ၾကားသိသမွ်

မ အလ လက်ဝေခံ ပျူစောထီးဟုဆိုသောလူတစ်စုနှင့္ ပဉ္စလက်ဆန်တဲ့ရွာကြီး

.ရေစကြိမြိုနယ် ဇီးတောစံပြရွာကြီးဆိုတာပခုက္ကူ ချောင်းဉီးလမ်းမကြီးပေါ်မှာတည်ရှိတယ်။

အလွန်သာယာတဲရွာကြီးတရွာပေါ့။

ဇီးတောရွာဆိုတာအထက်တန်းကျောင်းပွင့်စရွာပဲ။

ပေ (120)ကျောင်းဆောင်သစ်တစ်ဆောင်၊

ပေ(100)ကျောင်းဆောင်(2)ဆောင်၊

ပေ(70)ကျောင်းဆောင်(1)ဆောင်

ပေ(30)ကျောင်းဆောင်ကတော့ဆရာ၊ဆရာမတွေနားနေစရာအခန်းဆောင်ပေါ့။

ကျောင်းသားဉီးရေ(300)ခန့်နဲ့အလွန်သာယာတဲ့ကျောင်းတော်ကြီးပါ။အ၊ထ၊ကဖွင့်လုဆဲဆဲမှာ

အမေပေးခဲ့တဲ့ပေ(120)ကျောင်းဆောင်ကြီးကိုပျူစောထီးအဖွဲ့ကမီးရှို့လို့ပြာကျခဲ့ပြီ။

ဘုန်းတော်ကြီးကျောင်းမှာဆိုရင်ဘုန်းကြီးတစ်ပါးမှမရှိတော့ဘူး။ဘုန်းကြီးမှု့ရွာပတ်တဲ့အခုတော့ဗျာရွာရဲ့အမှု့ကိုဘုန်းကြီးပတ်နေတာဗျ။

ကြားကြမှကောင်းသေးလား။ဘုန်းကြီးတစ်ပါးမှရွာမရှိဘူး။ဘုန်းကြီးလည်းခေါင်းဖြတ်မယ်ဆိုလို့ထွက်ပြေးနေရတယ်။


ဆယ်ကြိမ်တိုင်တိုင်ခြောက်လှန့်ပစ်ခတ်လို့ထွက်ပြေးတိမ်းရှောင်နေရတာအခုဆိုရင်လေငါတို့ဇီးတောရွာမှာချောက်သွေ့နေပြီ။

ပခုက္ကူမရောက်ရင်စာမပေါက်ဘူးတဲ့သံဃာတေရဲ့ဆိုးစကားပေါ့။ဘယ်ရွာဆန္ဒပြပြဇီးတောမရောက်ရင်လူစုမကွဲဘူး။

အခုတော့ဗျာကျနော်တို့ရွာကြီးကမှော်ဆန်တဲ့ရွာကြီးတစ်ရွာဖြစ်နေပြီ။ကျောင်းရှိသည်ဖြေးဖြေးမောင်းအစား

ဇီးတောရောက်ပြီမြန်မြန်မောင်းဖြစ်နေပြီ။မင်းတို့ရွာကြီးဘယ်လိုနေလည်းမေးဖော်မရကြတော့ဘူးလား။

ကယ်သူဝေးနေတဲ့ဒို့ရွာကြီးကိုဘယ်တော့များမှငြိမ်းချမ်းမယ်ဆိုတာဆုတောင်းယုံမှတစ်ပါးအခြားဘာမှမရှိပါဘူး။

.ရွာမှာပြစ်ခဲ့တဲ့ကျည်ဆံဖိုးနဲ့မီးရှို့ပြစ်ခံရတဲ့ကျောင်းဆောင်လေးကိုပြုပြင်မွမ်းမံပေးလိုက်မယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလည်း။

အခုတော့ကျနော်တို့ရွာကြီးကသရဲတွေခြောက်ခံနေရပြီီ

ဇီးတောသူ၊ဇီးတောသားမှန်ရင်ရှယ်ပေးကြပါနော်မေတ္တာရပ်ခံပါတယ်

#Crd.