ၾကားသိသမွ်

ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေရှားက လူသိရှင်ကြားဝေဖန်

ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေရှားက လူသိရှင်ကြားဝေဖန်

ဇန်နဝါရီ ၁၄၊ ၂၀၂၂

-ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ကာ စစ်ကောင်စီနဲ့ တွေ့ဆုံမှုကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက လူသိရှင်ကြား ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ၂ ရက်တာ ခရီးစဉ်မှာ ဟွန်ဆန်ဟာ အာဏာသိမ်း စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ အပစ်ရပ်ရေးဆောင်ရွက်မှုကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။


ဟွန်ဆန်ရဲ့ ဒီလုပ်ရပ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတာပါ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်က ဟွန်ဆန်ဟာ ဒီကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် လုပ်တာလို့ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ဝေဖန်ခဲ့ပါတယ်။

“ဒီခရီးစဉ်မှာ သူဘာပြောသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင် အကုန်လုံးနဲ့ မဟုတ်ရင်တောင် တစ်ချို့နဲ့ တွေ့ဆုံအကြံဉာဏ်ယူတာမျိုး လုပ်သင့်ပါတယ်။ သူ့ကို ကျွန်တော်တို့ စာသင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆီယံခေါင်းဆောင်တွေဟာ ထူးထူးခြားခြားကိစ္စတွေ ဆောင်ရွက်တဲ့အခါတိုင်းမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးအကြံယူလေ့ရှိပါတယ်”


၂၀၂၀ ခုနှစ် အာဆီယံဥက္ကဌ တာဝန်ကို ကမ္ဘောဒီးယားက ထမ်းဆောင်ရမှာဖြစ်ပြီး မြန်မာကိစ္စမှာ အရင်နှစ် ဥက္ကဌ ဘရူနိုင်းနိုင်ငံနဲ့မတူတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က စီစဉ်နေတာပါ။ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဟွန်ဆန်က ခန့်အပ်ထားပါတယ်။

ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲနေတဲ့အတွက် လာမယ့်တစ်ပတ် ကမ္ဘောဒီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပါတယ်။


မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်မချင်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မပေးဘူးဆိုတဲ့မူကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: The Straits Times

Zawgyi

ဟြန္ဆန္၏ ျမန္မာခရီးစဥ္ကို မေလရွားက လူသိရွင္ၾကားေဝဖန္

ဇန္နဝါရီ ၁၄၊ ၂၀၂၂

-ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ျမန္မာနိုင္ငံကိုသြားေရာက္ကာ စစ္ေကာင္စီနဲ႔ ေတြ႕ဆုံမႈကို မေလးရွား နိုင္ငံျခားေရးဝန္ႀကီး ဆိုက္ဖူဒင္ အဘ္ဒူလာက လူသိရွင္ၾကား ေဝဖန္လိုက္ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က ၂ ရက္တာ ခရီးစဥ္မွာ ဟြန္ဆန္ဟာ အာဏာသိမ္း စစ္ေကာင္စီတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး စစ္ေကာင္စီရဲ့ အပစ္ရပ္ေရးေဆာင္ရြက္မႈကို ေထာက္ခံတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီခန႔္ နိုင္ငံျခားေရးဝန္ႀကီး ဦး၀ဏၰေမာင္လြင္ကို အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး တက္ဖို႔လည္း ဖိတ္ၾကားခဲ့ပါတယ္။

ဟြန္ဆန္ရဲ့ ဒီလုပ္ရပ္အတြက္ အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြထဲမွာ သေဘာထားကြဲလြဲမႈေတြ ရွိေနတာပါ။

မေလးရွားနိုင္ငံျခားေရးဝန္ႀကီး ဆိုက္ဖူဒင္က ဟြန္ဆန္ဟာ ဒီကိစၥကို ကိုယ့္သေဘာနဲ႔ကိုယ္ လုပ္တာလို႔ မေန႔က သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံမႈမွာ ေဝဖန္ခဲ့ပါတယ္။

“ဒီခရီးစဥ္မွာ သူဘာေျပာသင့္တယ္ဆိုတာနဲ႔ပတ္သက္ၿပီး အာဆီယံေခါင္းေဆာင္ အကုန္လုံးနဲ႔ မဟုတ္ရင္ေတာင္ တစ္ခ်ိဳ႕နဲ႔ ေတြ႕ဆုံအႀကံဉာဏ္ယူတာမ်ိဳး လုပ္သင့္ပါတယ္။ သူ႔ကို ကၽြန္ေတာ္တို႔ စာသင္ေနတာမဟုတ္ပါဘူး။

ဒါေပမယ့္ အာဆီယံေခါင္းေဆာင္ေတြဟာ ထူးထူးျခားျခားကိစၥေတြ ေဆာင္ရြက္တဲ့အခါတိုင္းမွာ အဖြဲ႕ဝင္နိုင္ငံေတြနဲ႔ ေဆြးေႏြးအႀကံယူေလ့ရွိပါတယ္”

၂၀၂၀ ခုႏွစ္ အာဆီယံဥကၠဌ တာဝန္ကို ကေမၻာဒီးယားက ထမ္းေဆာင္ရမွာျဖစ္ၿပီး ျမန္မာကိစၥမွာ အရင္ႏွစ္ ဥကၠဌ ဘ႐ူနိုင္းနိုင္ငံနဲ႔မတူတဲ့ ပုံစံမ်ိဳးနဲ႔ ခ်ဥ္းကပ္ေဆာင္ရြက္ဖို႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က စီစဥ္ေနတာပါ။ နိုင္ငံျခားေရးဝန္ႀကီး ပရက္ဆိုခြန္ကို ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဟြန္ဆန္က ခန႔္အပ္ထားပါတယ္။

ဟြန္ဆန္ရဲ့ ျမန္မာနိုင္ငံခရီးစဥ္နဲ႔ပတ္သက္ၿပီး အဖြဲ႕ဝင္နိုင္ငံေတြအၾကား သေဘာထားကြဲလြဲေနတဲ့အတြက္ လာမယ့္တစ္ပတ္ ကေမၻာဒီးယားမွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို အကန႔္အသတ္မရွိ ေရႊ႕ဆိုင္းလိုက္ရပါတယ္။

ျမန္မာအာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ၂၀၂၁ ခုႏွစ္ ဧၿပီလမွာ ရရွိတဲ့ သေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္မေဖာ္မခ်င္း အာဆီယံထိပ္သီးအစည္းအေဝးေတြမွာ စစ္ေကာင္စီကိုယ္စားလွယ္ေတြ တက္ေရာက္ခြင့္မေပးဘူးဆိုတဲ့မူကို ဆက္လက္ဆုပ္ကိုင္ထားတယ္လို႔ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

Ref: The Straits Times