Knowledge

ဆင်၊ ဆင်ထိန်း၊ ဘုရင်၊ ဘုန်းကြီး အဲဒီသူတွေ ငရဲကျတော့မယ်ဆိုပါတော့ ဘယ်သူက ငရဲအိုးထဲမှာ အောက်ဆုံးကနေ အပြင်းဆုံးအပူဒဏ်ကို ခံရမယ်ထင်သလဲ”

ဟိုးရှေးရှေးက မင်းဆရာတော်တစ်ပါးဟာ အလွန်သိက္ခာ ပညာကြီးမားစွာနဲ့ နေထိုင်တော်မူတယ်။ သူနေတဲ့ ကျောင်းဝင်းထဲမှာလည်း

အမြတ်တနိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဗောဓိပင်ကြီးတစ်ပင်ရှိတယ်။

တစ်နေ့တော့ ဆရာတော်ကြီးက ဗေဓိပင်အောက်မှာ တံမြက်စည်းလှည်းနေတုန်း ဘုရင်က ဆင်နဲ့ ကြွလာပြီး ဆရာတော်ကြီးကို ဝင်ဖူးတယ်။

ဆရာတော်ကြီးက ဗောဓိပင်နဲ့ အနီးမဝေးက ကွပ်ပျစ်ပေါ်မှာထိုင်ပြီး ဘုရင်ကြီးနဲ့ စကားပြောဆိုနေပါတယ်။

အဲဒီအချိန်မှာ ဘုရင်စီးလာတဲ့ ဆင်က ဗောဓိပင်က ညောင်ရွက်ကို နှာမောင်းနဲ့ လှမ်းဆွဲဖို့ လုပ်တယ်။ ဆင်က ဆင်လိမ္မာပါ။

“ငါညောင်ရွက်ကို လှမ်းဆွဲလို့ သင့်ပါ့မလားပေါ့”

ဒါပေမဲ့ ဆင်က ဘယ်လို စဉ်းစားပြန်သလဲဆိုတော့ ငါညောင်ရွက်ကို လှမ်းဆွဲတာ မသင့်ဘူးဆိုရင်

ငါ့ဆင်ထိန်းက တားမြစ်မှာပေါ့။ နှာမောင်းနဲ့ စမ်းကြည့်မယ်ဆိုပြီး ညောင်ရွက်တွေကို ထိလိုက်တယ်။

ဆင်ထိန်းကလည်း စဉ်းစားတယ်။ ဘုရင့်ဆင်ကတော့ မဟုတ်တာ လုပ်နေပြီ။ ငါငေါက်လိုက်ရင် ဘုရင် ကြိုက်ပါ့မလားပေါ့။

အေးလေ ဘုရင်ကြီးကရှေ့မှာ မြင်နေရတာပဲ။ အတော်ဘူးဆိုရင် ဘုရင်ကပြောမှာပေါ့လို့ စဉ်းစားလိုက်တယ်။

ရှင်ဘုရင်ကလည်း ဆင်က ညောင်ရွက်ကို လှမ်းယူနေတာ မြင်တယ်။ ဒါပေမဲ့ မပြောဘူး။ ဘုရင်က ဘယ်လို တွေးသလဲဆိုတော့

ညောင်ပင်ရဲ့ ပိုင်ရှင်က ဆရာတော်ပဲ။ မစားအပ်ဘူးဆိုရင် ဆရာတော် တားမှာပေါ့လို့ တွေးတယ်။

ဆရာတော်ကလည်း ဆင်က နှာမောင်းနဲ့ လှမ်းဆွဲနေတာမြင်တယ်။ ဗောဓိပင်ဆိုတာ ဘုရားကိုယ်စားစိုက် ထားတာ။

မဖျက်ဆီးကောင်းဘူး။ ဖျက်ဆီးရင် အဝီစိငရဲကျတတ်တယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဘုရင့်ဆင် ဖြစ်နေတော့ မတားဘူး။ မပြောဘူး။

နောက်ဆုံးတော့ ဆင်က စားလို့ရတယ်ထင်ပြီးတော့ ညောင်ပင်ကအရွက်တွေကို ခူးစားရော။

“ကဲ … ဒကာကြီး … ဆင်၊ ဆင်ထိန်း၊ ဘုရင်၊ ဘုန်းကြီး အဲဒီသူတွေ ငရဲကျတော့မယ်ဆိုပါတော့ ဘယ်သူက

ငရဲအိုးထဲမှာ အောက်ဆုံးကနေ အပြင်းဆုံးအပူဒဏ်ကို ခံရမယ်ထင်သလဲ”

“ဆင်ကစားတာဆိုတော့ ဆင်ပေါ့ဘုရား”

“မဟုတ်ဘူးဒကာကြီး … ငရဲအိုးထဲကို အဲဒီလေးဦးကျတဲ့အခါ … အောက်ဆုံးက ဘုန်းကြီး … ဒယ်အိုးဖင်မှာ ကပ်နေတာ ဘုန်းကြီးပါဒကာ။

ဘုန်းကြီးအထက်မှာ ဘုရင်၊ ဘုရင်အထက်မှာ ဆင်ထိန်း၊ ဆင်ထိန်းအထက်ကမှ ဆင်ရှိနေပါတယ်။

အောက်ဆုံးက ဘုန်းကြီးက အပူအပြင်းဆုံး ခံရပါတယ်”“ဘာကြောင့်လဲဘုရား … တပည့်တော် မရှင်းလို့ပါ”

“ဒကာကြီး … ဦးဇင်းပြောချင်တာက တာဝန်အရှိဆုံးသူက ပြောသင့်ပြောထိုက်တာကို မပြောရင် အမှားတွေက ဆင့်ကဲ ဆင့်ကဲ ဖြစ်ကုန်တော့မှာပဲ။

ဆင်က နှာမောင်းနဲ့ လှမ်းနေကတည်းက ဘုရင်ကို တစ်ခွန်းတည်းပြော လိုက်ရင် ပြီးနိုင်ပါလျက် … ဘုရင်ဆိုပြီး

ဆင်ခြင်အားနာနေတော့ ဒုက္ခအားလုံးရောက်ကုန်တော့တာပေါ့။ မှန်မှန် ကန်ကန် လမ်းပြပေးရမယ့်သူတွေက

မပြောဘဲ နှုတ်ပိတ်နေရင် လောကကြီးမှာ ကိုယ်ကျိုးနည်းပါလိမ့်မယ်။ ကိုယ်တိုင်တစ်ဦးတည်း ကိုယ်ကျိုးနည်းတာ ကိစ္စမရှိဘူး …

အဖော်အပေါင်းတွေ တစ်သီကြီး ခေါ်သွားမိမှာကို ဆင်ခြင်သင့်တာပေါ့ … ဒကာကြီး … ” ဦးဇင်းကျောင်းပေါ်တက်တော့မယ်။

စာအုပ်လာပေးတာ … ကျေးဇူး တင်တယ်”

“သာဓု … သာဓု … သာဓုပါဘုရား”

#credit