ကြားသိသမျှ

အကြီးအကျယ်ပေါက်ကွဲနေသောUSDP+++(သို့) သေခန်းပွင့်နေသော ဘဘကြီး

အကြီးအကျယ်ပေါက်ကွဲနေသောUSDP+++(သို့) သေခန်းပွင့်နေသော ဘဘကြီး

+ပြည်သူ့အစိုးရ NUG အားမြန်မာပြည်၏တရားဝင်အစိုးရအဖြစ် UN ကအသိအမှတ်ပြုမှုအပေါ်

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးမှ ပြင်းထန်စွာကန့်ကွက်မြန်မာပြည်ရဲ့ ပြည်တွင်းရေး

မတည်မငြိမ်ဖြစ်အောင် UN က လေလှိုင်းထဲက NUG အဖွဲ့ကို ထောက်ခံပြီး

ပြည်တွင်းစစ် မဖြစ်ဖြစ်အောင် မီးမွှေးပေးလိုက်တာလို့ပဲကျွန်တော်ပြောချင်တယ်၊

ကမ္ဘာ့ကုလသမဂ္ဂဆိုတာနိုင်ငံအများကြီးနဲ့ဖွဲ့စည်းထားပြီးကမ္ဘာကြီးငြိမ်း

ချမ်းအောင်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းလို့နာမည်ခံထားပြီးအခုလိုစစ်မီးမွှေးပေးတဲ့လုပ်ရပ်ဟာ

အပြောနဲ့အလုပ်မညီဘူးလို့ ကျွန်တော်ပြောချင်တယ်။စစ်ကောင်စီ ဟာအာဏာသိမ်းထားတာမဟုတ်ဘူး

အာဏာထိမ်းထားတာသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်

မိန့်ခွန်းမှာပြောကြားထားပြီးလည်းဖြစ်ပါတယ်၊ မဲလိမ်မဲခိုးမှု၊အကျင့်ပျက် ခြစားမှု၊

ဥပဒေကိုလက်တစ်လုံးခြားအသုံးချလိုသလို အသုံးပြုမှုတွေကြောင့် NLD အစိုးရကိုဖြုတ်ချပြီး

တိုင်းပြည်မယိမ်းယိုင်ရလေအောင်ကယ်တင်ဆည်မပေးထားတဲ့ တပ်မတော်ကို NLD လိုလားသူပြည်သူ

လက်တစ်ဆုပ်စာလောက်က ဆူပူသောင်းကျန်း အကြမ်းဖက်နေတာကို မီးလောင်ရာလေပင့်ပေးတဲ့ UN အဖွဲ့အစည်းလို့သတ်

မှတ်တဲ့အပြင် လေထဲက NUGအစိုးရဆိုတာကိုလည်းအလိုမရှိကြောင်း ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကျွန်တော်ဦးသန်းဌေးမှ ပြောကြားလိုပါတယ်။

#ဦးသန်းဌေး #ပြည်ခိုင်ဖြိုး