ၾကားသိသမွ်

လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဇေယျာသော်ရဲ့ ရုပ်သံဖိုင်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ပန်ဆယ်လို

ကိုဇေယျာသော်ရဲ့ ဖြောင့်ချက်ဆိုပြီး MRTV, MWD က လွှင့်တယ်။

လာပြကြလို့ ကြည့်ရပါတယ်။

တစ်မိနစ်ပြည့်အောင်တောင် နားမထောင်ဖြစ်ဘူး။

ဘာတွေ ပြောသွားလဲလည်း မသိလိုက်ဘူး။

ဒဏ်ရာတွေ အရမ်းများလား၊ ကျန်းမာလားပဲ သတိထားကြည့်မိတယ်။

အချို့က ထောင်ထဲကလူကို ဆဲကြဆိုကြတိုက်ခိုက်ကြပြန်တယ်။


စစ်ခွေးတွေလက်ထဲ ပါသွားသူတစ်ယောက်ဆီက ဘာတွေကို မျှော်လင့်နေကြလဲ နားမလည်နိုင်အောင်ပဲ။

စစ်ကြောရေးဆိုတာ အပန်းဖြေခရီးလည်း မဟုတ်။

စစ်ကြောရေးဆိုတာ အယုတ်တကာ့အယုတ်တမာတွေ စုထားတဲ့ ကိုယ်မေကိုယ်လုံးတွေချည်းပဲ။

စစ်ကြောရေးမရောက်ခင် သေလမ်းရွေးသွားတဲ့ အသက်တွေက ရယ်စရာမဟုတ်ဘူး။

ရင်းသွားကြသူတွေရဲ့ နာကျင်မှုတွေက လျှော့တွက်စရာမဟုတ်ဘူး။


စစ်ခွေးလက်ပါသွားပြီဆိုတာနဲ့ သူ့တာဝန်ပြီးဆုံးသွားပြီလို့ နားလည်ထားကြရမယ်။

ကျန်လူတွေက ဆက်လက်ရုန်းကန်ကြမယ်ဆိုတဲ့အတွေးပဲ ထားသင့်တယ်။

အပြစ်တင်စကားတွေက အထဲကလူအတွက်လည်း အကျိုးမရှိ၊

အပြင်ကလူတွေအတွက်လည်း အကျိုးမရှိ။

တစ်ဖက်က သိစေချင်၊ ကြားစေချင်လို့ တမင်ပြောခိုင်းတဲ့စကားတွေကို

လိုက်ခံစား လိုက်ဖြန့်ဝေပေးနေတာလည်း ဥာဏ်နည်းခြင်းပဲ။


သေသွားမှ ဓါတ်ပုံကြီးတင်၊ လွမ်းခြင်းချ၊ RIP Post တွေ မတင်ရလို့ မကျေနပ်နေတာလား။

တော်လှန်သူတွေအားလုံးကို မသိစိတ်က သေစေချင်နေပြီး ဝမ်းနည်းပြရတာကိုမှ တော်လှန်ရေးထင်နေတာလား။

မောင်ကျော်ဟာ အခုအပြစ်ပြောနေတဲ့စောက်ဆရာကြီးတွေထက် အများကြီးရင်းခဲ့တယ် ဆိုတာပဲ။

တောင့်ခံဖြတ်သန်းရှင်သန်နေပေးတဲ့အတွက် ကျေးဇူးတင်တယ်။


ပန်ဆယ်လို

ဇေယျာသော် (ဖြိုးဇေယျာသော်၊ ၂၆ မတ် ၁၉၈၁ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဟစ်ဟော့အဆိုတော်ဟောင်း တစ်ဦး ဖြစ်သည်။

သူ၏ အစိုးရဆန့်ကျင်သော သီချင်းစာသားများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇေယျာသော်အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (prisoner of conscience ဟု ရည်ညွှန်းခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသည်။

