ၾကားသိသမွ်

ကရင်ပြည်နယ်တိုက်ပွဲအတွင်း ရှေ့တန်းကို သက်စွန့်ဆံဖျား ရိက္ခာပို့ပေးနေတဲ့ DRPDN ထောက်ပို့အဖွဲ့

ကရင်ပြည်နယ်တိုက်ပွဲအတွင်း ရှေ့တန်းကို သက်စွန့်ဆံဖျား ရိက္ခာပို့ပေးနေတဲ့ DRPDN ထောက်ပို့အဖွဲ့

အောက်တွင်ရုပ်သံကြည့်ရန်

စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ဖို့ လူငယ်အများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ စစ်ပညာသင်ယူခဲ့ကျသည်။

စစ်ပညာသင်ယူနေသည့် PDFရဲဘော်များအတွက် ရိက္ခာနဲ့ လက်နက်များထောက်ပံပေးနေသည့် အဖွဲ့များထဲမှ ကရင်ပြည်နယ်တပ်မဟာ၆နယ်မြေအတွင်းက DRPDN ထောက်ပို့အဖွဲ့မှာလဲ တခုအပါဝင်ဖြစ်သည်။


“ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၅ရက်နေမှာ ရှေ့တန်းကရဲဘော်တွေအတွက် ရိက္ခာသွားပို့တာ စစ်ခွေးတွေက ကျနော့်တို့ကားကို လက်နက်ကြီးနဲ့ ပစ်တယ် အနီးအနားမှာကျတာ ကံကောင်းလို့မသေတာပေါ့နော်။ နောက်ပြီး ကားမှောက်ဖူးတယ်။

ဆေးရုံတတ်လိုက်ရတယ်။ အဲ့ဒီလိုဖြစ်ခဲ့တာပေါ့၊ အခုpdfကလေးတွေမှာ လက်နက်လုံလောက််မှုမရှိတော့ လက်နက်ဖိုးလိုတယ် အခုကျနော်တို့က ပိတ်မိနေတဲ့သူတွေကိုရအောင်ဆွဲထုတ်ပြီး ကယ်နေပါတယ်”ဟု DRPDN ထောက်ပို့အဖွဲ့ဝင် ဦ်းဝင်းကျော်မှ ပြောသည်။


အာဏာရှင်စနစ်တော်လှန်ရေးနှင့်ပြည်သူ့ကာကွယ်ရေးကွန်ယက်DRPDN အဖွဲ့ကို စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသည့် ပြည်တွင်း ပြည်ပနေပြည်သူများဖြင့်ဖွဲ့စည်းထားသည်။ Mizzima

Zawgyi

ကရင္ျပည္နယ္တိုက္ပြဲအတြင္း ေရွ႕တန္းကို သက္စြန႔္ဆံဖ်ား ရိကၡာပို႔ေပးေနတဲ့ DRPDN ေထာက္ပို႔အဖြဲ႕

ေအာက္တြင္႐ုပ္သံၾကည့္ရန္

စစ္တပ္မွအာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ကို တြန္းလွန္တိုက္ပြဲဝင္ဖို႔ လူငယ္အမ်ားအျပား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြထံ စစ္ပညာသင္ယူခဲ့က်သည္။

စစ္ပညာသင္ယူေနသည့္ PDFရဲေဘာ္မ်ားအတြက္ ရိကၡာနဲ႔ လက္နက္မ်ားေထာက္ပံေပးေနသည့္ အဖြဲ႕မ်ားထဲမွ ကရင္ျပည္နယ္တပ္မဟာ၆နယ္ေျမအတြင္းက DRPDN ေထာက္ပို႔အဖြဲ႕မွာလဲ တခုအပါဝင္ျဖစ္သည္။


“ၿပီးခဲ့တဲ့ ဒီဇင္ဘာ၂၅ရက္ေနမွာ ေရွ႕တန္းကရဲေဘာ္ေတြအတြက္ ရိကၡာသြားပို႔တာ စစ္ေခြးေတြက က်ေနာ့္တို႔ကားကို လက္နက္ႀကီးနဲ႔ ပစ္တယ္ အနီးအနားမွာက်တာ ကံေကာင္းလို႔မေသတာေပါ့ေနာ္။ ေနာက္ၿပီး ကားေမွာက္ဖူးတယ္။

ေဆး႐ုံတတ္လိုက္ရတယ္။ အဲ့ဒီလိုျဖစ္ခဲ့တာေပါ့၊ အခုpdfကေလးေတြမွာ လက္နက္လုံေလာက္္မႈမရွိေတာ့ လက္နက္ဖိုးလိုတယ္ အခုက်ေနာ္တို႔က ပိတ္မိေနတဲ့သူေတြကိုရေအာင္ဆြဲထုတ္ၿပီး ကယ္ေနပါတယ္”ဟု DRPDN ေထာက္ပို႔အဖြဲ႕ဝင္ ဦ္းဝင္းေက်ာ္မွ ေျပာသည္။


အာဏာရွင္စနစ္ေတာ္လွန္ေရးႏွင့္ျပည္သူ႔ကာကြယ္ေရးကြန္ယက္DRPDN အဖြဲ႕ကို စစ္အာဏာရွင္ဆန႔္က်င္ေတာ္လွန္ေနသည့္ ျပည္တြင္း ျပည္ပေနျပည္သူမ်ားျဖင့္ဖြဲ႕စည္းထားသည္။ Mizzima

ရုပ်သံကြည့်ရန်