ၾကားသိသမွ်

” ယ ေန့ ကစဉ့်ကလျား ဖြစ် ေန ေသာ အာဏာသိမ်းစ က စ၊ ပြည်သူ့အတွက် အရေးတကြီး ကိစ္စတစ်ခု “

” အာဏာသိမ်းသတင်းရဲ့နောက်ကွယ်က၊ ပြည်သူ့အတွက် အရေးတကြီး ကိစ္စတစ်ခု “SW က အာဏာသိမ်းတယ်လို့

သတင်းပြန့်နေတယ် ။ ဖြစ်နိုင်သလား ၊ မဖြစ်နိုင်သလား စဉ်းစား သုံးသပ်ကြည့်ရအောင် ။ သုံးသပ်မှု့မလုပ်သေးခင်မှာ အရေးကြီးတဲ့

ဖြစ်စဉ်တွေကို ဆက်စပ်ကြည့်ဖို့လိုပါတယ် ။ မနေ့က ဖြစ်ခဲ့တာတွေက-MAH ရဲ့ လေယာဉ် ရုရှားကို ပြန်လှည့်သွားတယ် ။

( ရုရှားက အကျယ်ကြီမို့ ရုရှားပြည်တွင်းမှာတင် ပြန်လှည့်ခဲ့တယ်လို့ ယူဆရပါတယ် )-အင်းယားလမ်းက MAH နဲ့ SW အိမ်အနီးမှာ

လုံခြုံရေး ထူထပ်စွာ ပိတ်ဆို့ထားတယ်။-သီတဂူဆရာတော် ပျာယာခတ်တယ် ။ ( မိုးချုပ်တဲ့အထိ ပြန်မလာဘူး )

-ဗိုလ်ချုပ်ကတော်တွေ စစ်ကိုင်းတောင်ဆီ ပြေးကြတယ် ။ -လူ့အခွင့်အရေးကောင်စီက

အသက် ( ၁၇ ) အရွယ် လူငယ်တစ်ယောက်ကို စစ်ကောင်စီလက်နက်ကိုင်တွေက ကိုယ်တစ်ပိုင်း မြေမြှပ်ပြီး နှိပ်ဆက်

စစ်ဆေးနေတာတွေကို ​ကမ္ဘာသိ ထုတ်ပြန်တယ် ။ -သာကေတအနီးမှာ စစ်ကောင်စီ တပ်သားတွေ

​လေထီးနဲ့ဆင်းတယ် ။-TS သေတယ်လို့ သတင်းထွက်တယ် ။ကောင်းပြီ …၊ ဒီသတင်းတွေ ဘယ်ကလာသလဲ …… ?

– လေယာဉ်ပြန်လှည့်တာက နည်းပညာအရ သိနိုင်တယ် ။ ( မျက်မြင် )- MAH နဲ့ SW အိမ်နား လုံခြုံရေး ထူထပ်စွာချတယ် ။

​( မျက်မြင် )- ကတော်တွေ စစ်ကိုင်းတောင်ဆီ ပြေးတယ် ။ ( မျက်မြင် )- သီတဂူပြာယာခတ်တယ် ။

​( မျက်မြင် ။ သီတဂူမှာလည်း ရဲရဲတောက် ကိုယ်တော်တွေရှိလို့ ယုံရတယ် )

လူ့အခွင့်အရေးကောင်စီကတော့ နိုင်ငံတကာ ပရင့်မီဒီယာသတင်း ( ခိုင်လုံတယ် )-

သာကေတမှာ စစ်ကောင်စီ တပ်သားတွေ လေထီးနဲ့ဆင်းတယ် ။ ​( ပြည်သူတွေ မြင်တာပါ ။ ဓာတ်ပုံတွေ တင်ထားတယ် ။ ဒါဟာ

​ဒီသုံးသပ်မှု့ရဲ့ အဓိက ပွိုင့်ပါပဲ ။ )- TS သေတာကတော့ တော်လှန်ရေးကို ဘာမှ ထူးခြားမလာစေလို့ မေ့ထားလိုက်ပါ ။

ဆိုင်SWဟာ တကယ်ပဲအာဏာသိမ်းနိုင်သလား ..? စာရေးသူဟာ တော်လှန်ရေးအတွက် နိုင်ငံရေး ၊ စစ်ရေး သတင်းနဲ့ သုံးသပ်မှု့တွေ ​

အသိပေးနေသူပါ ။ ဒီလို သုံးသပ်တဲ့အခါ ” ငါပြောတာ မှန်တယ် ” ဆိုတဲ့ အယူအဆမျိူး လုံးဝမရှိပါဘူး ။ ရန်သူက ဗျူဟာသုံးပြီး ​

လှည့်စားနေတဲ့အတွက် ၊ ဗျူဟာတိုင်းကို သုံးသပ်ရတဲ့အခါ မှန်တာရှိသလို ၊ မှားတာလည်း ရှိနိုင်ပါတယ် ။ ” ဒီတခါတော့

ဘကြီးအောင် သုံးသပ်တာ လွဲသွားပြီ ” ဆိုရင်လည်း စိတ်မဆိုးပါဘူး ။ဒီလိုသုံးသပ်တဲ့အခါ လျှို့ဝှက်သင့်တဲ့ သတင်းတွေ

ကို ထိန်ချန်ထားပါတယ် ။ အဓိကနဲ့သာမညမှာ တော်လှန်ရေးအောင်မြင်ဖို့ကသာ အဓိကဖြစ်ပြီး ” ငါပြောတာ မှန်တယ် / မှားတယ်

