ၾကားသိသမွ်

ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်ကိုအသိ​ပေးလိုက်တဲ့ ဇဏ်ခီတို့စုံတွဲ

ဇဏ်ခီတို့စုံတွဲရဲ့ ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်

ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီနိုင်ရန် ၎င်းတို့မိသားစု၏ အမှတ်တရ ပစ္စည်းများကိုရောင်းချ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း ဇဏ်ခီက အသိ​ပေးလိုက်သည်။

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။


အဆိုပါအစီအစဥ်အတွက် ZENN KYI CHRISTINA KYI CHARITY အမည်ဖြင့် ပေ့ချ်ဖွင့်ကာ လက်မှတ်များရောင်းချ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဇဏ်ခီက ခရစ်(စ)တီးနားခီကို မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရ ပေးထားသည့် ဆွဲကြိုး နှင့် နားကပ်ကို ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူ၍ ယင်းအစီအစဥ်၌ပါဝင်နိုင်မည်ဖြစ်သည်။

လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သောင်း သတ်မှတ်ထားကာ အခြားနိုင်ငံများမှ အားပေးလိုသူများအတွက်လည်း ပေ့ချ်၌ အသေးစိတ်ဖော်ပြထားသည်။


လက်ရှိအချိန်သည် အားလုံးပင်ပန်းနေချိန်ဖြစ်သောကြောင့် အလှူငွေမကောက်ခံဘဲ အထက်ပါအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဇဏ်ခီကပြောသည်။

ဇဏ်ခီတို့ဇနီးမောင်နှံသည် ကိုဗစ်ကာလ အတွင်းကလည်း အခက်အခဲရှိသူများကို ကူညီရန်အတွက် ငွေကျပ်သိန်း ငါးဆယ် မတည်၍ FCPN အမည်ဖြင့် အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့သည်။


အဆိုပါအစီအစဥ်ကို အပတ်စဥ် ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် ငွေအားလုံးကို လိုအပ်သည့်နေရာများသို့ လှူဒါန်းမည်ဟု ဇဏ်ခီကပြောသည်။

“ဒီပရိုဂရမ်ကြီးထွားနိုင်ဖို့ ရှင်သန်နိုင်ဖို့ ရေရှည်သွားနိုင်ဖို့ဆိုရင် အားလုံးရဲ့ပါဝင်ပတ်သတ်မှုလိုပါတယ်။ ဒါကြောင့် ဒီ Charity ပရိုဂရမ်ကို အားလုံးကိုဖိတ်ခေါ်ပါတယ်”ဟု ဇဏ်ခီကပြောသည်။ People’s Spring
#လူထုနွေဦး

#ZENN KYI#CHRISTINA KYI

ဇဏ္ခီတို႔စုံတြဲရဲ့ ျပည္သူ​ေတြကို ကူညီမယ့္အစီအစဥ္

ဒုကၡေရာက္ေနသည့္ ျပည္သူမ်ားကို ကူညီနိုင္ရန္ ၎တို႔မိသားစု၏ အမွတ္တရ ပစၥည္းမ်ားကိုေရာင္းခ် ရန္ပုံေငြရွာေဖြမည္ျဖစ္ေၾကာင္း ဇဏ္ခီက အသိ​ေပးလိုက္သည္။

“ကၽြန္ေတာ္တို႔ကို ပရိသတ္ကေပးထားတဲ့ ကၽြန္ေတာ္တို႔ တန္ဖိုးမျဖတ္နိုင္တဲ့ပစၥည္းေတြ ၊ ကၽြန္ေတာ္က ခရစ္(စ)ကို အမွတ္တရေပးထားတဲ့ Anniversary ေပးထားတဲ့လက္ေဆာင္ေတြ အဲဒီလိုမ်ိဳး ကၽြန္ေတာ္တို႔အတြက္အရမ္းတန္ဖိုးထားရတဲ့ပစၥည္းေတြကို တစ္ခုခ်င္းစေရာင္းမယ္လို႔ဆုံးျဖတ္ထားတယ္” ဟု ဇဏ္ခီက ၎၏ ေပ့ခ်္မွ Live လႊင့္၍ေျပာသည္။

အဆိုပါအစီအစဥ္အတြက္ ZENN KYI CHRISTINA KYI CHARITY အမည္ျဖင့္ ေပ့ခ်္ဖြင့္ကာ လက္မွတ္မ်ားေရာင္းခ်၍ ရန္ပုံေငြရွာေဖြမည္ျဖစ္သည္။

ပထမဆုံးအေနျဖင့္ ဇဏ္ခီက ခရစ္(စ)တီးနားခီကို မဂၤလာသက္တမ္း ၁၃ ႏွစ္ျပည့္ အမွတ္တရ ေပးထားသည့္ ဆြဲႀကိဳး ႏွင့္ နားကပ္ကို ေရာင္းခ်ေပးမည္ျဖစ္ၿပီး လက္မွတ္မ်ားဝယ္ယူ၍ ယင္းအစီအစဥ္၌ပါဝင္နိုင္မည္ျဖစ္သည္။

လက္မွတ္တစ္ေစာင္လၽွင္ ေငြက်ပ္တစ္ေသာင္း သတ္မွတ္ထားကာ အျခားနိုင္ငံမ်ားမွ အားေပးလိုသူမ်ားအတြက္လည္း ေပ့ခ်္၌ အေသးစိတ္ေဖာ္ျပထားသည္။

လက္ရွိအခ်ိန္သည္ အားလုံးပင္ပန္းေနခ်ိန္ျဖစ္ေသာေၾကာင့္ အလႉေငြမေကာက္ခံဘဲ အထက္ပါအစီအစဥ္ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္ဟု ဇဏ္ခီကေျပာသည္။

ဇဏ္ခီတို႔ဇနီးေမာင္ႏွံသည္ ကိုဗစ္ကာလ အတြင္းကလည္း အခက္အခဲရွိသူမ်ားကို ကူညီရန္အတြက္ ေငြက်ပ္သိန္း ငါးဆယ္ မတည္၍ FCPN အမည္ျဖင့္ အဖြဲ႕ဖြဲ႕ကာ အလႉေငြမ်ားေကာက္ခံ၍ ျပန္လည္လႉဒါန္းေပးခဲ့သည္။

အဆိုပါအစီအစဥ္ကို အပတ္စဥ္ ျပဳလုပ္မည္ျဖစ္ၿပီး ရရွိလာသည့္ ေငြအားလုံးကို လိုအပ္သည့္ေနရာမ်ားသို႔ လႉဒါန္းမည္ဟု ဇဏ္ခီကေျပာသည္။

“ဒီပရိုဂရမ္ႀကီးထြားနိုင္ဖို႔ ရွင္သန္နိုင္ဖို႔ ေရရွည္သြားနိုင္ဖို႔ဆိုရင္ အားလုံးရဲ့ပါဝင္ပတ္သတ္မႈလိုပါတယ္။ ဒါေၾကာင့္ ဒီ Charity ပရိုဂရမ္ကို အားလုံးကိုဖိတ္ေခၚပါတယ္”ဟု ဇဏ္ခီကေျပာသည္။ People’s Spring

#လူထုေႏြဦး

#ZENN KYI#CHRISTINA KYI