ဇေယျာသော်ကို ၁၉၈၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မိဘများမှာ သွားဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာမြသော်နှင့် ဒေါ်ခင်မေဝင်းတို့ ဖြစ်ကြသည်


အ.ထ.က(၆)ဗိုလ်တထောင်မှ အထက်တန်းပြီးဆုံးခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး
၂၀၀၀ ပြည့်နှစ်တွင် ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသားအဖြစ် ပြောင်းလဲခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် ဇေယျာသော် ပါဝင်သော ACID အဖွဲ့သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ဟော့ အယ်လ်ဘမ်ကို စတင်ဖြန့်ချိခဲ့သည်။

စတင်ခြင်း အမည်ရှိ ထိုအယ်လဘမ်သည် ကျဆုံးလိမ့်မည်ဟု မြန်မာ့ဂီတလောကတွင်းမှ ခန့်မှန်းခဲ့ကြသော်လည်း နှစ်လကျော်ကြာအထိ မြန်မာနိုင်ငံ၏ ထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။

သူ၏ လူမှုရေးလုပ်ဆောင်မှုများကြောင့် ဇေယျာသော်သည် လူသိများလာခဲ့သည်။
ဟသပညာရှင် ဇာဂနာတည်ထောင်သော HIV ကူးစက်ခံမိဘမဲ့ကလေးများအတွက် ရံပုံငွေရှာဖွေခြင်းကို ကဗျာဆရာ စောဝေနှင့် အောင်ဝေးတို့နှင့်တူ ပါဝင်လုပ်ဆောင်ခဲ့သည်။


ဇေယျာသော်၏ ဟစ်ဟော့မိတ်ဆွေများဖြစ်သော ငယ်ငယ်နှင့် အတူ ဇဂနာ၏ မိဘမဲ့ကလေးများအား အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။မြန်မာစစ်အုပ်ချုပ်သူများဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကို ဆန့်ကျင်သော လူငယ်လှုပ်ရှားမှုအဖြစ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) ကို တည်ထောင်သူလေးဦးတွင် ဇေယျာသော်သည် တစ်ဦးအပါအဝင် ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံးကို တည်ထောင်ခဲ့ပြီး ဒီမိုကရေစီအရေး လှုံ့ဆော်စာများကို ဂရပ်ဖီတီများ၊ လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေခဲ့သည်။

ထိုအဖွဲ့သည် ရမ်ဘိုဇာတ််ကားအပါအဝင် အစိုးရဆန့်ကျင်ရေး ရုပ်ရှင်ဇာတ်ကားများကို ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆရာစံလမ်းမရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇေယျာသော်နှင့် အပေါင်းပါ ၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းအပါအဝင် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးဝင် သုံးဆယ်ကျော် အကျဉ်းကျခံခဲ့ရသည်။
ဧပြီလတွင် အက်ဆစ်အဖွဲ့ဝင် ရန်ရန်ချမ်းသည်လည်း ဖမ်းဆီးခံခဲ့ရသည်။


စစ်ဆေးမေးမြန်းခံရစဉ်ကာလအတွင်း ဇေယျာသော်သည် ရိုက်နှက်ခြင်း ခံခဲ့ရသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈ အားချိုးဖောက်မှုဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရသည်။

ဖမ်းဆီးခံရစဉ်အချိန်က အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်တန်ဖိုးရှိ ထိုင်းဘတ်ငွေ၊ စင်္ကာပူဒေါ်လာနှင့် မလေးရှားရင်းဂစ်ငွေများ ကိုင်ဆောင်သဖြင့် တရားမဝင်နိုင်ငံခြားငွေ ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ထပ်တိုးချမှတ်ခံခဲ့ရသည်။

ကော့သောင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။


၂၀၁၁ ခုနှစ် ဩဂုတ်လတွင် ဇေယျာသော်အား ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် ပါဝင်ခွင့်အား မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက တားမြစ်ခဲ့သည်။

ဇေယျာသော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ Credit