Knowledge

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ

၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ

ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်

မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့

ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။

နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာတချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့

တိုက်ရတာပါလို့ပြောကြပါတယ်။ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ

ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သောအကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။

သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေမရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလို

အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။

အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်

ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့

ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသား

ကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။ ၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်

ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့

နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့

ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစား

ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။

ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်

မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြ

ထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်

ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာအသုံးပြုရမှာဖြစ်ပါတယ်။၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။

Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။

၆။တည့်ယာဉ်နှင့်ဝဲဘက်သို့’ဂ’ကွေ့ကွေ့သော ယာဉ်တိုက်မိခြင်း။နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့

ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့”ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ”

တို့ပြောတက်ကြပါတယ်။ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။၇။လမ်းပြောင်းပြန်ကျော်တက်၍မျက်နှာချင်း

ဆိုင်ယာဉ်နှင့်တိုက်မိခြင်း။နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်းဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်

ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။၈။ဘေးချင်းယှဉ်ကျော်တက်၍ပွတ်တိုက်ခြင်း။လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်

ယာဉ်သာအမှားဖြစ်ပါတယ်။၉။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။

နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ

ဖြစ်ပေမယ့်မြို့တော်တော်များများမှာအဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲရပ်ပေးနေတာကိုမြင်နေရပါတယ်။

၁၀။ယာဉ်မှလူကိုတိုက်ခြင်း။စက်တပ်ယာဉ်နဲ့လူတိုက်မိပြီဆိုရင်တော့စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။

Original uploader(Bo Win)