NUG ငွေတိုက်စာချုပ် နှစ်ပတ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖိုးခန့် ရောင်းချနိုင်
ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တာအတွင်းမှာ ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းနီးပါး ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
“ကျနော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းတင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃ ဒသမ ၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေ ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်း ချနေတာ ဖြစ်ပါတယ်။
အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော် လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူတဲ့သူတွေ မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်။ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက် ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်။”
ဒါ့အပြင် ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟဿ မဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ လုံးဝ တာဝန်ယူ/တာဝန်ခံကြောင်းလည်း NUG ဝန်ကြီးက ပြောပါတယ်။
မျိုးဆက်သစ်တွေအတွက် မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက်
အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေဖို့ ငွေတိုက်စာချုပ်များကို စွမ်းသမျှ ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းပါတယ်။
ကျနော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ..။
(အခြေအနေအရ) အရင်လို အုတ်အော်သောင်းနင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်..။
ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော်လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူတဲ့သူတွေ
မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်..။
ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်..။
ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟဿမဖြစ်သလို
အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ ကျနော်တို့လုံးဝ တာဝန်ယူ/တာဝန်ခံပါတယ်..။
အကြောင်းကြောင်းကြောင့် ကျယ်ပြန့်စွာ(အတတ်နိုင်ဆုံး) ချင့်ချိန်ပြီး ပွင့်လင်းမြင်သာစွာ အသိပေးချပြနိုင်ခြင်း
(လတ်တလော)မရှိနိုင်သေးတာကိုလည်း နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်..။
သေချာတာ တစ်ခုကတော့..
ငွေတိုက်စာချုပ် ဝယ်ယူမှုဟာ တော်လှန်ရေးအတွက် ထိရောက်တဲ့ အရွေ့တစ်ခုကို ဆောင်ကျဉ်းပေးလာနေပါပြီဆိုတဲ့ အချက်ပါပဲ..။
ကျနော်တို့မျိုးဆက်များအတွက်..မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပျောက်ကွယ် သွားစေရေးအတွက်..
အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေရန် ငွေတိုက်စာချုပ်များကို
စွမ်းသမျှ ဝယ်ယူပေးကြပါလို့ လေးနက်စွာ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်..။
နိုင်ငံတကာရှိ ငွေတိုက်စာချုပ်အရောင်းကိုယ်စားလှယ်-တော်လှန်ရေးအင်အားစုများ၏ စာရင်းကို ဒီကနေ့ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။
တချို့ အရောင်းကိုယ်စားလှယ်များကတော့ အခြေအနေအရ-သက်ဆိုင်ရာနိုင်ငံများ၏ အကန့်အသတ်များအရ ပေါ်ပေါ်တင်တင်
ကိုယ်စားလှယ်အဖြစ် မကြော်ငြာနိုင်သည့်တိုင် မိမိတို့ယခင်က ယုံကြည်ရင်းစွဲရှိခဲ့သူများဖြစ်ခဲ့လျှင်လည်း စိတ်ချလက်ချ ဆက်လက်ဝယ်ယူနိုင်ပါသည်..။
ထို့ကြောင့် အဆိုပါ ကိုယ်စားလှယ်များထံသို့ ယုံကြည်စွာဆက်သွယ်ပြီး
မိမိတို့ ပါဝင်နိုင်သမျှဝယ်ယူပေးကြပါလို့ ထပ်လောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်..။
“အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့”
“အရေးတော်ပုံ အောင်နေပြီ”
Zawgyi
NUG ေငြတိုက္စာခ်ဳပ္ ႏွစ္ပတ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၆ သန္းဖိုးခန႔္ ေရာင္းခ်နိုင္
ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္တာအတြင္းမွာ ေငြတိုက္စာခ်ဳပ္ အေမရိကန္ေဒၚလာ ၃ ဒသမ ၆ သန္းနီးပါး ေရာင္းခ်နိုင္ခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊ စီမံကိန္းဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ေျပာပါတယ္။
“က်ေနာ္တို႔ ေငြတိုက္စာခ်ဳပ္ေတြကို အခု ျပန္ေရာင္းေနတာ ၂ ပတ္ ရွိသြားပါၿပီ။ (အေျခအေနအရ) အရင္လို အုတ္ေအာ္ေသာင္းတင္း ေၾကာ္ျငာၿပီး မေရာင္းေပမယ့္ ၂ ပတ္အတြင္းမွာ ေဒၚလာ ၃ ဒသမ ၆ သန္းနီးပါး ေရာင္းခ်နိုင္ခဲ့ပါတယ္။”
အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က ေႏြဦးေတာ္လွန္ေရး အထူးေငြတိုက္စာခ်ဳပ္ေတြ ကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာ ၂၂ ရက္ေန႔က စတင္ကာ ဥပေဒနဲ႔အညီ ထုတ္ေဝေရာင္း ခ်ေနတာ ျဖစ္ပါတယ္။
အခုလို အထူးေငြတိုက္စာခ်ဳပ္ေတြကို ေတာ္လွန္ေရးအစိုးရတရပ္က အတိုးမဲ့ ထုတ္ေဝ ေရာင္းခ်တာဟာ ကမၻာ့သမိုင္းမွာေတာ့ ပထမဆုံးအႀကိမ္ျဖစ္လာခဲ့ၿပီး ဖက္ဒရယ္ဒီမိုကေရ စီစနစ္ကို လိုလားတဲ့ ျမန္မာျပည္သူေတြက စစ္အာဏာရွင္ကို အဆုံးစြန္ ဆန႔္က်င္အာခံ ေတာ္လွန္ခဲ့တဲ့ သမိုင္းေမာ္ကြန္းအျဖစ္ ခမ္းနားစြာထင္ရွား က်န္ရစ္ခဲ့မွာျဖစ္တယ္လို႔ ဆိုပါ တယ္။
ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က “ယခုအခ်ိန္အထိ ေရာင္းရေငြအားလုံးကို ေတာ္ လွန္ေရးေအာင္စိတ္နဲ႔ စိတ္ပိုင္းျဖတ္ယုံၾကည္စြာ ဝယ္ယူတဲ့သူေတြ ေမၽွာ္လင့္တိမ္းညႊတ္တဲ့ ရည္ရြယ္ရာဆီကို လက္ထဲပူေအာင္မထားဘဲ စနစ္တက်ေပးပို႔ စီမံခန႔္ခြဲလ်က္ ရွိပါတယ္။ ယခင္ကထက္ ပိုမိုထိေရာက္တဲ့ ေတာ္လွန္ေရးလိုအပ္ခ်က္ကို ျဖည့္ဆည္းေပး နိုင္လ်က္ ရွိေနၿပီဆိုတာကိုလည္း သတင္းေကာင္းပါးလိုပါတယ္။”
