ၾကားသိသမွ်

အရေးတော်ပုံအောင်ကိုအောင်ရမည်။ (မြေအောင်းပဒူနဲ့ ပဒူလိုက်မုဆိုး)

မြေအောင်းပဒူဆိုတာ အသားစားပျားကြီးတမျိုးပါ​။ မြေကျင်းထဲမှာအုံဖွဲ့ပြီးနေပါတယ်။ သူတို့မြေကျင်းနားက ဖြတ်သွားတဲ့

ကျွဲ နွား သမင် ဒရယ် ပြောင် ဆပ် စတဲ့ တိရိစ္ဆာန် ကြီးတွေ ကိုတောင် အုံလိုက်ကျင်းလိုက် ထွက်တုတ်ပြီး စားတတ်ကြပါတယ်။

သူတို့မြေကျင်းထဲကို ခြေကျွံကျတဲ့ သတ္တဝါ ဆိုရင်တော့ မိနစ်ပိုင်းအတွင်း အရိုးပေါ်အောင် စားတတ်ကြလို့ ပဒူကျင်း ထဲကျတဲ့

သတ္တဝါ အတွက် လွတ်လမ်းမရှိပါဘူး။ဒါပေမဲ့ ဒီသားစားမြေအောင်းပဒူ ရဲ့ အကောင်ပေါက်လေးတွေဟာ အင်မတန်အရသာရှိလို့

မြေအောင်းပဒူကိုမှ ဖွတ်စားတတ်တဲ့ ပဒူလိုက်မုဆိုး ဆိုတာမျိုးလည်း ရှိပါတယ်။သားစားပဒူတွေဟာ အသားအနံ့ကို

မိုင်အတော်ဝေးဝေးကတည်းက အနံ့ ရတတ်တဲ့ သတ္တဝါပါ။ ပဒူအုံဟာ မြေကြီးထဲမှာ ရှိတာမို့ ရှာရတာ အင်မတန်ခက်ပါတယ်။

အစာရှာ ရန် အလို့ငှာ…ကောင်းကင်မှာပဒူတကောင် နှစ်ကောင်လောက်ကို ပျံနေတာတွေ့ တာနဲ့ မုဆိုးဟာ အဲ့ လမ်းကြောင်းကို

မှတ်ထားပြီး ပဒူလိုက်ဘို့ ပြင်ဆင်ပါတော့တယ်။ပဒူလိုက်မုဆိုးဟာ အသားစလေးတွေကို အပ်ချည်ကြိုးနဲ့ချည်ပြီး တဖက်မှာ

ဝါးရွက်ကလေးကို ချည်ပြီး ပဒူ ပျံရာ လမ်းကြောင်းမှာ ဝါးလုံးရှည်ထိတ်မှာ တင်ပြီးစိတ်ရှည်လက်ရှည်စောင့်ပါတယ်။

အသားစ အနံ့ရတဲ့ ပဒူကောင်လေးဟာ ဝါးလုံးရှည်ထိတ်က အသားစကို ကိုက်ချီပြီး ပဒူအုံရှိရာကို ပျံပါတယ်။ မုဆိုးဟာ အသားစ

တဖက်ထိတ်မှာ ချည်ထားတဲ့ ဝါးရွက် ကလေးကို လိုက်ကြည့်ပါတယ်။ပဒူ အုံနားရောက်ခါနီးတာနဲ့ အသားစ ချီထားတဲ့ ပဒူလေးဟာ

ကောင်းကင် အမြင့်ကြီးထိ ပျံတက်ပြီးမှ ရုတ်တရက် မြေပြင်ကို ဆင်းပြီး ပဒူအုံထဲကို ဝင်ပါသတဲ့။ဒါပေမဲ့ ပဒူအကြောင်းသိတဲ့ မုဆိုးဟာ

ပဒူအုံရှိရာ မြေပြင်ကို ခန့်မှန်းသိသွားပါပြီ။ နေရာကို သေချာမှတ်သားပြီး…နောက်တနေ့မှာ ပဒူလိုက်မုဆိုးတစုဟာ

ကရိယာတန်ဆာပလာတွေနဲ့အတူ ပဒူအုံကို ဖွတ်ပြီး အထဲက ပဒူကောင်ပေါက်လေးတွေကို ရဘို့ ပဒူအုံကြီးကို

အပေါက်တွေအကုန်ပိတ်ပြီး မီးခိုးလွှတ်ပြီး ဖွတ်တော့တာပါတဲ့။အခု စကစ ဟာ ထောင်ထဲက ပဒူလေးတွေကို လမ်းပြဘို့ စလွှတ်လိုက်ပါပြီ။

၁.ထောင်ထဲမှာ ဗူးသွင်းထားတဲ့ ပဒူ၊

၂.marking လုပ်ပြီးနေရပ်လိပ်စာနဲ့ စောင့်ကြည့်ခံရမယ့် ပဒူ

အဲ့လို တည်ကြက်ပုံစံမျိုး နဲ့ ပြန်လွှတ်လိုက်ပြီး စကစ ထောက်လှမ်းရေး ယန္တရားကြီးက PDF တွေနဲ့ တောထဲက သင်တန်းဆင်းပြီးပြန်လာတဲ့

Gen Z တွေကို ဖြိုခွဲရန်အကြံကြီး ကို အကောင်အထည်စဖော်လိုက်ပါပြီ။ဒါကြောင့် ပြန်လွတ်လာတဲ့ နံပတ် ၂ အမျိုးအစား ပဒူလေးတွေက

အိမ်မှာ ပဲ နေပေးပါ။ မိသားစုနဲ့ပဲ အတူနေပြီး၊ မိမိ အပေါင်းအသင်းတွေ သူငယ်ချင်းတွေနဲ့ မဆက်သွယ်ပါနဲ့။ ဘာလို့ဆို