ဆိုတာက သာမညသာ ဖြစ်ပါတယ် ။ )ကောင်းပြီ ။ SW အာဏာသိမ်းတဲ့အကြောင်းကို စဉ်းစားကြည့်ရအောင် ။

ဖြစ်နိုင်ခြေ ရှိသလိုလိုပါပဲ ။ ပြည်သူတွေကလည်း မျှော်လင့်နေတာပါ ။ သို့သော် ပုလင်းတူ ​

ဗူးဆို့အချင်းချင်း MAH ကို နှိပ်ကွပ်ဖို့ သိမ်းတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ ။

တကယ့်ဖြစ်နိုင်ခြေက အောက်ခြေကနေ သေနတ်ပြောင်းလှည့်လာလို့ ( သို့မဟုတ် ) အင်အားအတော်များများ

ထွက်ပြေးလို့ ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုဝင်တွေ လုံခြုံရေးအတွက် ဖြစ်နိုင်ပါတယ် ။အဓိကပွိုင့်ဖြစ်တဲ့ လေထီးခုန်တာကတော့

တော်လှန်ရေးအောင်မြင်ဖို့အတွက် လှို့ဝှက်ထားရပါလမ့်မယ် ။ အခြေအနေ

ကောင်းပါ ။လေထီးတပ်သားတွေ မြေပြင်ကိုချပေးတာက –သွားလာရခက်ခဲတဲ့ စစ်မြေပြင်- ရှာဖွေရခက်နေတဲ့ ရန်သူ

– တပ်ရင်းတစ်ခု ( သို့မဟုတ် ) တပ်စိတ်တစ်စိတ်နဲ့ အလွယ်တကူ တိုက်ခိုက်လို့မရတဲ့ ရန်သူ ( သို့မဟုတ် ) ကွန်မန်ဒို အထူးတပ်ဖွဲ့နဲ့

နှိမ်နင်းရမယ့် စစ်ပွဲ- လှုပ်ရှားမှု့ရှိနေတဲ့ ရန်သူကို ဒီနေရာမှာ ငါတို့ရှိတယ်ဆိုတဲ့ အသိပေးခြင်း သဘောတွေပါ ။

ဆင်းတဲ့နေရာက သာကေတအနီးတစ်ဝိုက်ပါ ။ တောင်ဘက်မှာ သန်လျင် ၊ ကျောက်တန်းနဲ့ပင်လယ်ဝ ။ အရှေ့ဘက်မှ

ာ ယုဇနအိမယာနဲ့ ဒီရေတော ( ပင်လယ်ရေ အတက်အကျရှိ )အနောက်ဘက်မှာ ရန်ကုန်မြို့နဲ့ ရန်ကုန်မြစ်ဝ ။

ဒီတော့ မန္တလေးမှာ အာပီဂျီနဲ့ အထုခံလိုက်ရတဲ့ ဖြစ်စဉ်ကို ကေအန်ယူ နဲ့ ပီဒီအက်ဖ် ကလည်း သိထားပါပြီ ။ ( ကိုယ်တိုင် ဆက်တွေးပါ ။ )

တောင်ဘက်ပင်လယ်မှာ ဒီရက်ပိုင်း ၊ အမေရိကန် စစ်သင်္ဘောကြီး ရော်နယ်လ်ရေဂင် ရှိနေပါတယ် ။

( အကုန်ပြောလို့မရပါဘူး ။ ကိုယ်တိုင်တွေးပါ )

ဒီတော့ ….၊ မနေ့ကဖြစ်စဉ်ကို သုံးသပ်ရရင် တပ်ပျက်နေတဲ့ စစ်ကောင်စီဟာ တန်ပြန် အာဏာအသိမ်းခံရတာထက်ကို

​အခြေအနေဆိုးလောက်အောင် ကစဉ့်ကလျား ဖြစ်နေတာပါ ။ SW အာဏာသိမ်းရင်လည်း ထူးမခြားနားမို့ ဒီလောက်

ယောက်ယက်မခတ်နိုင်ပါဘူး ။ ​MAH ရဲ့ ကျမ်းမာရေး အခြေအနေဆိုရင်လည်း လေထီးခုန်တာနဲ့ မပတ်သက်ပါဘူး ။ အကယ်၍ SW က

အာဏာသိမ်းခဲ့မယ်ဆိုရင်လည်း အမေစုခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ဖမ်းဆီးထားသူအားလုံး

လွှတ်ပေးပြီး NUG ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်ကို နာခံရပါလိမ့်မယ် ။ NUG ခေါင်းဆောင်ပြီး

တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖက်ဒရယ်တပ်မတော် ၊

ဆွေးနွေးရပါလိမ့်မယ် ။ဆိုရရင် ……..။ စစ်ကောင်စီတစ်ဖွဲ့လုံး ယောက်ယက်ခတ်နေတဲ့ ဖြစ်စဉ်ဟာ

လေထီးခုန်တာနဲ့ တိုက်ရိုက်ပတ်သက်နိုင်ပါတယ် ။

​ပါးပါးလေး အသိပေးရရင် ပင်လယ်ဝ လုံခြုံရေးအတွက်ပါ ။ သို့ပေမယ့် စစ်ကောင်စီ

အသိနောက်ကျသွားပြီဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး ။

ဘကြီးအောင်