KNU လွတ်မြောက်နယ်မြေထဲက…ကျားဖြူတပ်ခွဲ (၁)..တပ်ရင်း၁၈…တပ်မဟာ၆က ကာချုပ်လို့ သတင်းမွှေးနေတဲ့ ချစ်စရာကလေးလေး…အသက်က ခုမှ ၂၁ နှစ်ပဲ ရှိသေးသတဲ့…..
ဒီအရွယ်ဟာ မိဘရင်ငွေ့မှာခိုလှုံပြီး ပျော်ရွှင်စွာနေနေကြရမယ့် အရွယ်…..
ဒါပေမယ့် သူတို့ရွယ်တူလေးတွေ တောထဲမှာ ပျော်သလို နေနေကြလေရဲ့။ဒီလိုနေနေကြပေမယ့်လည်း တဖက်က အရွယ်နဲ့ မမျှတဲ့ တာဝန်ကြီးက သူတို့ပုခုံးပေါ်မှာ ရှိနေလေရဲ့….
အဲ့တာဝန်ကြီးကိုလည်းသူတို့က လိုလိုချင်ချင်ပဲ ယူခဲ့ကြတာပါ။ People’s Defence Force (PDF) ဆိုတဲ့ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးမယ့် အင်အားစု…..
ကာချုပ် လေးကအင်တာဗျူးမှာ ပြောခဲ့တာတွေက စုံလို့ အာလူးနဲ့စားရတာတွေရော သရဲခြောက်ခံရတာတွေရော…ကာဘိုင်သေနတ်တလက်နဲ့ သူတို့အုပ်စုလိုက်ကို ဆရာကခေါ်သွားလို့ရန်သူနဲ့အနီးကပ်ဆုံးထိသွားပြီး စစ်မတိုက်ခဲ့ရတာတွေရော….
ကြည့်စမ်းပါဗျာ….သူတို့အသက်အရွယ်ကလေးတွေနဲ့ ဒီလောက် ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကို တွေ့ကြုံနေကြရပေမယ့် ခုထိ စိတ်မပျက်မငြိုငြင်ရှာပဲ …. ခုနက သူ့ကိုချစ်သနားလို့ မုန့်ဖိုးပေးတော့….စိတ်ဓာတ်ကလေးက ကောင်းရှာတာက….
သားကိုပေးတဲ့မုန့်ဖိုးကို ကျည်နဲ့ လက်နက်ဘိုးထဲကိုပဲ ထဲ့လိုက်ပါမယ်တဲ့လေ…..(သူနဲ့cb မှာပြောတဲ့ ss )သားတို့ကောင်းကောင်းမစားရရင်နေပါစေ လက်နက်နဲ့ကျည်ဆန်ပဲ လိုချင်တာတဲ့။
ဒီလိုနုနုငယ်ငယ်ကလေးတွေက ခင်ဗျားတို့ကျုပ်တို့ကို…. တင်မက ….ကျုပ်တို့ခင်ဗျားတို့ သားစဉ်မြေးဆက်တွေထိ လူယုတ်မာ အောက်တန်းစားတွေလက်က ထာဝရ လွတ်မြောက်စေရေး …
အသက် ဘဝတွေ ပေးနေပြီး စတေးနေကြပါလျှက် ကျုပ်တို့ လူကြီးတွေက သာယာစီးပြီး သူတို့လိုတဲ့ လက်နက်နဲ့ကျည်ဖိုးတောင် မထောက်ပေးနိုင်ရင် …
သူတို့အားဖြစ်စေမယ့် အစာအဟာရလေးတွေကို မပံ့ပိုးပေးကြပဲ လစ်လျှူ ရှု နေကြမယ်ဆိုရင် ခွေးထက်မိုက်ရာကျမယ်ဗျာ။
အခုဆို တော်လှန်ရေးကာလကြာလာတာနဲ့အမျှ အမြန်ဖြတ်ချင်လာတဲ့ မအလ ငပုဟာ EAOs တွေထက် PDF တွေဘက်ကို ဇောင်းပေးဖိလာတဲ့နည်းတူ PDF လေးတွေအများဆုံးခိုအောင်းပညာသင်ရာ KNU တပ်မဟာစခန်းတွေကိုပစ်မှတ်ထားပြီး
လေကြောင်း ကြည်းကြောင်းတွေနဲ့ ထိုးစစ်ဆင်လာနေတဲ့အတွက် ကာချုပ်ကလေးတို့ တပ်မဟာ၆ နယ်မြေမှာလည်း တိုက်ပွဲတွေက နေ့စဉ်လိုရှိနေတာပါ။ ညဘက်တွေဆိုရင် ၁၂၀ မမ အသံတွေနဲ့ အတူအိပ်ကြရတဲ့ညတွေ ရှိပါတယ်။
ဒါကြောင့် အရင်ကလို စခန်းတွေမှာ ပုံလေးတွေထဲက အတိုင်း ပျော်စရာလေးတွေ ရှာကြံပြီးမပျော်ကြရရှာတော့ပါဘူး။
ဒါပေမယ့် စစ်ပွဲတွေ အတွက် ကျည်တွေအပြည့် ရှိနေပြီဆိုရင် သူတို့လေးတွေ ပျော်ရှာနေပါပြီ။
ဘဝချင်းကိုယ်ချင်းစာလို့ သူတို့လေးတွေ ပျော်ရအောင် ခင်ဗျားတို့ အားလုံးကို ကျည်ဘိုးလက်နက်ဘိုးလေးတွေ အတွက် လှူစေချင်တာပါပဲဗျာ။ 😥😢
San Maung ဇီးကွက်ကြီး
credit
Zawgyi
San Maung ဇီးကွက်ကြီး
credit