ၾကားသိသမွ်
ထိန်းသိမ်းသူ ကင်းမဲ့သွားတာကြောင့် အလှတရားတွေ ပျက်စီးခဲ့ရတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်လေး
ထိန်းသိမ်းသူ ကင်းမဲ့သွားတာကြောင့် အလှတရားတွေ ပျက်စီးခဲ့ရတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်လေး
တစ်ချိန်ကသပ်သပ်ရပ်ရပ်လေးနှင့်လှပခဲ့သမျှ ပျက်စီးခဲ့ရသည့် နောက်ဖေးလမ်းကြောင်းဥယျာဉ်တစ်နေရာ
နောက်ဖေးလမ်းကြားဥယျာဉ်များကို ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်၊
ကျောက်တံတားမြို့နယ်တွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ
အမှိုက်များကို ရှင်းလင်းသန့်စင်ပြီး ပန်းချီပုံများဖြင့်
သပ်သပ်ရပ်ရပ် လှလှပပလေး ဖန်တီးခဲ့ကြတာကို အားလုံးပဲ သိကြမှာပါနော်။
တစ်ချိန်တစ်ခါကဆိုရင် နောက်ဖေးလမ်းကြားဥယျာဉ်မှာ အလှဓာတ်ပုံလေးတွေ
လာရိုက်ဖို့ တကူးတက ရောက်လာကြတဲ့ သူတွေတောင် အများကြီးပဲဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ နောက်ဖေးလမ်းကြားဥယျာဉ်တွေဟာ
ထိန်းသိမ်းမယ့်သူမရှိ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သူများကြောင့်
အကျဉ်းတန်တဲ့ ပုံရိပ်အဖြစ်သို့ ထပ်မံပြောင်းလဲသွားခဲ့ရပါပြီ။
ဒီပုံကတော့ တစ်ချိန်က လှလှပပ သပ်သပ်ရပ်ရပ်လေး ရှိခဲ့သည့်
နောက်ဖေးလမ်းကြားဥယျာဉ်တစ်နေရာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ အမှိုက်များဖြင့် ပျက်စီးသွားခဲ့ရပြန်ပါပြီ။
တစ်ချိန်တစ်ခါက လှပခဲ့တဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ရဲ့ ပုံစံလေးတွေကိုပါ
ယှဉ်တွဲဝေမျှ ပေးထားပါတယ်။
ရှိပြီးသားအလှအပတရားတွေကို မပျက်စီးရအောင် သေချာလေး ထိန်းသိမ်းရမယ့်အစား
အခုလို ဖျက်ဆီးမှုတွေမဖြစ်ရလေအောင် Reminder တစ်ခုအနေနဲ့
ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။credit
Zawgyi
နောက်ဖေးလမ်းကြားဥယျာဉ်များကို ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်တွေရဲ့ နောက်ေ
ဖးလမ်းကြားတွေမှာ