Knowledge

မြောင်မြို့နယ်ရှိ စစ်ကောင်စီ သတင်းပေး မိသားစုအိမ်ကို ဒေသခံကာကွယ်ရေးတပ်များက ဖျက်ဆီး၍ ပစ္စည်းများကို ပြည်သူပိုင်ပြုလုပ်

မြောင်မြို့နယ်ရှိ စစ်ကောင်စီ သတင်းပေး မိသားစုအိမ်ကို ဒေသခံကာကွယ်ရေးတပ်များက ဖျက်ဆီး၍ ပစ္စည်းများကို ပြည်သူပိုင်ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင်း နေထိုင်သည့် စစ်ကောင်စီသတင်းပေးမိသားစု၏ နေအိမ်အား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM )က ဦးဆောင်ကာ မဟာမိတ်အဖွဲ့များနှင့်အတူ သွားရောက်ပညာပေးခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါမိသားစု၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းအချိန်တွင် ဆွဲလဲအိုကျေးရွာရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၃ လုံးအပြင် ပြည်သူပိုင်ပစ္စည်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်

ယင်းဖြစ်စဉ်ကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျေးရွာရှိ အခက်ကြုံနေကြသော အိမ်ထောင်စုများထံ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ထိုသတင်းပေးမိသားစု၏ နေအိမ်ကို ပညာပေး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မနေ့က CDSOM ရဲ့ ဦးဆောင်မှုနဲ့ မီးဘေးသင့်နေတဲ့ အိမ်ထောင်စု ၁၃ စုကို သွားရောက်ကူညီပေးတဲ့အချိန်မှာ ပြည်သူလူထုရဲ့တောင်းဆိုမှုအရ ဒီမိသားစုက ငါတို့ကျေးရွာက ပြည်သူတွေကို ပြေးရအောင် ခုလိုမီးတင်ရှို့တဲ့ အနေအထားမျိုးထိ သူတို့တွေက စကစ(စစ်ကောင်စီ)ကို သတင်းပေးတယ်။ ဒါကြောင့် သူတို့ကိုလည်း ငါတို့လိုမျိုး ခံစားရအောင် သူတို့ကိုလည်း သွားရောက်ပညာပေးပေးပါဆိုတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်အရ သွားပြီးပညာပေးဖြစ်ခဲ့တာ”ဟု Myaung Women Warriors-မြောင်အမျိုးသမီး ပြောက်ကျား စစ်သည်တော်များ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမအားပြောပြသည်။

မီးရှို့ခံရသည့် နေအိမ်ရှင်များကို CDSOM အဖွဲ့က သွားရောက်ထောက်ပံ့စဉ်။

အဆိုပါ ပညာပေးဆုံးမမှုတွင် CDSOM အဖွဲ့နှင့်အတူ Myaung Women Warriors ၊ Myaung Union Army ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အဲ့အိမ်ကို သွားခဲ့ကြတယ်။ အိမ်ထောင်ပရိဘောက ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့လိုက်တယ်။ ပြီးရင် သူ့အိမ်မှာရှိနေတဲ့ ထော်လာဂျီကို အမတို့ သိမ်းခဲ့လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်နှစ်စီးကိုလည်း မီးဘေးသင့်သွားတဲ့ပြည်သူတွေထဲမှာ ဆိုင်ကယ်ဆုံးရှုံးသွားတဲ့သူတွေရှိတယ်။ အဲ့ဒါကို အစားထိုးပြန်ပေးဖို့ သူတို့ရဲ့ပိုင်ဆိုင်မှုထဲ အမတို့ မနေ့တုန်းက သိမ်းဆည်းခဲ့လိုက်တယ်ပေါ့နော် ပြည်သူပိုင်အဖြစ်နဲ့။ မှတ်လောက်သားလောက်အောင်တော့ ပညာပေးခဲ့တယ်” ဟု မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်က ပြောသည်။

ထိုသို့ နေအိမ်အား သွားရောက်ပညာပေးစဉ် ၎င်းမိသားစုမှာ နေအိမ်တွင် ရှိမနေပေ။ ယင်းမိသားစုမှာ အောက်တိုဘာလကတည်းက ရွာထဲမှ ပြောင်းရွှေ့သွားကာ စစ်ကောင်စီအား ဆက်လက် သတင်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

သတင်းပေးဆိုသူ၏ နေအိမ်အတွင်း တွေ့ရှိရသည်များ

စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်

ထိုမိသားစုမှာ စစ်တပ်အသိုင်းအဝိုင်း (မိသားစုဝင်အချို့မှာ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်) ကဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့နှင့် ၇ ရက်နေ့ကလည်း ၎င်းတို့၏ သတင်းပေးပို့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ကိုးအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင်လည်း ၎င်းတို့က ကားတစ်စီးဖြင့် စစ်ကောင်စီတပ်သားများကို လိုက်လံလမ်းပြခဲ့ကြောင်း မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်ထံမှ သိရပြီး CDSOM အဖွဲ့ကလည်း ထိုသို့ ထုတ်ပြန်ထားသည်။