ဒါ့အျပင္ ျပည္သူေတြ အားထည့္ဝယ္ယူထားတဲ့ တစ္က်ပ္တစ္ျပားကစလို႔ လုံးဝ အလဟႆ မျဖစ္သလို အေလလြင့္အဆုံးအရႈံးလည္း မရွိဘူးဆိုတာကို ေတာ္လွန္ေရးသစၥာနဲ႔ လုံးဝ တာဝန္ယူ/တာဝန္ခံေၾကာင္းလည္း NUG ဝန္ႀကီးက ေျပာပါတယ္။
မ်ိဳးဆက္သစ္ေတြအတြက္ ျမန္မာ့ေျမေပၚက အၾကမ္းဖက္စစ္အာဏာရွင္စနစ္ လုံးဝ ခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္သြားေစေရးအတြက္
အဓိကလိုအပ္ခ်က္ျဖစ္တဲ့ ဘ႑ာရန္ပုံေငြ ရရွိေစဖို႔ ေငြတိုက္စာခ်ဳပ္မ်ားကို စြမ္းသမၽွ ဝယ္ယူေပးၾကဖို႔လည္း တိုက္တြန္းပါတယ္။
က်ေနာ္တို႔ ေငြတိုက္စာခ်ဳပ္ေတြကို အခု ျပန္ေရာင္းေနတာ ၂ ပတ္ ရွိသြားပါၿပီ..။
(အေျခအေနအရ) အရင္လို အုတ္ေအာ္ေသာင္းနင္း ေၾကာ္ျငာၿပီး မေရာင္းေပမယ့္ ၂ ပတ္အတြင္းမွာ ေဒၚလာ ၃.၆ သန္းနီးပါး ေရာင္းခ်နိုင္ခဲ့ပါတယ္..။
ယခုအခ်ိန္အထိ ေရာင္းရေငြအားလုံးကို ေတာ္လွန္ေရးေအာင္စိတ္နဲ႔ စိတ္ပိုင္းျဖတ္ယုံၾကည္စြာ ဝယ္ယူတဲ့သူေတြ
ေမၽွာ္လင့္တိမ္းညႊတ္တဲ့ ရည္ရြယ္ရာဆီကို လက္ထဲပူေအာင္မထားဘဲ စနစ္တက်ေပးပို႔ စီမံခန႔္ခြဲလ်က္ ရွိပါတယ္..။
ယခင္ကထက္ ပိုမိုထိေရာက္တဲ့ ေတာ္လွန္ေရးလိုအပ္ခ်က္ကို ျဖည့္ဆည္းေပး နိုင္လ်က္ရွိေနၿပီဆိုတာကိုလည္း သတင္းေကာင္းပါးလိုပါတယ္..။
ျပည္သူေတြ အားထည့္ဝယ္ယူထားတဲ့ တစ္က်ပ္တစ္ျပားကစလို႔ လုံးဝ အလဟႆမျဖစ္သလို
အေလလြင့္အဆုံးအရႈံးလည္း မရွိဘူးဆိုတာကို ေတာ္လွန္ေရးသစၥာနဲ႔ က်ေနာ္တို႔လုံးဝ တာဝန္ယူ/တာဝန္ခံပါတယ္..။
အေၾကာင္းေၾကာင္းေၾကာင့္ က်ယ္ျပန႔္စြာ(အတတ္နိုင္ဆုံး) ခ်င့္ခ်ိန္ၿပီး ပြင့္လင္းျမင္သာစြာ အသိေပးခ်ျပနိုင္ျခင္း
(လတ္တေလာ)မရွိနိုင္ေသးတာကိုလည္း နားလည္ခြင့္လႊတ္ေပးနိုင္ၾကမယ္လို႔ ေမၽွာ္လင့္ယုံၾကည္မိပါတယ္..။
ေသခ်ာတာ တစ္ခုကေတာ့..
ေငြတိုက္စာခ်ဳပ္ ဝယ္ယူမႈဟာ ေတာ္လွန္ေရးအတြက္ ထိေရာက္တဲ့ အေရြ႕တစ္ခုကို ေဆာင္က်ဥ္းေပးလာေနပါၿပီဆိုတဲ့ အခ်က္ပါပဲ..။
က်ေနာ္တို႔မ်ိဳးဆက္မ်ားအတြက္..ျမန္မာ့ေျမေပၚက အၾကမ္းဖက္စစ္အာဏာရွင္စနစ္ လုံးဝခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္ သြားေစေရးအတြက္..
အဓိကလိုအပ္ခ်က္ျဖစ္တဲ့ ဘ႑ာရန္ပုံေငြ ရရွိေစရန္ ေငြတိုက္စာခ်ဳပ္မ်ားကိုစြမ္းသမၽွ ဝယ္ယူေပးၾကပါလို႔ ေလးနက္စြာ အထူးေမတၱာရပ္ခံ တိုက္တြန္းလိုပါတယ္..။
နိုင္ငံတကာရွိ ေငြတိုက္စာခ်ဳပ္အေရာင္းကိုယ္စားလွယ္-ေတာ္လွန္ေရးအင္အားစုမ်ား၏ စာရင္းကို ဒီကေန႔ေၾကာ္ျငာေပးသြားမွာျဖစ္ပါတယ္။
တခ်ိဳ႕ အေရာင္းကိုယ္စားလွယ္မ်ားကေတာ့ အေျခအေနအရ-သက္ဆိုင္ရာနိုင္ငံမ်ား၏ အကန႔္အသတ္မ်ားအရ ေပၚေပၚတင္တင္
ကိုယ္စားလွယ္အျဖစ္ မေၾကာ္ျငာနိုင္သည့္တိုင္ မိမိတို႔ယခင္က ယုံၾကည္ရင္းစြဲရွိခဲ့သူမ်ားျဖစ္ခဲ့လၽွင္လည္း စိတ္ခ်လက္ခ် ဆက္လက္ဝယ္ယူနိုင္ပါသည္..။
ထို႔ေၾကာင့္ အဆိုပါ ကိုယ္စားလွယ္မ်ားထံသို႔ ယုံၾကည္စြာဆက္သြယ္ၿပီး မိမိတို႔ ပါဝင္နိုင္သမၽွဝယ္ယူေပးၾကပါလို႔ ထပ္ေလာင္း ေမတၱာရပ္ခံပန္ၾကားအပ္ပါတယ္..။
“အၾကမ္းဖက္စစ္တပ္ အျမစ္ျဖတ္ဖို႔ ေငြတိုက္စာခ်ဳပ္ဝယ္ၾကစို႔”
“အေရးေတာ္ပုံ ေအာင္ေနၿပီ”