ဒီနေ့တော့ မိုးဟိန်းဆိုတဲ့ စစ်အောက်ဆွဲ သူတောင်းစားကို စီးရီးလိုက် ဆွဲမှာ။ အရင်ဆုံး ဒီကောင့်ရဲ့ကိုယ်ကျင့်တရားကို ပြောပြမယ်။
ဘာလို့သိလဲဆိုတော့ မနေ့က ပွဲမှာ သူဝန်ခံသွားသလို ကိုယ်က သူCEO လုပ်တဲ့ သူရိယနေဝန်း(အရင်သူရိယအလင်း) ဂျာနယ်ရဲ့
အယ်ဒီတာ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးလို့ပဲ။ အဲ့အချိန်က ကိုယ့်အသက်၂၂နှစ်ဝန်းကျင်ပေါ့။ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာတဲ့အချိန်မှာ
၈၈အရေးအခင်းမှာ ပြည်ပထွက်ပြေးခဲ့ရတဲ့ မြန်မာတွေကို ပြန်ဖိတ်ခေါ်ခဲ့တယ်။ မိုးဟိန်းဟာ အဲ့ဒီ့အချိန်မှာ မြန်မာပြည် ပြန်လာခဲ့တယ်။
သူက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ပါဆိုပြီး လူပိုသိအောင် ဦးကိုကိုကြီးတို့ဆီ အတင်းသွားတွေ့၊ ရုံးကို အတင်းခေါ်။
အဲ့တုန်းက ကေကျု မျက်နှာက သိပ်မကြည်မလင် အဖက်မတန်သလိုပုံစံဖြစ်နေတာကို ကိုယ်က ဘော်ဒါချင်း အဲ့လို
ဆက်ဆံစရာလားလို့တောင် တွေးမိသေးတယ်။ ဘယ်ဟုတ်မလဲ… ဟိုက အကြောင်းသိတာကိုး။ မိုးဟိန်းအနေနဲ့
ကိုယ်နဲ့အလုပ်အတူတူ လုပ်ခဲ့ဖူးတာ ကံဆိုးမှုပဲလို့ ပြောလို့ရတယ်။ ပိုကံဆိုးတာက သူက ကိုယ့်ကိုအသက်
၂၂နှစ်သာသာ ငချွတ်လေးလို့ သဘောထားပြီး လျှော့တွက်ခဲ့တာပဲ။
ဖော်စရာလိုလာတော့ ဖော်ရတာပေါ့။အဲ့အချိန် သူရိယအလင်းဂျာနယ်ဆိုပြီး လုပ်ဖို့ ရုံးခန်းငှါး၊ ဝန်ထမ်းခန့်ပြီး မိုးဟိန်းက
မြန်မာပြည်ရဲ့ ခရိုနီသူဌေးတွေဆီ ပတ်ပြီး Proposal တင်တယ်။ သူတို့ဆီက ငွေကြေးယူပြီး လက်ကိုင်တုတ်
မီဒီယာအဖြစ် ငွေပေးထားသူ မကျေနပ်တဲ့ ပြိုင်ဘက်ဖြစ်တဲ့ ခရိုနီကို အပုတ်ချဖို့။ Proposal မှာ အဲ့ခေတ်က
သိန်းတစ်ထောင်နဲ့ တင်ခဲ့တာ။ ထိပ်တန်းဘဏ်တစ်ခုရဲ့ ဥက္ကဌကြီးဆီ Proposal ကိုင်ပြီး ခြေသလုံးသွားဖက်
ပိုက်ဆံသွားတောင်းတဲ့အချိန်မှာ ဟော့ဒီ့အသက်၂၀ကျော် ငချွတ်မလေးကို Secretary ယောင်ယောင်ဘာယောင်ယောင်
အထာချိုးပြီး ခေါ်သွားခဲ့တာလေ။အဟင်း….အဲ့Proposal စာရွက်တွေကို အိုင်က မမြင်ခဲ့ဘူး ထင်ခဲ့လို့လား။
