ၾကားသိသမွ်

နှလုံးသားဆီက လာတဲ့ ရူးသွပ်မူများ (သို့မဟုတ်) ခ ရေဇီ Crazy (ဖတ်ရန်ပုံကို နှိပ်ပါ)

မာရာဒိုနာကြီး ဆုံးတဲ့နေ့က အာဂျင်တီးနားပြည်သူအချို့ဟာ ဆူဆိုက် လုပ်ဖို့ ကြိုးစားခဲ့ကြတယ်တဲ့။

၂၀၀၄ ခုနှစ်မှာ ဦးငှက် ဆုံးတော့ ကျွန်တော့်ဦးလေးတစ်ယောက်ဟာ လေးရက်ဆက်တိုက်

ဘာမှ မစားပဲ ဦးငှက် သီချင်းတွေဖွင့်ပြီး အမြဲ ငိုနေလို့ ၅ ရက်မြောက်နေ့မှာ သတိလစ်သွားပြီး

ဆေးရုံတိုက်သွားရတယ်။ အစာအိမ်ရောဂါပါ အဆစ်ရလိုက်တာပေါ့။

ခုလဲ ပျဥ်းမနားက သူငယ်ချင်းတစ်ယောက် ရေမွန် သတင်းကြားပြီးကတည်းက အခန်းတံခါးပိတ်ပြီး

အရက်သောက်၊ အော်ငိုနေလို့ မိဘတွေခမျာ မတတ်သာတဲ့အဆုံး အခန်းတံခါးဖျက်ပြီး ဝင်ရတယ်။

ကိုယ့်ကောင်က အခန်းထဲမှာ ခွေခွေလေး လဲနေပြီတဲ့။နှလုံးသားဆီက လာတဲ့ ရူးသွပ်မူဆိုတာ ဒါပါပဲ။

ဒီနေ့ကစပြီး လူတစ်​ယောက်ရဲ့ ရူးသွပ်မူကို လှောင်ပြောင်တာမျိုး ကျွန်တော် ဘယ်တော့မှ

မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချလိုက်မိတယ်။

သူ့ဖာသာ ရော်ရွက်ကြိုက်လို့ နားထောင်တာဟာ ရူးသွပ်မူဖြစ်သလို ဦးငှက်ကြိုက်တာဟာလဲ ရူးသွပ်မူပါပဲ။

မက်ဆီကြိုက်တာဟာ ရူးသွပ်မူဖြစ်သလို စီရိုနယ်ဒိုကြိုက်တာဟာလဲ တူညီတဲ့ ရူးသွပ်မူပါ။

ဦးတည်ရာစံနူန်းတွေမှာသာ ထပ်တူမကျခဲ့တာ ရှိရင်ရှိမယ်၊ ရူးသွပ်မူ ဆိုတဲ့ခေါင်းစဥ်အောက်မှာတော့

ဘယ်တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားကမှ အပေါစား မဆန်ခဲ့ပါဘူး။ ဒါဟာ လေးနက်ဖွယ်ပါပဲ။

တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားကလာတဲ့ အနုပညာရူးသွပ်မူကို ကိုယ့်ရဲ့ပေတံနဲ့တိုင်းတာပြီး ဘယ်တော့မှ ပျက်ရယ်မပြုပါနဲ့။

#Eagle