နားထောင်ရင်း ကြက်သီးမွေးညင်းများပါထသွားစေတဲ့ “သေနတ်တွေကိုလုကြတော့”ကဗျာကို ရွတ်ပြနေတဲ့ နိုဗန်ထူး
အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်
“သေနတ်တွေကို လုကြတော့ သေနတ်တွေကို လုကြတော့”
လူသားတိုင်းမှာ
ခန္ဓာဗေဒ ၊ အဆောက်အအုံ
ဖွဲ့စည်းပုံမှ၊ ပြည့်စုံလေးနက်
လက်များကိုယ်စီ ရှိကြသည်တည့်။
သို့သော်တမူ
ပြည်သူပြည်သား ၊ လူအများတွင်
အပ်ဖျားသံစ ၊ စူးဆောက်မျှလျှင်
ရှိပင်မရှိ ၊ ကင်းမဲ့ဘိသည်
ရုပ်၏လက်တွေ့ အသွင်တည်း။
အာဏာကိုင်ချုပ်
အယုတ်တမာ၊ လူများစွာနှိုက်
ရန်ရှာပြုရန် ၊ မောင်းပြန်သေနတ်
ကျည်ယမ်းကပ်များ ။
ကိုင်ထားသောလက်
မကြည့်ရက်ပြီ ၊ သွေးစွန်းနီ၍
ပြည်သူပြည်သား ၊ လူအများကို
စိတ်ထားရက်စက် ၊ အကြမ်းဘက်၍
ပစ်လျက် သတ်ဖြတ်နေကြပြီ။
ပြည်သူတွေမှာ
မင်္ဂလာမဲ့ ၊ သေခဲ့ကြပြီ
ငုံ့ခံမည်လား ၊ ရန်သူများ၏
သွေးများစွန်းပေ ၊ သေနတ်တွေအား
ခါးခါးသီးသီး၊ လူအုပ်ကြီးနှင့်
စုစည်း၍သာ၊ လုကြပါလော့
မဟာအောင်ပွဲ ၊ သွေးနှင့်လဲတော့
အသဲမကြောင်ကြလေနှင့်။
ရန်သူကိုသာ
ငြိမ်းချမ်းစွာမူ ၊ အတူတကွ
ယှဉ်ပြိုင်ကြရန် ၊ တောင်းပန်လေငြား
အများပြည်သူ ၊ တိုက်ပွဲဟူသည်
သွေဖီလမ်းပြောင်း၊ အကြောင်းမလှ
ဒူးထောက်ရလိမ့် ၊ မစေ့စပ်ရေး
ဟစ်ကြွေးကာပင် ၊ ဆန့်ကျင်ခုခံ
အောင်လံသစ်ထူ ၊ ဘုံရန်သူအား
အများစုပေါင်း ၊ ဝိုင်း၍မောင်းထုတ်
ခေတ်ပြရုပ်မှာ မြေမြှုပ်သဂြိုလ်ကြပါစို့။
မောင်သင်းခိုင်(ပျဉ်းမနား)
ရုပ်သံကြည့်ရန်
# (ပျဉ်းမနားကဗျာဆရာများအသင်းက ထုတ်ဝေ
“တောမီး”စုပေါင်းကဗျာစာအုပ်မှ၁၉၆၃)
#ထောက်ပို့ဖိုက်တာ
Credi