ၾကားသိသမွ်

မရှိမဖြစ် ဒေါ်အောင်ဆန်းစုကြည် လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

မရှိမဖြစ် ဒေါ်အောင်ဆန်းစုကြည် လို့ ဖိလစ်ပိုင် ပြောကြား

စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ပုဂ္ဂိုလ်တဦး

ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin က ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစု ကြည်ကို ဘယ်လိုပဲ ပြစ်ဒဏ်

ချမှတ်ထား၊ သူမဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ပါကိုပါရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


‘’ ပြစ်ဒဏ်ချမှတ်ထားပေမယ့် အောင်ဆန်းစုကြည် ပါကိုပါရမယ်… မြန်မာ စစ်တပ်က ဘာမှ ကြောက်ရွံ့ နေစရာ မလိုဘူး…’’ လို့ သူက ပြော

ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာတွေ အပေါ် မစ္စတာ Locsin က ရှုတ်ချလိုက်ပြီး ဒါဟာ အတိုက်အခံတွေ အပေါ် ဥပဒေ

လမ်းကြောင်းနဲ့ နှိပ်ကွပ်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီကို စွပ်စွဲလိုက်ပါတယ်။


‘’ အရပ်သားပြည်သူတွေ ဒုက္ခခံစားနေရာတာတွေ အတွက် ကျွန်တော်အနေနဲ့ အထူးစိုးရိမ်ပါတယ်’’ ‘’ စစ်ခေါင်းဆောင်တွေကို တောင်းဆို

ချင်တာ ကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံညှိနှိုင်းရေး ပြုလုပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး လုပ်ငန်းစဥ်တွေ ပြန်လည်ဆောင်ရွက်ဖို့

ဖြစ်ပါတယ်’’ လို့ ပြောကြားသွား ပါတယ်။

နောက်ပြီးသူက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဥ် အတွက် မစ္စတာ Locsin က လှိုက်လှိုက်လှဲလှဲ ထောက်ခံ

ကြောင်းကို လည်း ပြောကြားသွား ပါတယ်။

ကိုးကား – ရိုက်တာ
#THN freelance journalist

မရွိမျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ လို႔ ဖိလစ္ပိုင္ ေျပာၾကား

စစ္အာဏာသိမ္း ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ေဖၚေဆာင္ေရး အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ မရွိမျဖစ္ ပုဂၢိဳလ္တဦး ျဖစ္ေၾကာင္း ဖိလစ္ပိုင္ နိုင္ငံျခားေရး ဝန္ႀကီး Teodoro Locsin က ေျပာၾကားလိုက္ၿပီး ေဒၚေအာင္ဆန္းစု ၾကည္ကို ဘယ္လိုပဲ ျပစ္ဒဏ္ခ်မွတ္ထား၊ သူမဟာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ေတြမွာ ပါကိုပါရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

‘’ ျပစ္ဒဏ္ခ်မွတ္ထားေပမယ့္ ေအာင္ဆန္းစုၾကည္ ပါကိုပါရမယ္… ျမန္မာ စစ္တပ္က ဘာမွ ေၾကာက္ရြံ့ ေနစရာ မလိုဘူး…’’ လို႔ သူက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပစ္ဒဏ္ခ်မွတ္တာေတြ အေပၚ မစၥတာ Locsin က ရႈတ္ခ်လိုက္ၿပီး ဒါဟာ အတိုက္အခံေတြ အေပၚ ဥပေဒ လမ္းေၾကာင္းနဲ႔ ႏွိပ္ကြပ္ေနတာ ျဖစ္တယ္လို႔ စစ္ေကာင္စီကို စြပ္စြဲလိုက္ပါတယ္။

‘’ အရပ္သားျပည္သူေတြ ဒုကၡခံစားေနရာတာေတြ အတြက္ ကၽြန္ေတာ္အေနနဲ႔ အထူးစိုးရိမ္ပါတယ္’’ ‘’ စစ္ေခါင္းေဆာင္ေတြကို ေတာင္းဆိုခ်င္တာ ကေတာ့ အားလုံးပါဝင္တဲ့ ေတြ႕ဆုံညႇိႏွိုင္းေရး ျပဳလုပ္ၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္း ေရး လုပ္ငန္းစဥ္ေတြ ျပန္လည္ေဆာင္ရြက္ဖို႔ ျဖစ္ပါတယ္’’ လို႔ ေျပာၾကားသြား ပါတယ္။

ေနာက္ၿပီးသူက ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ျမန္မာနိုင္ငံခရီးစဥ္ အတြက္ မစၥတာ Locsin က လွိုက္လွိုက္လွဲလွဲ ေထာက္ခံေၾကာင္းကို လည္း ေျပာၾကားသြား ပါတယ္။

ကိုးကား – ရိုက္တာ
#THN freelance journalist