ၾကားသိသမွ်

မိုက်လေးကိုင်ပြီး ရယ်စရာဘဲပြောချင်ဗေမဲ့ သေ နတ်ကိုင်ရတဲ့ တိုင်းကျော် ဟားငါးကောင်တို့ ပြောပြလာတဲ့စကားများ….

တချိန်က ဟာသတွေပြောတဲ့ လူရွှင်တော်တွေဆိုပေမယ့် အခုချိန်မှာ တဖွဲ့လုံးအနေနဲ့

ရယ်စရာပျက်လုံးတွေပြောမထွက်နိုင်တော့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ပြောပြလာတဲ့

တိုင်းကျော်..လူရွှင်တော်တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေမှာ

စစ်ရေးလေ့ကျင့်ရေးသင်တန်း သွားတက်နေကြတာ ဖြစ်ပါတယ်

။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး တောထဲကိုထွက်လာခဲ့တဲ့

သူတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့

အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်ပြီး ပြည်သူတွေနဲ့အတူ ရှိနေတာ ဖြစ်ပါတယ် ။

တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျဘဲ

အမြဲတမ်း တက်ကြွနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က ပြည်သူတွေ အားတက်စေဖို့အတွက်ပါ

အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ် ။အခုလည်း တိုင်းကျော်က အရင်ကဆိုရင်

စင်ပေါ်မှာ လူရွှင်တော်ဝတ်စုံနဲ့ ဟာသပြောရတဲ့ဘဝကို ဘာနဲ့မှမလဲနိုင်ခဲ့တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

ဒါပေမဲ့ အခုချိန်မှာတော့ ပြည်သူတွေထဲက တစ်ချို့မိသားစုတွေ ငိုနေရတာမြင်ပြီး သူတို့ရယ်စရာတွေ

မပြောနိုင်တော့ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် တိုင်းကျော်က သူတို့အဖွဲ့ကို ဂရုစိုက်ပါ၊အားတင်းထားပါလို့ မပြောဘဲ

ပြည်သူတွေသာ ဂရုစိုက်ပြီးနေကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ တစ်ချိန်တုန်းက ပျော်တော်ဆက်တွေဖြစ်ခဲ့ပေမယ့်

အခုတော့ အသည်းမာစပြုနေတဲ့ ပြည်သူ့ရဲဘော်တွေဖြစ်နေပြီဆိုတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ပုံရိပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။