လွန်ခဲ့တဲ့ ၃၈ နှစ်လောက်ကထူးခြားဖြစ်စဉ်တခုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးရှိ တောင်ပုလုတောရ
ရိပ်သာတွင်သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလုဆရာတော် ဘုရားကြီးသည်တစ်ချိန်က ရဟန္တာဟုထင်ပေါ်ကျော်ကြားခဲ့သည်။
ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း အပါအဝင်စာအုပ်ပေါင်းများစွာကိုရေးခဲ့သူ
စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည် တောင်ပုလုဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ
အရှင်အာဒိစ္စရံသီဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီးမြန်မာပြည်အနှံတရားများ လှည့်လည်ဟောခဲ့ပါသည်။
ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကိုအကြောင်းပြု၍ ဘာသာကူးပြောင်းကာ
ရဟန်းဝတ်ပြီးစာအုပ်ပေါင်းများစွာရေး၍ကမ္ဘာ့နိုင်ငံအသီးသီးကိုလှည့်လည်တရားဟောခဲ့ပါသည်။
1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာကောင်းကင်ယံမှပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ်။
အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ ရဟန်းတော်တစ်ပါးကိုမြင်လိုက်ရ
ပြီ လေယာဉ်ပျံဟာ ရုတ်တရက်ပြန်လည်ကောင်းသွားပြီးအမေရိကန်ကိုချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်။
အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာရဟန်းတော်တစ်ပါးက
လေယာဉ်ကိုကယ်တင်ခဲ့ကြောင်းအကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုကြတယ်။
အဲ့ဒီ အဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ခရီးသည်တွေတောင်မသိလိုက်ဘူးတဲ့ အဲ့ဒီလေယာဉ်မှာပါတဲ့မြန်မာနိုင်ငံက
သစ်ကုန်သည် ဒေါ်ခင်ဝင်းဆိုသူဟာ အံသြပြီးအမေရိကန်ကို အဲ့ဒီနေ့က ထွက်တဲ့လေယာဉ်ရဲ့ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့
အဲ့ဒီနေ့ကခရီးသည်တွေမှာမြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာတစ်ခြားတစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့။
ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော်ဘုရားကြီးပုံကိုလေယာဉ်မှုးတွေကိုပြတဲ့အခါလေယာဉ်ဦးခေါင်းပိုင်းမှာ
ရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာ အဲ့ဒီ ရဟန်းတော်ပါတဲ့။
အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့်အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခု
ဖွင့်လှစ်ပေးပြီးခုအချိန်ထိသာသနာပြုနေကြပါတယ်လို့ သမိုင်းကြောင်းအရ သိရပါတယ်။