မပန်ဆယ်လို ပြောတာအတော်စုံပေမယ့်၈၈နောက်ပိုင်း အရှက်မရှိ လုပ်စားမှုတွေကို ဆက်ပြောပြပါမယ်
ခွေးဟောင်တိုင်းထကြည့်စရာမလိုဘူးလို့ယူဆတဲ့အတွက် စစ်ခွေးဘောမကောင် ကျွန်တော်ကို တိုက်ခိုက်ပြောဆိုတာကို ဘာမှမတုန့်ပြန်ခဲ့ပါ။
မပန်ဆယ်လို တုန်ပြန်တာကိုတွေ့မှ တစ်ခါတစ်ရံမှာ ဟောင်နေတဲ့ခွေးကို အသံတိတ်အောင်ဆောင့်ကန်ရပါလားလို့သိလာပါတယ်။
မပန်ဆယ်လို ပြောတာအတော်စုံပေမယ့် သူ့ရဲ့ ဒီမိုကရေစီရေးအရေခြုံပြီး ၈၈ နောက်ပိုင်း အရှက်မရှိ လုပ်စားမှုတွေကို ကျွန်တော်ဆက်ပြောပြပါမယ်။
– ၈၈ နောက်ပိုင်းထောက်လှမ်းရေးနဲ့ပေါင်းပြီး ကားရေဆေး နှင့် အလှပြင်ဆိုင်လုပ်ပါတယ်။
– မိုးကုတ်သူနဲ့ယူပြီး ကလေး ၂ ယောက်ရပါတယ်။
– နောက် စင်တင်တေးဂီတနဲ့ KTVစားသောက်ဆိုင်ဖွင့်ပြီး သူ့ဆိုင်မှာသီချင်းဆိုတဲ့ KTVမိိန်းမနဲ့ညားတယ်။
နောက်ပိုင်း ထိုင်းဖက်ထွက်ပြေးတယ်။ အဲ့ဒီ KTVမိန်းမနဲ့ ကလေးတစ်ယောက်ရတယ်။ ထိုင်းမှာ ဒုက္ခသည်အဖြစ်ခံယူတယ်။
– သူဒုက္ခသည်ဖြစ်ချိန်ဟာ ဟေတီနိုင်ငံကအငတ်ဘေးဒုက္ခသည်တွေကို အမေရိကန်နိုင်ငံက လက်ခံနေချိန်နဲ့
သွားတိုက်ဆိုင်နေတဲ့အတွက် အငတ်ဘေးဒုက္ခသည်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကိုရောက်ပါတယ်။
အငတ်ဘေးဒုက္ခသည်တွေအတိုင်း အမေရိကန်မှာ နေထိုင်ခွင့်ရတယ်။
– အမေရိကန်မှာ Taxi မောင်းတယ်။ သူ Taxi မောင်းတာ မလုံလောက်တဲ့အတွက် အမေရိကန်အစီုးရဆီက
အလုပ်လက်မဲ့ထောက်ပံ့ကြေးယူပြီးစားတယ်။
– ၂၀၁၂ မြန်မာပြည်ပြန်လာတယ်။ အမေရိကန် နှင့် ဥရောပ မရောက်ဖူးတဲ့ ခရိုနီတွေကို လိုက်လိမ်တယ်။ သူကအမေရိကန်ပြန် ၊
၈၈ ခေါင်းဆောင် ၊ အမေရိကန်မှာ သူကဘယ်လိုပေါက်ရောက်တာ စသည်ဖြင့် လိုက်လိမ်တယ်။ ဂျာနယ်ထုတ်ဖို့ငွေလိုက်တောင်းတယ်။
– ခရိုနီတစ်ဦးကထောက်ပံ့တာနဲ့ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်မှာ သူ့မယားငယ်ရဲ့အဖေဖြစ်တဲ့ အကိုအရင်း အမည်နဲ့ ဂျာနယ်ကို
မှတ်ပုံတင်တယ်။ သူ့အကိုရဲ့သမီး ၊ သူ့တူမအရင်းက သူ့ရဲ့မယားငယ်ဖြစ်တယ်။
– သူက ပိုက်ဆံများများရမယ်ဆိုအကုန်လုပ်တယ်။ ခရိုနီအုပ်စု ၂ စုလောက်နဲ့ပေါင်းစားထားပြီး ကျန်တဲ့ ခရိုနီတွေကို
အင်တာနက်သတင်းတွေနဲ့ သူ့မဟာမိတ်ခရိုနီတွေဆီက သတင်းတွေ ယူပြီး စာရေးပြီး ငွေညှစ်တယ်၊ လုပ်စားတယ်။
– ၂၀၁၆ က သူပိုင်ဂျာနယ်ရဲ့ မြေသိမ်း လယ်သိမ်း မတရားတာတွေကို ပြည်သူတွေတိုင်ကြတဲ့ပြည်သူ့အော်သံအခန်းကို ဖြုတ်လိုက်တယ်။
– ခရိုနီတွေဆီက ပိုက်ဆံ ယူတယ် စစ်ဗိုလ်ချုပ်တွေဆီက ပိုက်ဆံယူတယ် သိန်းစိန်ဆီကတောင် ယူတယ်။ အပေးအယူလုပ်ပြီး
အဲဒီအခန်းကို ဖြုတ်လိုက်တာဖြစ်တယ်။
– မအလ အာဏာသိမ်းပြီးနောက်ပိုင်း အပေးအယူ စီးပွါးရေးကိစ္စအမြောက်အများနဲ့ စစ်ခွေးဘောတွေ ပေါ်ပေါ်ထင်ထင်မပြီး
နွေဥိးတော်လှန်ရေးဖက်တော်သားတွေကို စပြီးဟောင်ပါတော့တယ်။
ဒါကတော့ မပန်ဆယ်လို ရေးတာကို ပိုပြီးပြည့်စုံအောင် အနည်းငယ်ထပ်ဖြည့်တာပါ။မအလစစ်ခွေးတွေက တမြတ်တနိုးနဲ့ သူတို့ရဲ့
ဆရာပရောဟိတ်အဖြစ်တင်မြောက်ထားတဲ့သူအကြောင်းကို ဖတ်ကြည့်ရင် ကြည်ညိုစရာတွေချည်းပဲဆိုတာတွေ့ရပါမယ်။
အမေရိကားက ပြန်လာတယ်ဆိုတာနဲ့ ဇွတ်အထင်ကြီးကြတာကိုး။ Taxi သမား တစ်ဖြစ် လဲ အလုပ်လက်မဲ့ လူလိမ် ၊
မိန်းမလိုက် စားသူ က စစ်ခွေးတွေရဲ့ ဆရာပရောဟိတ်ဖြစ်နေလေရဲ့။
တန်ရာ တန်ရာ ပဲပေါ့။
မျိုးရန်နောင်သိန်း
၃၀-၃ -၂၀၂၁