ၾကားသိသမွ်

အင်္ဂါဂြိုလ်လေ့လာရေးအတွက် သမိုင်းမှာ ပထမဆုံးအင်္ဂါဂြိုလ်ပေါ်မှာ ပထမဆုံးပျံသန်းနိုင်တဲ့ Ingenuity ရဟတ်ယာဉ်ကို ဦးဆောင် တီထွင်သူမမီမီအောင်(မြန်မာတွေ မညံ့ဘူးဆိုတာကို မမီမီအောင်က ကမ္ဘာသိအောင် ပြလိုက်ပြီ)

မြန်မာတွေ မညံ့ဘူးဆိုတာကို မမီမီအောင်က ကမ္ဘာသိအောင် ပြလိုက်ပြီ။ အမေရိကန်မှာနေတာဆိုတော့လဲ

သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်က တကူးတက ဖုန်းခေါ်ပြီး ချီးကျူးကားပြောရတယ်။ နောက် မမီမီအောင်

တီထွင်ထားတဲ့ ရဟတ်ယာဉ်ပုံစံလေးလဲ သမ္မတက အသေအချာ ကြည့်ရှု လေ့လာခဲ့တယ်။

သူများနိုင်ငံတွေမှာ ထူးချွန်သူကို အဲဒီလို ချီးကျူး ဂုဏ်ပြုကြတာ။ တို့နိုင်ငံနဲ့များကွာပ။

သူလို ထူးချွန်တဲ့ တတ်သိပညာရှင် မြန်မာလူမျိုးတွေ အမေရိကန်နဲ့ နိုင်ငံတကာမှာ အများကြီးရှိကြတယ်။

ဒါပေမယ့် ဒါဟာ တနိုင်ငံလုံးမှာရှိတဲ့ လူဦးရေနဲ့ယှဉ်လိုက်ရင် လူနည်းစုဘဲ ဖြစ်နေသေးတယ်။

လုပ်ခွင့်သာပေးလိုက်စမ်းပါ၊ မမီမီအောင်လို ထူးချွန်တဲ့ မြန်မာတွေ အများကြီး ထပ်ပေါ်ထွက်လာမယ်။

အနာဂတ်ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ဖိထားတယ်၊ ချုပ်နှောင်ဖမ်းဆီးပြီး

သူတို့တွေရဲ့ ပညာရေးစံနစ် ရိုက်ချိုးခံရမယ်ဆိုရင်တော့ တိုင်းပြည်လဲ ဘယ်တော့မှ တိုးတက်လာမှ

ာ မဟုတ်ဘူး။ အခုအခြေအတိုင်း ဆက်သွားမယ်ဆိုရင်တော့ နိုင်ငံတကာမှာ ရင်ဘောင်

တန်းနိုင်ဖို့ဆိုတာတော့ အဝေးကြီးဘဲ။ အင်္ဂါဂြိုလ်လေ့လာရေးအတွက် သမိုင်းမှာ ပထမဆုံး

အင်္ဂါဂြိုလ်ပေါ်မှာ ပထမဆုံးပျံသန်းနိုင်တဲ့ Ingenuity ရဟတ်ယာဉ်ကို ဦးဆောင် တီထွင်သူဟာ

မမီမီအောင်ဖြစ်တာကြောင့် ဒီအတွက် NASA အမေရိကန်အာကာသစူးစမ်းလေ့လာရေးဌာကြီးအတွက်

အောင်မြင်မှုတခုထဲမဟုတ်ဘဲ၊ လူသားအားလုံးရဲ့ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့တာမို့ ဒါကို ကြားသိရတဲ့

တကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာတွေအတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။

လက်ထဲမှာကိုင်ထားတဲ့စာရွက်ကို ဆုတ်ဖြဲနေတဲ့ပုံကတော့ – မူလ စီစဉ်ထားတဲ့အတိုင်း

ရဟတ်ယာဉ်ပျံသန်းရေး အစီအစဉ် မအောင်မြင်ခဲ့ရင်၊ ဒုတိယအစီအစဉ်အဖြစ်နဲ့ ပျံသန်းဖို့

ပြင်ဆင်ထားတဲ့ စီမံကိန်း စာရွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပထမအစီအစဉ်အတိုင်း

အောင်မြင် ထမြောက်သွားတဲ့အတွက် စာရွက်ကို ဆုတ်ဖြဲလိုက်တာပါ။

***(မမီမီအောင်ရဲ့ အင်တာဗြူးကို ပူးတွဲပါ Link ၂ ခုမှာ ကြည့်နိုင်ပါတယ်။)

https://burmese.voanews.com/…/iv-mi-mi…/5568903.html

https://www.facebook.com/CBSEveningNews/videos/239511997907090

Via Mrmoeaung