ၾကားသိသမွ်

ဗိုလ်နဂါးနှင့် နိုင်ငံတကာရောက်မိတ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲ၌ အလှူရှင်များမှ (၅၈၅)သိန်းလှူဒါန်း

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် နိုင်ငံတကာရောက်မိတ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲ၌ အလှူရှင်များမှ (၅၈၅)သိန်းလှူဒါန်း။

၁၆.၁.၂၀၂၂

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးများ၊The Satellite for Myanmar Democracy နှင့် နိုင်ငံတကာရောက် မိတ်ဘက် အဖွဲ့အစည်းများ

တွေ့ဆုံပွဲ၌ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးအား အလှူရှင်များမှ (၅၈၅)သိန်းလှူဒါန်းပေးအပ်ခဲ့ပြီး လူသားချင်း စာနာထောက်ထားရေး

နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနမှလည်း စစ်ဘေးရှောင်များအတွက် သိန်း(၅၀) ထပ်မံပံ့ပိုးပေးခဲ့သည်။


၁၅.၁.၂၀၂၂ နေ့ ပမာဏ တွေ့ဆုံပွဲ၌

အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့ တက်ရောက်ခဲ့ပြီး ပုလဲ PDF ခေါင်းဆောင်

ဗိုလ်နဂါးမှ လက်ရှိ မြေပြင် အနေအထားနှင့် စစ်ဘေးရှောင် ပြည်သူများ၏ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ အဆိုပါနေ့၌ ပုလဲစစ်ဘေးရှောင်များအတွက် ကနဦးသိန်း(၅၀) ပေးပို့လှူဒါန်းခဲ့သည်။


၁၆.၁.၂၀၂၁ ဒုတိယနေ့ ထပ်မံတွေ့ဆုံသည့် အခမ်းအနားအား ရွှေဝါရောင် အရှင်ထာဝရနော်ဝေ (SMD) အဖွဲ့နှင့် ပြည်ပရောက်

Fundraiser အဖွဲ့များ ပူးပေါင်းကျင်းပခဲ့ပြီး လျှပ်စစ်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းနှင့် ပုလဲ PDF မှဗိုလ်နဂါးနှင့် အဖွဲ့

တက်ရောက်ခဲ့ကြပြီး မြေပြင်အခြေအနေ၊ နယ်မြေစိုးမိုးမှုနှင့် စစ်ဘေးရှောင် အခြေအနေများအား ဗိုလ်နဂါးမှ ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း

ပြောပြခဲ့သည်။


အဆိုပါ အလှူငွေ လှူဒါန်းပေးအပ်ပွဲ၌

#Justice Myanmar Team (OKAYAMA) သိန်း (၁၂၀)

#ဂျပန်ပြည်မှ တွဲလက်များ (၆၅)သိန်း

#May (New York) သိန်း (၆၀)

#ထိုင်းနိုင်ငံ AAC မဟာမိတ် အဖွဲ့ သိန်း (၅၀)

#ဒေါက်တာမြင့်ထွန်း Australia မှ သိန်း (၅၀)

#Mr.Win Pe (Australia) သိန်း (၅၀)

#V Camp သိန်း (၅၀)

#1 Dollar for Snack သိန်း (၅၀)

#MSGF (Myanmar Global Support Foundation သိန်း (၂၀)

#ယန်း ၁၀၀နေ့စဉ်လှူအဖွဲ့ သိန်း (၂၀)

#ကိုအောင်အေးဝင်း (LDB) Nagoya (၁၀)သိန်း

#Generation Y Japan (၁၀)သိန်း

#မပေါက်ပေါက် မခွါညိုနှင့် Tochigi လူငယ်များ (၁၀)သိန်း

#ဦးသာမည၊ ဦးဇေယျာဝင်း၊ ဒီမိုဝေယံ (The Satellite for Myanmar Democracy) (၁၀)သိန်း

#ဦးစိန် (NLD) O.C (၅)သိန်း

#ကိုထွန်းထွန်း+မချိုနွယ် (၅)သိန်း

ပေးအပ်ခဲ့ပြီး အဆိုပါတွေ့ဆုံ လှူဒါန်းပွဲအား မြန်မာစံတော်ချိန် ည၇:၀၀မှ ၉:၀၀ထိ ပြုလုပ်ခဲ့ကြသည်။

#စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲ PDFမှ ဗိုလ်နဂါးသည် နယ်မြေအတွင်း တိုက်ပွဲများအား အောင်မြင်စွာ ဦးဆောင် တော်လှန်နေပြီး

နယ်မြေစိုးမိုးမှုများအား ဒေသခံ ပြည်သူလူထုနှင့်အတူ လက်တွဲ အကောင် အထည်ဖောိနေသော အဖွဲ့ဖြစ်သည်။

အရေးတော်ပုံအောင်နေပြီ။

ပြည်သူနှင့်အတူ ဖယ်ဒရယ်ပြည်ထောင်စုသစ်ဆီသို့

သတင်း၊ ဓာတ်ပုံ
#DDay Channel