တစ်ချို့ ရင်ဘက်မှာဖြစ်ဖြစ်၊ရင်ဘက်မှာဖြစ်ဖြစ် အမျိုးမျိုးသော အသားပိုသေးသေးလေးတွေရှိတတ်ကြပါတယ်။
အဲ့လိုမျိုးရှိနေတာကို မကြိုက်တဲ့သူတွေအတွက်ကတော့ အခုပြောပြမယ့်
နည်းလမ်းတွေကို အသုံးပြုပြီး အသားပိုလေးတွေကိုဖယ်ရှားပစ်လိုက်ရအောင်နော်။
၁။ Tea tree oil
Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။
ဂွမ်းစမှာ Tea tree oil ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။
အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။
၂။ ငှက်ပျောသီး
ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပိုတွေအတွက် အသုံးပြုပေးလို့ရပါတယ်။
ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အသားပိုပေါ်မှာ ငှက်ပျောခွံကို ကပ်လို့
ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွားပါလိမ့်မယ်။
၃။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေးစိမ်ပြီးတော့ အသားပိုပေါ်မှာ ကပ်ပါ။
ပတ်တီးလေးအပေးက ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။
၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျစေနိုင်ပါတယ်။
အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ခါနီးတိုင်း ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပိုပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။
မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။
အသားအရေက ထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေဆိုရင်တော့ သေချာလေး စမ်းကြည့်ပြီးမှ လုပ်သင့်ပါတယ်။
အသားပိုက အရမ်းကြီးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်နော်။