ၾကားသိသမွ်

ABSDF က စစ်ကောင်စီကို စတင်တိုက်ခိုက်

ABSDF က စစ်ကောင်စီကို စတင်တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ ချက်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီးတိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ကျဆုံးမှုများနိုင်ကြောင်း၊
ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု လုံး၀မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကသာ(ပကဖ)နှင့်ပေါင်းပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ဟုဆို

အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်​သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)သည်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် စတင်ပါဝင်လာပြီး

ယနေ့တွင် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်အတူပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။


Katha Revolution၏ ဖော်ပြချက်အရ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင်ရွှေကူမှ ကသာမြို့ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့်နကူးရွာဟောင်းမှ စစ်ကောင်စီအဖွဲ့များအား ABSDF ကျောင်းသားတပ်နှင့်ပကဖ ပူးပေါင်းအဖွဲ့က ၆၀(မမ)၊ RPG တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ချက်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီးတိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ကျဆုံးမှုများနိုင်ကြောင်း၊
ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု လုံး၀မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခုတိုက်ပွဲသည် အာဏာသိမ်းပြီးနောက်ပိုင်း ABSDF ပါဝင်လာကြောင်း ပထမဆုံးတွေ့ရသည့် တိုက်ပွဲဖြစ် သည်။

၁၉၈၈ အရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားတပ်မတော်ဟုခေါ်ဆိုသော ABSDF တပ်များသည်ယခု နွေဦးတော်လှန်ရေးကာလတွင် မည်သည့်ဒေသ တိုက်ပွဲ၌ ပါဝင်နေသည်ကို မေးမြန်းရန်အဖွဲ့တာဝန်ရှိသူအချို့အား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အင်္ဂလိပ်: All Burma Students’ Democratic Front; အတိုကောက် ABSDF; မ၊ က၊ ဒ၊ တ) သည်မြန်မာနိုင်ငံ နယ်စပ်တလျောက် အခြေစိုက်ထားသည့် အင်အားအကြီးမားဆုံး လူငယ်၊ ကျောင်းသား အဖွဲ့အစည်း ဖြစ်သည်။၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အတူ တိုက်ပွဲဝင်နေသော အတိုက်အခံ အဖွဲ့အစည်း ဖြစ်သည်။


မြန်မာ စစ်အစိုးရအား လက်နက်ကိုင် တိုက်ခိုက်နေသော အဖွဲ့အစည်းတရပ်ဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲ အတွက် ၁၉၈၈ ကတည်းက ကျောင်းသားတပ်မတော် ကို ဖွဲ့စည်းခဲ့သည်။

၁၉⁠၉၁ တတိယအကြိမ် ညီလာခံတွင် မိုးသီးဇွန် ဦးဆောင်သော အဖွဲ့ နှင့် Dr. နိုင်အောင် ဦးဆောင်သောအဖွဲ့ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ၁၉⁠၉၆ စက်တင်ဘာ လ ၅ ရက်တွင် ပြန်လည်ပေါင်းစည်းခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ကြေညာခဲ့သည်။

Zawgyi

ABSDF က စစ္ေကာင္စီကို စတင္တိုက္ခိုက္

စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီး ၂ ခ်က္သာ ျပန္လည္ပစ္ခတ္နိုင္ခဲ့ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္ စီဘက္မွ က်ဆုံးမႈမ်ားနိုင္ေၾကာင္း၊
ပူးေပါင္းအဖြဲ႕မွ ထိခိုက္မႈ လုံး၀မရွိဘဲ ျပန္လည္ဆုတ္ခြာနိုင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ကသာ(ပကဖ)ႏွင့္ေပါင္းၿပီးတိုက္ခိုက္ရာ စစ္ေကာင္စီတပ္မွ ေသဆုံးမႈမ်ားနိုင္ဟုဆို

အပစ္ရပ္လက္မွတ္ထိုးအဖြဲ႕ျဖစ္​ေသာ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (ABSDF)သည္ စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္သည့္ တိုက္ပြဲတြင္ စတင္ပါဝင္လာၿပီး

