UG တစ်ယောက်ရဲ့ ခံစားချက်
စစ်ကောင်စီကို တ်ိုက်တဲ့ ပွဲမှာ အပင်ပန်းဆုံး၊ အန္တရာယ် အများဆုံး၊ လူပြောအခံရဆုံးကတော့ မြို့ပေါ်က ပျောက်ကြား UGတွေပဲ ။
စစ်ကောင်စီရဲ့ အနီးဆုံးမှာ နေပြီး သတင်းယူ၊ ပျောက်ကြား စစ်ဆင်ရေးလုပ်၊ အိပ်တာတောင် နောက်ကျော မလုံ ကြရတဲ့ ကိုယ့်ကိုကိုယ် သေလူ လို့ သတ်မှတ် ထားကြရတဲ့ ကောင်တွေပေါ့။
မိသွားရင်တောင် လူမသိ သူမသိ ပျောက်သွားကြတဲ့ ကောင်တွေပေါ့။ဒီကောင်တွေ ဝင်ပစ်တယ်။ မိုင်းထောင်တယ်။ ခွေး ထိရင် ပြည်သူတွေ သိပ်ပျော်ကြတာ။
ဒါပေမယ့် အဲ့လို ထိဖို့ ဘယ်လောက်စီစဉ်ရတယ်။ ဘယ်လောက် အန္တရာယ် များလဲ မသိကြဘူး။ သိလဲ မသိချင်ကြဘူး။ ခဗျားတို့ သိတာ ခွေးသေတယ်။ ပျော်တယ်။
အဲ့လို ပွဲ တွေ ကတဲ့ အခါ တခါတခါ ပြည်သူထိတယ်။ ဆူကြတယ် ။ ဆဲကြတယ်။အများပြည်သူ သွားတဲ့နေရာ တွေ မခွဲနဲ့ ။ ကန့်ကွက်တယ်။ အမျိုးမျိုး ဝေဖန်ကြတယ်။
အဲ့မြို့ပေါ် UG ဆိုတဲ့ ကောင်တွေ ပြည်သူ ထိရင် ပျော်နေတယ် ခင်ဗျားတို့ ထင်သလား။ သူတို့ကြောင့် ဆိုတဲ့ ခံစားချက်တွေနဲ့ တိတ်တိတ်ပဲ ခံစား ကြရတယ်။ ချောင်တခု မှာ သွားခွေပြီး ငိုတဲ့ ကောင်တွေပါရှိတယ် လို့ပြောရင် ခင်ဗျားတို့ ယုံမှာလား။
“ကျွန်တော် တို့ ကြိုသတိပေးတယ်ဗျာ။ နားမထောင်ကြဘူး” လို့ ငိုပြီးပြောလာတဲ့ ကောင်တွေ ကို နှစ်သိမ့်ပေးစရာ စကားလုံးက အစ ရှာမရ။
ခင်ဗျားတို့ အတွက် အဲ့ကောင်တွေ ရှေ့က အကုန်စွန့်ပြီး တိုက်နေတယ်။ မြို့ပေါ် မိုင်းတွေ မခွဲ ။ မြို့ပေါ် ပျောက်ကြား တိုက်ပွဲ မရှိရင်လဲ အဖွဲ့တွေ ဖွဲ့ပြီး ဘာအလုပ်မှ မလုပ်ဘူး အပြောခံရတယ်။
အပြင်ခဏ မထွက်လိုက်လို့ ခင်ဗျား တို့အတွက် အပန်းမကြီး ပေမယ့် အဲ့အချိန်အပြင်ထွက်လိုက်လို့ ပျက်သွားရတဲ့ ပွဲ တွေ ၊ ပြန်ဆုတ်ရင်း ဖမ်းခံလိုက်ရတဲ့ ကောင်တွေ ၊ ပြည်သူ ထိလို့ စိတ်ဓာတ်တွေကျ တော်လှန်ရေးကို စိတ်ကုန်ပြီ ဆိုတဲ့ ကောင်တွေ အများကြီး ။
ခွေး ထိ ရင် ဝိုင်းပျော် ၊ ဘာထုတ်ပြန်ချက် ကိုမှ အလေးမထား။ မသွားနဲ့ ဆိုလဲ သွား။ မကပ်နဲ့ ဆိုလဲ ကပ် ။ပြည်သူထိရင် လက်ညှိုး ထိုးဖို့ ထိုင်စောင့်နေတဲ့ လူ တွေ နဲ့ တော်တော်
စိတ်ပျက်စရာကောင်းလာပြီ..
Credit:
Zawgyi
စစ်ကောင်စီကို တိုက်တဲ့ ပွဲမှာ အပင်ပန်းဆုံး၊ အန္တရာယ် အများဆုံး၊ လူပြောအခံရဆုံးကတော့ မြို့ပေါ်က ပျောက်ကြား UGတွေပဲ ။
Credit: