ကြားသိသမျှ

ငါတို့မြန်မာနိုင်ငံမြေ ပေါ်/အောက် သယံဇာတ ပေါပြီးဆင်းရဲတာ(ဘာဖြစ်လို့လဲ)

ပထမပုံမြင်တော့ လေယာဉ်Business Class ထင်နေတာ

စာဖတ်ကြည့်မှ တရုတ်ရဲ့ Fuxing မျိုးဆက်သစ် High Speed Train မြန်နှုံးမြှင့်ရထား

သောကြာနေ့က စတင်ပြေးဆွဲတဲ့။

အမေရိကရဲ့ နယူးယောက်က ရထားတွေ ဘူတာတွေကတော့ ပေစုတ်နေတာပါပဲ၊

အမေရိကက စစ်လက်နက်တွေ ချမ်းသာတယ် အသစ်တွေ တီထွင်တယ်၊

လူအထက်တန်းအလွှာတွေပဲ ချမ်းသာကြတာ၊

Middle Class လူလတ်တန်းစားက တဖြည်းဖြည်း ပျောက်လာပြီ၊

တရုတ်ကျတော့ လူလတ်တန်းစားချမ်းသာလာတာတွေ အရမ်းတက်လာတယ်။

ဒေါ်နယ်ထရမ့်က သူသမ္မတမဖြစ်ခင်မှာ ဒီအချက်ကို မြင်တယ်၊ ဒါကြောင့်

“Rich Dad Poor Dad ချမ်းသာဖေဖေ ဆင်းရဲဖေဖေ” စာရေးဆရာ ရောဘတ်ကီယိုဆာကီနှင့် ပေါင်းပြီး

“Why We Want You To Be Rich? – ဘာကြောင့် သင့်ကို ချမ်းသာစေချင်တာလဲ”ဆိုတဲ့ စာအုပ်ကို ရေးခဲ့တယ်။

US ရဲ့ Public Facilities တွေက ဟောင်းနွမ်း ပေစုတ်နေတာက များတာပါ။

အမေရိကန်အစိုးရကတော့ ပြည်သူကို ထောက်ပံ့ငွေပေးပြီး စည်းရုံးပါတယ်။

တရုတ်အစိုးရကတော့ ဒီလိုဝန်ဆောင်မှုတွေ ပေးပြီး ပြည်သူတွေရဲ့ယုံကြည်မှုကို ရယူပါတယ်။

ဂျက်မားပြောတာလေးတစ်ခုရှိတယ်၊

အမေရိကန်တွေ ဆင်းရဲတာက လက်ထဲငွေမရှိတာကို ပြောတာ၊

တရုတ်တွေ ဆင်းရဲတာက ဘဏ်ထဲ ငွေတွေ သွားစုထားတာကို ပြောတာတဲ့။

ဒီငွေတွေကို လည်ပတ်အောင် လုပ်နိုင်ရင် တရုတ်တွေ ချမ်းသာမယ်လို

့ ALIBABA – THE HOUSE THAT JACK MA BUILT စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာတွေဆင်းရဲတယ်ဆိုတာက ဘာဆင်းရဲတာလဲ၊
အဖြေရှာကြည့်ကြရအောင်။
AG Myo Thant
27 JUNE 2021