ပိုက်ဆံပေးခဲ့တဲ့ ခရိုနီသူဌေးကြီးနာမည်ကတော့ လိုအပ်မှ ထပ်ဖော်မယ်။ ဘာလို့ ပိုက်ဆံပေးခဲ့တာလဲဆိုတော့
ခရိုနီတေဇကို တိုက်ခိုက်ဖို့။ ခရိုနီချင်း ခွက်စောင်းခုတ်ရာမှာ လက်ကိုင်တုတ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့တဲ့
ဂျာနယ်။ ဂျာနယ်ထွက်စမှာ တေဇပုံတွေမျက်နှာဖုံးတင်ပြီး တောက်လျှောက်တိုက်ခိုက်ခဲ့တာ အမှန်တရားကို
မြတ်နိုးလို့ မဟုတ်ဘဲ ပိုက်ဆံရလို့နောက်ပိုင်းဂျာနယ်မှာ ရှယ်ယာအဖြစ် ပါဝင်လာသူတွေက အဲ့ခေတ်စစ်အစိုးရဝန်ကြီး
ဝင်းမြင့်ရဲ့သား ဇေယျာရွှေမြေဘောလုံးအသင်းပိုင်ရှင် သူရိန်ဝင်းမြင့်။ ပြီးတော့ လက်ရှိ Curvy ပိုင်ရှင်မတ်မတ်ရဲ့
ယောက်ျား ဒေါက်တာသစ်မင်းဆွေ။ ဘဘရွှေရဲ့ မြေးတော်လေး မျောက်လောင်းကို ခြေရာချင်းတိုင်းချင်တဲ့
ဝန်ကြီးသား အလိုကျမျောက်လောင်းကို မျက်နှာဖုံးတင် ဆော်ကြရကာနေ မျောက်လောင်းက ဝန်ကြီးသားကို
ခေါ်ကြိမ်း၊ ဝန်ကြီးသားကကျွတ်ကျဲပြီး မနက်ဖြန်ထွက်မယ့် ဂျာနယ်ကို မထုတ်နဲ့ အမိန့်ပေးရာကနေ ပွဲထဖြစ်။
ဝန်ကြီးသားက တင်းပြီး သူရှယ်ယာပါတဲ့ ဂျာနယ်တိုက်ကို ဝင်သိမ်း။ ဒါကို ဖိုးလပြည့်က ဂျာနယ်တိုက်ကို ဝင်သိမ်းပါတယ်လို့
ပြည်သူကို ငိုပြရာကနေ ဂျာနယ်က ပေါက်သွားတာ။ ဘာနိုင်ငံရေး ခံယူချက်မှ ရှိခဲ့တာ မဟုတ်ဘူး။
မြန်မာပြည်ပြန်လာကတည်းက ခရိုနီတွေနဲ့ ပူးစားပေါင်းစားဖို့ကြံစည်ပြီး ပြန်လာခဲ့တာ။
အဲ့အချိန်ကာလက ကိုယ့်အပြင် ကိုယ့်အစ်မဝမ်းကွဲ မအိမွန်ဆိုတဲ့ ခပ်လှလှကောင်မလေးက ရုံးအဖွဲ့မှာ အလုပ်လုပ်နေတာ။
ဘယ်သွားသွား ကိုယ်ရယ် အိမွန်ရယ်ကို လှတပတလေးရှိလို့ ခေါ်လေ့ရှိတယ်။ခပ်ချောချောကောင်မလေးတွေ ခြံရံပြီး
သွားရတာကို အရသာခံနေတဲ့ စောက်ချိုး။ (အိုင်ငယ်ငယ်က အခုထက်တော့ ကြည့်ကောင်းတယ်၊ ဤကား စကားချပ်)
နောက်တော့ သူတောင်းစားမိုးဟိန်းက လူရှေ့ သူ့ကို ဆရာ မခေါ်ရကောင်းလားဆိုပြီး ကိုယ့်ကို Meeting မှာ ပြောတယ်။
ကျွန်မက အယ်ဒီတာ၊ ရှင်ခေါ်တဲ့ ရုံးအလုပ်တွေကို လိုက်ပေးရဖို့က ကျွန်မအလုပ်မဟုတ်ဘူး၊
