ၾကားသိသမွ်

နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာဒေါ်အောင်ဆန်းစုကြည် တရားရုံးမလာနိုင်ပါက ဦးကျော်မိုးထွန်းက ကိုယ်စားတက်ရောက်ရမည်ဟု မူလတည်းက သတ်မှတ်ထားခဲ့

ဒေါ်အောင်ဆန်းစုကြည် တရားရုံးမလာနိုင်ပါက ဦးကျော်မိုးထွန်းက ကိုယ်စားတက်ရောက်ရမည်ဟု မူလတည်းက သတ်မှတ်ထားခဲ့

🔻 ICJ နဲ့ပတ်သက်တဲ့ reporting တွေပေါ့လေ။ လုပ်ရမယ့် report တွေကိုလည်း ကျွန်မတို့ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ ကိုယ်စားပြုပြီးတော့ ရေးသားပေးပို့တင်ပြခဲ့ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့်ပေါ့။

🔻 အခုလည်းပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့် ICJ ကို ကျွန်မတို့ကိုယ်စားပြုပါမယ်ဆိုတဲ့အကြောင်းကို ဆက်သွယ်ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဘယ်သူ့ကိုဖိတ်မလဲဆိုတာတော့ ကျွန်မတို့ Contact ကိုစောင့်နေဆဲဖြစ်ပါတယ်။

🔻 သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခင်ဒေါ်အောင်ဆန်းစုကြည်အစိုးရသွားရောက်ရင်ဆိုင်စဉ်ကတည်းကိုက ICJ မှာ Alternate Agent ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်မသွားနိုင်တဲ့အချိန်မျိုးမှာ Alternate Agent ဆိုပြီး ထားထားပြီးသားဖြစ်တယ်။ ဒါ နံပါတ် တစ်အချက်ပေါ့။ ဆိုတော့ ဒီ အချက်ကို ကျွန်မတို့ ထောက်ပြထားတယ်။

🔻 ဒုတိယတချက်က ဘာလဲဆိုတော့ ICJ ဟာ UN ရဲ့အစိတ်အပိုင်းတခုအနေနဲ့ သွားရတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံကိုကိုယ်စားပြုနေတာဆိုလို့ Controversial မဖြစ်ဘူးဆိုတဲ့အနေအထားက ဦးကျော်မိုးထွန်းတစ်ယောက်ပဲရှိပါတယ်။

🔻 ဦးကျော်မိုးထွန်းသည် Alternate Agent လည်းဖြစ်သလို ကျွန်မတို့လက်ရှိ UNGA ရဲ့ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တရား၀င်ကိုယ်စားပြုနေတဲ့ တဦးတည်းသော သံတမန်လည်းဖြစ်ပါတယ်။ ဆိုတော့ ဒီအနေအထားကိုတော့ ကျွန်မတို့ ICJ ဆီကိုစာရေးသားပေးပို့ထားပါတယ်။

🔻 ကုလသမဂ္ဂမှာလည်း ကိုယ်စားပြုခွင့်ရမနေဘူး။ အသိအမှတ်လည်း ပြုမထားသေးတဲ့ စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်ဆိုရင် ဒါ ICJ ကိုယ်တိုင်က UNGA ကုလသမဂ္ဂအထွေထွေညီလာခံမှာရော Credential Committee မှာရော ဆုံးဖြတ်ချက်ချထားတဲ့ကိစ္စတွေနဲ့ Contrary ဆန့်ကျင်ဘက်ဖြစ်မှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်တွေကို မလိုက်နာသလိုဖြစ်သွားမှာဖြစ်ပါတယ်။

🔻 ICJ က စစ်ကောင်စီကို တိုင်းပြည်ကို ကိုယ်စားပြုခွင့်ပေးလိုက်မယ်ဆိုရင် ကုလသမဂ္ဂက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ သဘောတူညီချက်‌တွေ၊ အာဏာသိမ်းမှုကိုဆန့်ကျင်ထားတဲ့အချက်တွေနဲ့လည်း ဆန့်ကျင့်ဘက်ဖြစ်ပြီး နောက်ဆက်တွဲမေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်မတို့ဘက်က စာရေးသားပေးပို့ထားပါတယ်။

ဒေါ်ဇင်မာအောင်
နိုင်ငံခြားရေး၀န်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ
ဇန်နဝါရီ ၂၀

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ တရား႐ုံးမလာနိုင္ပါက ဦးေက်ာ္မိုးထြန္းက ကိုယ္စားတက္ေရာက္ရမည္ဟု မူလတည္းက သတ္မွတ္ထားခဲ့