ယေန႔တြင္ ကသာျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ)ႏွင့္အတူေပါင္းၿပီး စစ္ေကာင္စီတပ္ကို တိုက္ခိုက္ခဲ့သည္။Katha Revolution၏ ေဖာ္ျပခ်က္အရ ဇန္နဝါရီ ၁၅ ရက္ မြန္းလြဲ ၂ နာရီခန႔္တြင္ ေရႊကူမွ ကသာၿမိဳ႕ဘက္သို႔ေမာင္းႏွင္လာသည့္ စစ္ေကာင္စီသေဘၤာႏွစ္စီးအား ေစာင့္ဆိုင္းေနသည့္

နကူးရြာေဟာင္းမွ စစ္ေကာင္စီအဖြဲ႕မ်ားအား ABSDF ေက်ာင္းသားတပ္ႏွင့္ပကဖ ပူးေပါင္းအဖြဲ႕က ၆၀(မမ)၊ RPG တို႔ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီး ၂ခ်က္သာ ျပန္လည္ပစ္ခတ္နိုင္ခဲ့ၿပီးတိုက္ပြဲအတြင္း စစ္ေကာင္ စီဘက္မွ က်ဆုံးမႈမ်ားနိုင္ေၾကာင္း၊ပူးေပါင္းအဖြဲ႕မွ ထိခိုက္မႈ လုံး၀မရွိဘဲ ျပန္လည္ဆုတ္ခြာနိုင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ယခုတိုက္ပြဲသည္ အာဏာသိမ္းၿပီးေနာက္ပိုင္း ABSDF ပါဝင္လာေၾကာင္း ပထမဆုံးေတြ႕ရသည့္ တိုက္ပြဲျဖစ္ သည္။

၁၉၈၈ အေရးေတာ္ပုံကာလက ေပၚေပါက္ခဲ့သည့္ ေက်ာင္းသားတပ္မေတာ္ဟုေခၚဆိုေသာ ABSDF တပ္မ်ားသည္
ယခု ေႏြဦးေတာ္လွန္ေရးကာလတြင္ မည္သည့္ေဒသ တိုက္ပြဲ၌ ပါဝင္ေနသည္ကို ေမးျမန္းရန္အဖြဲ႕တာဝန္ရွိသူအခ်ိဳ႕အား ဆက္သြယ္ရာ အဆက္အသြယ္မရေသးေပ။

ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (ABSDF)

ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (အဂၤလိပ္: All Burma Students’ Democratic Front; အတိုေကာက္ ABSDF; မ၊ က၊ ဒ၊ တ) သည္

ျမန္မာနိုင္ငံ နယ္စပ္တေလ်ာက္ အေျခစိုက္ထားသည့္ အင္အားအႀကီးမားဆုံး လူငယ္၊ ေက်ာင္းသား အဖြဲ႕အစည္း ျဖစ္သည္။
၁၉၈၈ နိုဝင္ဘာလ ၁ ရက္ေန႔တြင္ တည္ေထာင္သည္။

ျမန္မာနိုင္ငံ ဒီမိုကေရစီ ႏွင့္ လူ႔အခြင့္အေရး အတြက္ တိုင္းရင္းသားလူမ်ိဳးစု လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ႏွင့္အတူ တိုက္ပြဲဝင္ေနေသာ အတိုက္အခံ အဖြဲ႕အစည္း ျဖစ္သည္။

ျမန္မာ စစ္အစိုးရအား လက္နက္ကိုင္ တိုက္ခိုက္ေနေသာ အဖြဲ႕အစည္းတရပ္ျဖစ္ၿပီး လက္နက္ကိုင္ တိုက္ပြဲ အတြက္ ၁၉၈၈ ကတည္းက ေက်ာင္းသားတပ္မေတာ္ ကို ဖြဲ႕စည္းခဲ့သည္။

၁၉⁠၉၁ တတိယအႀကိမ္ ညီလာခံတြင္ မိုးသီးဇြန္ ဦးေဆာင္ေသာ အဖြဲ႕ ႏွင့္ Dr. နိုင္ေအာင္ ဦးေဆာင္ေသာအဖြဲ႕ ႏွစ္ဖြဲ႕ ကြဲသြားခဲ့သည္။ ၁၉⁠၉၆ စက္တင္ဘာ လ ၅ ရက္တြင္ ျပန္လည္ေပါင္းစည္းခဲ့သည္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔တြင္ ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦးအား မတရားအသင္းအျဖစ္မွ ပယ္ဖ်က္ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာန ေၾကညာခဲ့သည္။