ၾကားသိသမွ်

ICJ အမှု ကြားနာပွဲ စစ်ကောင်စီခုခံချေပမည်

ICJ အမှု ကြားနာပွဲ စစ်ကောင်စီခုခံချေပမည်

■ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို လာမဲ့ ဖေ‌ဖော်ဝါ

ရီလ ၂၁ ရက်နေ့ ကြားနာဖို့ရှိတယ်လို့ ဂမ်ဘီယာရှေ့နေချုပ် General Dawda Jallow ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဇန်နဝါရီ

၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ပထမအကြိမ်ကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဦးဆောင်ချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု

ကြည်နေရာမှာ တရားဝင် လူစားထိုးပြောင်းလဲထားပြီးပြီလို့ ဂမ်ဘီယာရှေ့နေချုပ်က ပြောပါတယ်။

အခုတစ်ကြိမ် တရားရင်ဆိုင်မှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် စစ်ကောင်စီရင်ဆိုင်ရမဲ့ ကြားနာ

စစ်ဆေးမှု ဖြစ်ပါတယ်။


ICJ အမှုကိုရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့ ကော်မတီကို စစ်အာဏာသိမ်းပြီးနောက်မှာ စစ်

ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌအဖြစ် အစားထိုးပြီး၂၀၂၁ ဇွန်လအတွင်းက ပြင်ဆင်ဖွဲ့စည်းလိုက်တာပါ။

လက်ရှိအချိန်ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်မို့ လာမဲ့ ဖေဖော်ဝါရီလ နယ်သာလန်နိုင်ငံ The Hague မြို့မှာ အမှုကြားနာတဲ့အခါ

တချို့က တရားရုံးကို လူကိုယ်တိုင်တက်ရောက်ပြီး တချို့ကတော့ အွန်လိုင်းဗီဒီယိုကတစ်ဆင့် တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါ

တယ်။

File Photo: AFP

Zawgyi

ICJ အမႈ ၾကားနာပြဲ စစ္ေကာင္စီခုခံေခ်ပမည္

■ ျမန္မာနိုင္ငံကို နိုင္ငံတကာတရား႐ုံး (ICJ) မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈစြဲခ်က္နဲ႔ ဂမ္ဘီယာနိုင္ငံက တရားစြဲထားတဲ့အမႈကို လာမဲ့ ေဖ‌ေဖာ္ဝါရီလ ၂၁ ရက္ေန႔ ၾကားနာဖို႔ရွိတယ္လို႔ ဂမ္ဘီယာေရွ႕ေနခ်ဳပ္ General Dawda Jallow ကို ကိုးကားၿပီး ရိုက္တာသတင္းတစ္ပုဒ္မွာ ဇန္နဝါရီ ၁၄ ရက္ေန႔က ေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္ ပထမအႀကိမ္ၾကားနာမႈမွာ ျမန္မာနိုင္ငံကိုယ္စားျပဳၿပီး ဦးေဆာင္ေခ်ပခဲ့တဲ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေနရာမွာ တရားဝင္ လူစားထိုးေျပာင္းလဲထားၿပီးၿပီလို႔ ဂမ္ဘီယာေရွ႕ေနခ်ဳပ္က ေျပာပါတယ္။

အခုတစ္ႀကိမ္ တရားရင္ဆိုင္မႈဟာ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ပထမဆုံးအႀကိမ္ စစ္ေကာင္စီရင္ဆိုင္ရမဲ့ ၾကားနာစစ္ေဆးမႈ ျဖစ္ပါတယ္။

ICJ အမႈကိုရင္ဆိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူဖြဲ႕စည္းထားတဲ့ ေကာ္မတီကို စစ္အာဏာသိမ္းၿပီးေနာက္မွာ စစ္ေကာင္စီ နိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကို ဥကၠ႒အျဖစ္ အစားထိုးၿပီး၂၀၂၁ ဇြန္လအတြင္းက ျပင္ဆင္ဖြဲ႕စည္းလိုက္တာပါ။

လက္ရွိအခ်ိန္ဟာ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနတဲ့ အခ်ိန္မို႔ လာမဲ့ ေဖေဖာ္ဝါရီလ နယ္သာလန္နိုင္ငံ The Hague ၿမိဳ႕မွာ အမႈၾကားနာတဲ့အခါ တခ်ိဳ႕က တရား႐ုံးကို လူကိုယ္တိုင္တက္ေရာက္ၿပီး တခ်ိဳ႕ကေတာ့ အြန္လိုင္းဗီဒီယိုကတစ္ဆင့္ တက္ေရာက္ၾကမွာျဖစ္တယ္လို႔ သိရပါတယ္။

File Photo: AFP