မိမိအပေါင်းအသင်းတွေက PDF တပ်ဖွဲ့ဝင်တွေ ဖြစ်နေမယ်ဆိုရင် ပဒူအုံကို လမ်းပြသလို ဖြစ်သွားမှာ မုချဧကံပါ။ဒီလိုပဲ

PDF အဖွဲ့ဝင်ဖြစ်နေတဲ့ သူတွေဟာလည်း ထောင်ထဲက လွှတ်လိုက်တဲ့ ပဒူလေးတွေကို လုံးဝ(လုံးဝ) မဆက်သွယ်ကြပါနဲ့။ Messenger နဲ့ဆက်သွယ်မိ

ရင်တောင် မိမိနေရာကို အတိအကျ မပြောကြပါနဲ့။ စာရိုက်ထားတာတွေကို ချက်ချင်းပြန်ဖျက်ပစ်ပါ။ (အကောင်းဆုံးက စောင့်ကြည့်ပြီး

မဆက်သွယ်တာအကောင်းဆုံးပါ)နံပတ် ၁ အမျိုးအစားဖြစ်တဲ့ ဗူးသွင်းထားခံရတဲ့ ပဒူကတော့ PDF အဖွဲ့ဝင် ဖြစ်ကောင်းဖြစ်နေနိုင်တဲ့ မိမိ

ပေါင်းဟောင်းသင်းဟောင်းတွေဆီ နည်းမျိုးစုံနဲ့ ဆက်သွယ်လာနိုင်ပါတယ်။ အဲ့တာကို PDF တွေ အနေနဲ့ အထူးသတိထားပါ။ ဒလန်ကိုရှင်းသလို

ရှင်းပစ်စရာမလိုပေမယ့် မဆက်ဆံပဲ စကားမကျွံပဲ ရှောင်နေတာ အကောင်းဆုံးပါ။သူတို့မှာ ဗူးသွင်းခံရတာ ပုံစံအမျိုးမျိုးရှိနေနိုင်ပါတယ်။

မိသားစု အသက် အန္တရယ်ကိုခြိမ်းခြောက်ခံထားရတာတို့ အပြင် တခြား မလွန်ဆန်နိုင်အောင် တခုခု ကြိုးနဲ့ ချည်နှောင်ထားတာ ခံရနိုင်ပါတယ်။

စကစ ဟာ အကြောင်းမဲ့ အခုလို ဘယ်တော့မှ မလွှတ်ပါ။ လုံးဝ(လုံးဝ) သဘောရိုးလို့ မထင်ပါနဲ့။ နိုင်ငံအနှံ့မှာ ပြန့်ကျဲနေတဲ့ PDF

တွေကို ရသလောက် ဖော်ဘို့ ဒီလို သားစားပဒူ လိုက်တဲ့နည်းနဲ့ လွှတ်လိုက်တာပါ။ ရန်ကုန်က မြို့နယ်နံမည်မပြောချင်တဲ့ မြို့နယ်တခုမှ

ာ မနေ့ကပဲ ၂ ယောက် အတို ၂ လက်နဲ့ အဖမ်းခံလိုက်ရပါပြီ။ ကျန်တဲ့သူတွေ အကုန်ပြေး နေကြရပါပြီ။ဒါကြောင့် ဒီစာကို

အင်မတန် အရေးကြီးလို့ သတိပေးရအောင် ရေးပါတယ်။ဒီစကစ ရဲ့ အကြံကို မဟုတ်ဘူးလို့ ဖင်ပိတ်ငြင်းချင်ပြီး ဂရုမစိုက်ပဲ

မိမိအပေါင်းအသင်းဟောင်းတွေကို ပြန်ပေါင်းမှာပဲ ဆိုတဲ့ PDF တပ်ဖွဲ့ဝင်တွေ ကို အထူးသတိပေးလိုတာက ဒါ

အသက်ကြေးလောင်းသလိုဖြစ်နေတာ သတိထားပါ။ နံပတ် ၂ ပဒူအမျိုးအစားက ဗူးသွင်းခံထားရတာမဟုတ်လို့

သူကိုယ်တိုင်ကိုတောင် marking လုပ် စောင့်ကြည့်နေတာ မသိလို့ အသွားအလာ အဆက်အဆံ တခုခုမှာတင် ကိုယ့်

ဝပ်ကျင်းနေရာကို စကစ က သိသွားနိုင်ပါတယ်။အရမ်းသတိကြီးစွာနဲ့ နေမှ တော်လှန်ရေးအောင်မြင်မှာ မဟုတ်လား ချစ်ညီကိုတို့ရေ။

အရင်လို လွတ်လပ်စွာ နေမရအောင် ငပု က အာဏာသိမ်းခဲ့တာကြောင့် တော်လှန်ရေးလုပ်နေကြတာ မဟုတ်လား။

တော်လှန်ရေးမအောင်မြင်မခြင်း စား သတိ၊နေသတိ၊သွားသတိ၊လာသတိ ….သတိ သတိ သတိ‼️‼️‼️‼️ကြီးတွေနဲ့ နေထိုင်နိုင်ကြမှတော်ကာကျမယ်

မဟုတ်ပါလား။ဒီ သတိတွေနဲ့ နေရင်း D-Day နေ့ကို အရောက်လှမ်းကြရအောင်ပါ။

Credit: San Maung ဇီးကွက်ကြီး

#ဒီစာကိုအများသိအောင်ဖြန့်ပေးကြစေလိုပါတယ်။

#ငါတို့တော်လှန်ရေးကြီးအောင်ကိုအောင်ရမည်။