တွေ့သမျှလူ ဆရာ မခေါ်နိုင်ဘူးလို့ Meeting မှာ ထမဆဲရုံတမယ် ဖြဲပြီး အလုပ်ထွက်ခဲ့တာ။ စီးပွါးရေး မပြေလည်တဲ့
အိမွန်ကတော့ အလုပ်မထွက်နိုင်လို့ ကျန်ခဲ့တယ်။ ကိုယ်လည်း မရှိတော့ရော အိမွန်နား ကိုယ်မပါနိုင်တော့တဲ့ နောက်ပိုင်း
ကားထဲမှာ အိမွန်ကို လက်ဆွဲတာ၊ ရုံးခန်းထဲခါးဖက်တာ၊ ဖင်ဆိတ်တာ စတဲ့ Sexual Harassment တွေ
ဆက်တိုက်လုပ်ခဲ့တာ။ အိမွန်ကို မယားငယ်ဖြစ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တာ။ နောက်ဆုံး ဒဏ်မခံနိုင်တဲ့ အိမွန်က
ကိုယ့်ကို ဖွင့်ပြောလာတော့မှ အဲ့ရုံးကနေ မထွက်ရင် နင့်အဖေကို တိုင်မှာ၊
ငါအလုပ်ထပ်ရှာပေးမယ်လို့ အာမခံပြီး အိမွန်ကို အဲ့ရုံးက ဆွဲထုတ်ခဲ့ရတာ။ နင့်အမေရိကန်နာမည်ကကို
George Washington, နင့်မိန်းမနာမည်က Victoria Washington လို့ ပေးထားတယ်။ နင့်မိန်းမနာမည်ရင်းကSandy,
နင့်သားနာမည်က Alex, နင့်မယားငယ်က နင့်အကိုရင်းရဲ့သမီး၊ နင့်တူမအရင်း နေကြည်။
အေး… အဲ့ဒါ နင့်လိုကောင်ရဲ့ ကိုယ်ကျင့်တရား သရုပ်မှန်ပဲ အောက်တန်းစားကြီး။ စစ်ကောင်စီက ခေါ်သုံးတဲ့ကောင်တွေက
ရှယ်တွေချည်းပဲ။ မိုးဟိန်းဟာ ၈၈ မှာ စစ်အစိုးရကို ဆန့်ကျင်တယ်။ ဆန္ဒပြတယ်၊ နယ်စပ်ပြေးတယ်။
နယ်စပ်မှာ UNHCR မှာ စစ်တပ်မကောင်းကြောင်း စာစီစာကုံးရေးပြီး အမေရိကန်ကို ဒုက္ခသည်အဖြစ် သွားခဲ့တယ်။
အခုလက်ရှိ အမေရိကန် နိုင်ငံသား။ အမေရိကန်မှာ လက်ကြောတင်းအောင် လုပ်မစားနိုင်တော့ Taxi
မောင်းရတာ၊ Pizza ဖုတ်ရတာ အဆင်မပြေဘူး။ Credit အကြွေးတွေကလည်း ပတ်လည်ဝိုင်းပြီး အဆင်မပြေလို့
မြန်မာပြည်မှာ ဂွင်ဖန်ဖို့ ပြန်ခဲ့တာ။ အခုလည်း မိန်းမနဲ့သားက အမေရိကန်မှာပဲ။ ၈၈ မှာ နိုင်ငံရေးလုပ်ခဲ့တဲ့ ကိုမင်းကိုနိုင်၊
ကိုဂျင်မီတို့ဟာ ၂၁ အရေးတော်ပုံထိ ဂုဏ်သိက္ခာ အဓွန့်ရှည်နေဆဲပဲ။
၈၈မှာ နိုင်ငံရေးလုပ်ခဲ့တဲ့ မိုးဟိန်းဟာ ၈၈ ကတည်းက သေခဲ့ပြီ။ စစ်တပ်က နှိပ်စက်လို့ ထွက်ပြေးလာရပါတယ်
ဆိုပြီးအမေရိကန်မှာ ဒုက္ခသည်ခံ နိုင်ငံသားယူခဲ့ပြီး စစ်တပ်ကို ပြန်ဘောမနေတာ စောက်ရှက်မရှိဘူးလား မေးချင်တယ်။