သတင်းပေးဆိုသူ၏ နေအိမ်ကို CDSOM အဖွဲ့က ဖျက်ဆီးခဲ့ပုံ။

ယင်းအပြင် ဇန်နဝါရီလ ၁၁ ရက် ညနေ ၉ နာရီခန့်တွင်လည်း မြောင်မြို့နယ်၊ နဘက်ကျေးရွာ၌ နေအိမ် ခြောက်လုံးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သေးသည်။

လက်ရှိအချိန်အထိ ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

မီးရှို့ခံရသည့် နေအိမ်ရှင်များကို CDSOM အဖွဲ့က သွားရောက်ထောက်ပံ့စဉ်။

ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဘေးသင့်ပြည်သူများထံ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က သွားရောက်ပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် တစ်စုလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ကာ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် သုံးအိတ် သွားရောက် ပေးအပ် ကူညီခဲ့ခြင်းဖြစ်သည်။ ဂျာမုန်း-Mizzima

Zawgyi

ေျမာင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီ သတင္းေပး မိသားစုအိမ္ကို ေဒသခံကာကြယ္ေရးတပ္မ်ားက ဖ်က္ဆီး၍ ပစၥည္းမ်ားကို ျပည္သူပိုင္ျပဳလုပ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေျမာင္ၿမိဳ႕နယ္၊ ဆြဲလဲအိုေက်းရြာတြင္း ေနထိုင္သည့္ စစ္ေကာင္စီသတင္းေပးမိသားစု၏ ေနအိမ္အား ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးအဖြဲ႕(CDSOM )က ဦးေဆာင္ကာ မဟာမိတ္အဖြဲ႕မ်ားႏွင့္အတူ သြားေရာက္ပညာေပးခဲ့ေၾကာင္း ယမန္ေန႔ ဇန္နဝါရီလ ၁၄ ရက္က ထုတ္ျပန္ထားသည္။

အဆိုပါမိသားစု၏ သတင္းေပးပို႔ခ်က္အရ ဇန္နဝါရီလ ၁၃ရက္ နံနက္ပိုင္းအခ်ိန္တြင္ ဆြဲလဲအိုေက်းရြာရွိ အျပစ္မဲ့ ျပည္သူမ်ား၏ ေနအိမ္ ၁၃ လုံးအျပင္ ျပည္သူပိုင္ပစၥည္းမ်ားအား အၾကမ္းဖက္စစ္ေကာင္စီမွ မတရားသျဖင့္ မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း CDSOM အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ယင္းျဖစ္စဥ္ေၾကာင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ယမန္ေန႔ ဇန္နဝါရီလ ၁၄ ရက္ေန႔တြင္ ေက်းရြာရွိ အခက္ၾကဳံေနၾကေသာ အိမ္ေထာင္စုမ်ားထံ သြားေရာက္ကာ ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ခဲ့ၿပီး ထိုသတင္းေပးမိသားစု၏ ေနအိမ္ကို ပညာေပး ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

“မေန႔က CDSOM ရဲ့ ဦးေဆာင္မႈနဲ႔ မီးေဘးသင့္ေနတဲ့ အိမ္ေထာင္စု ၁၃ စုကို သြားေရာက္ကူညီေပးတဲ့အခ်ိန္မွာ ျပည္သူလူထုရဲ့ေတာင္းဆိုမႈအရ ဒီမိသားစုက ငါတို႔ေက်းရြာက ျပည္သူေတြကို ေျပးရေအာင္ ခုလိုမီးတင္ရွို႔တဲ့ အေနအထားမ်ိဳးထိ သူတို႔ေတြက စကစ(စစ္ေကာင္စီ)ကို သတင္းေပးတယ္။ ဒါေၾကာင့္ သူတို႔ကိုလည္း ငါတို႔လိုမ်ိဳး ခံစားရေအာင္ သူတို႔ကိုလည္း သြားေရာက္ပညာေပးေပးပါဆိုတဲ့ ျပည္သူလူထုတစ္ရပ္လုံးရဲ့ ေတာင္းဆိုခ်က္အရ သြားၿပီးပညာေပးျဖစ္ခဲ့တာ”ဟု Myaung Women Warriors-ေျမာင္အမ်ိဳးသမီး ေျပာက္က်ား စစ္သည္ေတာ္မ်ား အဖြဲ႕ဝင္တစ္ဦးက မဇၩိမအားေျပာျပသည္။

