ၾကားသိသမွ်

မဟာမုနိဘုရားထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက် ၂၀ ကျော်ကို AA ဝင်သိမ်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က နာမည်ကြီး မဟာမုနိဘုရားဝင်းထဲမှာ တပ်စွဲထားတဲ့ ရဲအသွင်ပြောင်း

စစ်သားတွေကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ချခိုင်းပြီးတော့ သေနတ်အလက် ၂၀ နဲ့ကျည်တွေကို

သိမ်းသွားတယ်လို့ သိရပါတယ်။ ည ၁၂ နာရီ ဝန်းကျင်မှာ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပြီးတော့

လက်နက်ချခိုင်းခဲ့တာဖြစ်ပါတယ်။ မဟာမုနိဘုရားဟာ ဒေသတွင်း ခရီးသွားတွေကြားနာမည်ကြီးတဲ့အတွက်

ဘုရာဖူးတွေအမြဲလိုလိုရှိတတ်ပါတယ်။”ရဲယူနီဖောင်းပြောင်းထားတဲ့ စစ်သားတွေက ဘုရားမှာ

သေနတ်တကားကားနဲ့နေကြတာ ကြာပြီ။ ဘုရားဖူးတွေလည်း စိတ်မဖြောင့်ဘူး။ ကျနော်တို့ကတော့

ကြိုဆိုတယ် ဝမ်းသာတယ်။ ဘုရားမှာ သေနတ်တကားကားလုပ်နေတာမရှိသင့်ဘူး” လို့ ကျောက်တော်

ဒေသခံတစ်ဦးက ပြောပါတယ်။ ရခိုင်မှာတိုက်ပွဲပြင်းထန်လာပြီးနောက် တပ်မတော်က (ယခု စစ်ကောင်စီ)

ဘုရားဝင်းထဲမှာ တပ်စွဲထားခဲ့ပါတယ်။ ရခိုင်လူထုက ဘုရားဝင်းထဲမှာ တပ်စွဲခြင်းမပြုဖို့ တောက်လျှောက်တောင်းဆို

ထားပေမယ့် စစ်ကောင်စီဘက်က ပြန်ရုတ်သိမ်းခြင်းမရှိတဲ့အထဲ မဟာမုနိဘုရားဝင်းလည်း ပါပါတယ်။

ကျောက်တော်တောင် ဘုရားမှာလည်းပဲ စစ်ကောင်စီက တပ်စွဲထားပါတယ်။ ရခိုင်စစ်ပွဲကာလတုန်းကဆိုရင်

ကျောက်တော်တောင်ပေါ်က မျောက်တွေ အစာငတ်တဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီတောင်ပေါ်မှာ ဒီနေ့အချိန်ထိ

တပ်စွဲထားဆဲဖြစ်ပါတယ်။ ကျောက်တော်တံတားထိပ် နှစ်ဖက်မှာ စစ်ကောင်စီတပ်သားတွေက

တံတားကင့်စောင့်လေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ မရှိတော့ဘူးလို့သိရပါတယ်။ ကျောက်တော်မြို့နယ်ဟာ

စစ်ကောင်စီရဲ့ စကခ ၉ တည်ရှိပြီးတော့ ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆၊ ခမရ ၅၃၉ တို့ရှိပါတယ်။

ဒီနေ့နံနက် ၈ နာရီ ဝန်းကျင်မှာတော့ စကခ ၉ ထဲက စစ်ကားတစ်စီးဟာ ဒေါင်းတော်ယိုးကျေးရွာနားက

တပ်ရင်း ၃၇၆ ထဲ ဝင်သွားတယ်လို့သိရပါတယ်။ ဒေသခံတချို့ကတော့ စကခ ၉ လှုပ်ရှားမှုရှိလာပြီး

လက်နက်မဲ့ပြည်သူတွေကို တရားမဲ့ပြုကျင့်မှုတွေဖြစ်လာမှာကို စိုးရိမ်တာရှိတယ်လို့ အထက်ပါ

ဒေသခံက MoreMorntVlog ကိုပြောပါတယ်။ “လူတွေကတော့ စိုးရိမ်နေတာရှိတယ်။ လက်နက်မရှိတဲ့လူတွေ

ကို သူတို့ကအနိုင်ကျင့်နေကြမလို့”

MoreMrontVlog

27 June 2021