လွှတ်စေချင်ပါတယ်” (ဟွန်ဆန်)

” နေပြည်တော်ခရီးစဉ်ကို ရှင်းပြလို့ ကျေးဇူးတင်ပါတယ်။

သတင်းတွေကတဆင့်တော့ သိပြီးပါပြီ။

အာဆီယံအလှဲ့ကျဥက္ကဌတာဝန်ကို ကမ်ဘောဒီးယားက ယူထားတာ ကန့်ကွက်စရာမရှိပါ။

မြန်မာ့အရေးကတော့ ရှင်းပါတယ်။

ဘုံ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ဖို့ပါပဲ။

အဲဒါတွေအကောင်အထည်ဖေါ်ရင် ကျန်တာတွေ အဆင်ပြေမှာပါ” (Lee Hsien Loong)

Zawgyi
















BNN