အဆိုပါ ပညာေပးဆုံးမမႈတြင္ CDSOM အဖြဲ႕ႏွင့္အတူ Myaung Women Warriors ၊ Myaung Union Army ၊ ႏွလုံးလွလူမိုက္ႀကီးမ်ားအဖြဲ႕ ႏွင့္ ျမင္းမူလၽွပ္စီးေျပာက္က်ားအဖြဲ႕တို႔ သြားေရာက္ကာ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

“ကၽြန္မတို႔ အဲ့အိမ္ကို သြားခဲ့ၾကတယ္။ အိမ္ေထာင္ပရိေဘာက ပစၥည္းေတြကို ျပည္သူပိုင္အျဖစ္ သိမ္းဆည္းခဲ့လိုက္တယ္။ ၿပီးရင္ သူ႔အိမ္မွာရွိေနတဲ့ ေထာ္လာဂ်ီကို အမတို႔ သိမ္းခဲ့လိုက္တယ္။ ၿပီးေတာ့ ဆိုင္ကယ္ႏွစ္စီးကိုလည္း မီးေဘးသင့္သြားတဲ့ျပည္သူေတြထဲမွာ ဆိုင္ကယ္ဆုံးရႈံးသြားတဲ့သူေတြရွိတယ္။ အဲ့ဒါကို အစားထိုးျပန္ေပးဖို႔ သူတို႔ရဲ့ပိုင္ဆိုင္မႈထဲ အမတို႔ မေန႔တုန္းက သိမ္းဆည္းခဲ့လိုက္တယ္ေပါ့ေနာ္ ျပည္သူပိုင္အျဖစ္နဲ႔။ မွတ္ေလာက္သားေလာက္ေအာင္ေတာ့ ပညာေပးခဲ့တယ္” ဟု ေျမာင္အမ်ိဳးသမီး ေျပာက္က်ားစစ္သည္ေတာ္မ်ား အဖြဲ႕ဝင္က ေျပာသည္။

ထိုသို႔ ေနအိမ္အား သြားေရာက္ပညာေပးစဥ္ ၎မိသားစုမွာ ေနအိမ္တြင္ ရွိမေနေပ။ ယင္းမိသားစုမွာ ေအာက္တိုဘာလကတည္းက ရြာထဲမွ ေျပာင္းေရႊ႕သြားကာ စစ္ေကာင္စီအား ဆက္လက္ သတင္းေပးေနျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

ထိုမိသားစုမွာ စစ္တပ္အသိုင္းအဝိုင္း (မိသားစုဝင္အခ်ိဳ႕မွာ စစ္ေကာင္စီတပ္တြင္ တာဝန္ထမ္းေဆာင္ေနသည္ဟု ဆိုသည္) ကျဖစ္ၿပီး လြန္ခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔ႏွင့္ ၇ ရက္ေန႔ကလည္း ၎တို႔၏ သတင္းေပးပို႔မႈေၾကာင့္ ေက်းရြာအတြင္းရွိ ေနအိမ္ ကိုးအိမ္ကို အၾကမ္းဖက္စစ္ေကာင္စီက ဖ်က္ဆီးမႈျပဳလုပ္ခဲ့ၿပီး ယင္းျဖစ္စဥ္တြင္လည္း ၎တို႔က ကားတစ္စီးျဖင့္ စစ္ေကာင္စီတပ္သားမ်ားကို လိုက္လံလမ္းျပခဲ့ေၾကာင္း ေျမာင္အမ်ိဳးသမီး ေျပာက္က်ားစစ္သည္ေတာ္မ်ား အဖြဲ႕ဝင္ထံမွ သိရၿပီး CDSOM အဖြဲ႕ကလည္း ထိုသို႔ ထုတ္ျပန္ထားသည္။

ယင္းအျပင္ ဇန္နဝါရီလ ၁၁ ရက္ ညေန ၉ နာရီခန႔္တြင္လည္း ေျမာင္ၿမိဳ႕နယ္၊ နဘက္ေက်းရြာ၌ ေနအိမ္ ေျခာက္လုံးအား အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးရွို႔ဖ်က္ဆီးမႈ ျပဳလုပ္ခဲ့ေသးသည္။

လက္ရွိအခ်ိန္အထိ ေက်းရြာေနျပည္သူမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ေနၾကရဆဲျဖစ္သည္။
ထို႔ေၾကာင့္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဘးသင့္ျပည္သူမ်ားထံ ယမန္ေန႔ ဇန္နဝါရီလ ၁၄ ရက္ေန႔က သြားေရာက္ၿပီး မီးေဘးသင့္ အိမ္ေထာင္စုမ်ားအတြက္ တစ္စုလၽွင္ ေငြက်ပ္တစ္သိန္းစီ ေထာက္ပံ့ကာ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ဆန္ သုံးအိတ္ သြားေရာက္ ေပးအပ္ ကူညီခဲ့ျခင္းျဖစ္သည္။ ဂ်ာမုန္း-Mizzima