🔻 ICJ နဲ႔ပတ္သက္တဲ့ reporting ေတြေပါ့ေလ။ လုပ္ရမယ့္ report ေတြကိုလည္း ကၽြန္မတို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရကေနၿပီးေတာ့ ကိုယ္စားျပဳၿပီးေတာ့ ေရးသားေပးပို႔တင္ျပခဲ့ပါတယ္။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကတဆင့္ေပါ့။

🔻 အခုလည္းပဲ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကတဆင့္ ICJ ကို ကၽြန္မတို႔ကိုယ္စားျပဳပါမယ္ဆိုတဲ့အေၾကာင္းကို ဆက္သြယ္ေဆာင္ရြက္ခဲ့တာရွိပါတယ္။ ဘယ္သူ႔ကိုဖိတ္မလဲဆိုတာေတာ့ ကၽြန္မတို႔ Contact ကိုေစာင့္ေနဆဲျဖစ္ပါတယ္။

🔻 သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ယခင္ေဒၚေအာင္ဆန္းစုၾကည္အစိုးရသြားေရာက္ရင္ဆိုင္စဥ္ကတည္းကိုက ICJ မွာ Alternate Agent ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္မသြားနိုင္တဲ့အခ်ိန္မ်ိဳးမွာ Alternate Agent ဆိုၿပီး ထားထားၿပီးသားျဖစ္တယ္။ ဒါ နံပါတ္ တစ္အခ်က္ေပါ့။ ဆိုေတာ့ ဒီ အခ်က္ကို ကၽြန္မတို႔ ေထာက္ျပထားတယ္။

🔻 ဒုတိယတခ်က္က ဘာလဲဆိုေတာ့ ICJ ဟာ UN ရဲ့အစိတ္အပိုင္းတခုအေနနဲ႔ သြားရတာျဖစ္တဲ့အတြက္ေၾကာင့္ နိုင္ငံကိုကိုယ္စားျပဳေနတာဆိုလို႔ Controversial မျဖစ္ဘူးဆိုတဲ့အေနအထားက ဦးေက်ာ္မိုးထြန္းတစ္ေယာက္ပဲရွိပါတယ္။

🔻 ဦးေက်ာ္မိုးထြန္းသည္ Alternate Agent လည္းျဖစ္သလို ကၽြန္မတို႔လက္ရွိ UNGA ရဲ့ဆုံးျဖတ္ခ်က္အရ ျမန္မာနိုင္ငံကို တရား၀င္ကိုယ္စားျပဳေနတဲ့ တဦးတည္းေသာ သံတမန္လည္းျဖစ္ပါတယ္။ ဆိုေတာ့ ဒီအေနအထားကိုေတာ့ ကၽြန္မတို႔ ICJ ဆီကိုစာေရးသားေပးပို႔ထားပါတယ္။

🔻 ကုလသမဂၢမွာလည္း ကိုယ္စားျပဳခြင့္ရမေနဘူး။ အသိအမွတ္လည္း ျပဳမထားေသးတဲ့ စစ္ေခါင္းေဆာင္ေတြကို ဖိတ္ၾကားမယ္ဆိုရင္ ဒါ ICJ ကိုယ္တိုင္က UNGA ကုလသမဂၢအေထြေထြညီလာခံမွာေရာ Credential Committee မွာေရာ ဆုံးျဖတ္ခ်က္ခ်ထားတဲ့ကိစၥေတြနဲ႔ Contrary ဆန႔္က်င္ဘက္ျဖစ္မွာျဖစ္ပါတယ္။ ဒီဆုံးျဖတ္ေတြကို မလိုက္နာသလိုျဖစ္သြားမွာျဖစ္ပါတယ္။

🔻 ICJ က စစ္ေကာင္စီကို တိုင္းျပည္ကို ကိုယ္စားျပဳခြင့္ေပးလိုက္မယ္ဆိုရင္ ကုလသမဂၢက ဆုံးျဖတ္ထားတဲ့ ဆုံးျဖတ္ခ်က္ေတြ သေဘာတူညီခ်က္‌ေတြ၊ အာဏာသိမ္းမႈကိုဆန႔္က်င္ထားတဲ့အခ်က္ေတြနဲ႔လည္း ဆန႔္က်င့္ဘက္ျဖစ္ၿပီး ေနာက္ဆက္တြဲေမးခြန္းထုတ္စရာေတြ အမ်ားႀကီးျဖစ္လာလိမ့္မယ္ဆိုတာကို ကၽြန္မတို႔ဘက္က စာေရးသားေပးပို႔ထားပါတယ္။

ေဒၚဇင္မာေအာင္
နိုင္ငံျခားေရး၀န္ႀကီး
အမ်ိဳးသားညီညြတ္ေရးအစိုးရ
ဇန္နဝါရီ ၂၀