ငါလည်း ၂၁ အရေးတော်ပုံမှာ ဆက်အသက်ရှင်ရပ်တည်ဖို့ မလွယ်လို့ အမေရိကန်ရောက်ခဲ့တယ်။ ငါ့ကို ထွက်ပြေးတယ်၊
ထွက်ပြေးတယ် ပြောရအောင် မအေLoe…. နင်ကရော မပြေးခဲ့လို့လား။
နင်ကရော ဘယ်လောက် စောက်သတ္တိရှိခဲ့လို့လဲ အောက်တန်းစား တဏှာရူး အခွင့်အရေးသမား နိုင်ငံရေးလုပ်စားကောင်ရဲ့။
နိုင်ငံရေးအစဉ်အလာ မရှိဘူး။ အေး… ဟုတ်တယ်။ ငါက ၉၁မှ မွေးတယ်။ ၈၈ အရေးတော်ပုံကို ငါမမှီဘူး။
၂၀၀၇ရွှေဝါရောင်အရေးအခင်းမှာ ငါ့အသက်၁၆ နှစ်။ ငါမမှီဘူး။ အဲ့ဒါ ငါ့စောက်ပစ်လည်း မဟုတ်ဘူး။
ငါ့ကိုယ်ငါနိုင်ငံရေးသမားလို့လည်း အခုထိ မခံယူဘူး။ နိုင်ငံရေးအစဉ်အလာရှိတယ်လည်း ယောင်လို့မှ မပြောဘူး။
နိုင်ငံရေးသမား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ နိုင်ငံရေးအစဉ်အလာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ။
နင်လို စစ်တပ်နှိပ်စက်လို့ပါလို့ အမေရိကန်အစိုးရဆီ ငိုပြပြီး နိုင်ငံသားယူပြီး နှိပ်စက်ခဲ့ပါတယ်ဆိုတဲ့
စစ်တပ်ကိုဘောပြန်မတဲ့ အောက်တန်းစားလုပ်ရပ်မျိုးကို ငါလို မိန်းမက လျှာပေါ်မြက်ပေါက်ပါစေ…
ဘယ်တော့မှ မလုပ်ဘူးဆိုတာပဲ။ ပြည်သူကို ရက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်ကို ဘောပြန်မတဲ့
အမိနိုင်ငံကို သစ္စာဖောက်တဲ့ လောက်ကောင်၊စစ်တပ်ကနှိပ်စက်လို့ ကယ်ပါလို့ အကူအညီတောင်းခံလို့
အကူအညီပေးခဲ့တဲ့ အမေရိကန်အစိုးရကို စစ်တပ်ဘောပြန်မပြီး ယောက္ခမနိုင်ငံကိုပါ သစ္စာဖောက်တဲ့ လောက်ကောင်၊
အမျိုးသမီးတွေကို အခွင့်အရေးယူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ တဏှာရူး၊ ခရိုနီတွေ စစ်အစိုးရပိုင်းတွေဆီက
အကျိုးအမြတ်ရယူပြီး ကိုယ့်ကိုယ်ကိုယ်ရောင်းစားခဲ့တဲ့ ဂုဏ်သိက္ခာမရှိတဲ့ အောက်တန်းစား။ ငလူးတည်းမှ… Suite
ဝတ်ပြီး စင်ပေါ်က ဟောင်တဲ့ Khway မျိုး မသေခင်မြင်ဖူးသွားခဲ့ပြီ။
အေး… ဖေ့စ်ဘုတ်က ငါ့စာတွေကို ကူးချပြီး နင့်နာမည်တပ် ဂျာနယ်မှာ ထည့်ခဲ့တဲ့ စာမူကြွေးကို တစ်နေ့ကျ
ပါးရိုက်ပြီး လာတောင်းဦးမယ်မိုးဟိန်း။ဆက်ဆက် စောင့်နေ။
crd-ပန်ဆယ်လို