ၾကားသိသမွ်
လက်နတ်ကြီးနဲ့ အဖိခံနေရတယ်ကြားပြီး ဒီ post ကို ရေးချင်စိတ်ဖြစ်လာတာ
လေးကေးကော်မှာ PDF မိန်းကလေးတစ်ယောက် မော်တာကျည်ထိလို့ ခြေထောက်ဖြတ်ရမယ်ကြားပြီး ဒီ post ကို ရေးချင်စိတ်ဖြစ်လာတာ
တခြား လက်နတ်ကြီးနဲ့ အဖိခံနေရတဲ့ ရဲဘော်တွေအတွက်လည်း အသုံးတည့်မယ်ထင်ပါတယ်။သိသလောက်လေး မျှဝေပေးတာပါ ဆရာကြီးတော့ မဟုတ်ပါ။
120 mm mortar နဲ့ ပစ်ရင် long range 13,500 မီတာအထိ ရောက်နိုင်ပါတယ်။Effective firing range က 9400 meters ရှိတယ်။
အဝေးက ပစ်ရတဲ့ လက်နတ်ဖြစ်တဲ့အတွက် အကွာအဝေးပေါ်မူတည်ပြီး ငါးစက္ကန့် ခြောက်စက္ကန့်လောက် ကြာပြီးမှ ရောက်လာပြီး ပေါက်ကွဲတက်တယ်။
သစ်ပင် သစ်ကိုင်းတွေနဲ့ ထိရင်လည်း target မရောက်ခင် ပေါက်ကွဲတက်ပါသေးတယ်။
စစ်ခွေးတွေက 120 မမ / 60 မမ တို့ကို သိပ်အားကိုးပြီး အသုံးပြုတယ်။ ဒါကြောင့် ဒီလက်နတ်တွေအကြောင်းကို မြေပြင်အတွေ့အကြုံနဲ့ google မှာပါ လေ့လာမိသလောက် ပြန်ပြီး knowledge sharing လုပ်ပေးတာပါ။
အဲ့ဒီလို မော်တာနဲ့ပစ်ပြီဆိုရင် သွေးရူးသွေးတန်းနဲ့ လျှောက်မပြေးပါနဲ့ မြေပြင်မှာ အသာလေးမှောက်နေလိုက်ပါ။ တောင်ပေါ်တက်ပြေးလည်းမလွတ်ဘူး / လျိုထဲဆင်းပြေးလည်း မလွတ်ပါဘူး။
အရေးကြီးတာက သူ့မော်တာကျည် သက်ရောက်နိုင်တဲ့ range ထဲမှာ မနေဖို့ပါပဲ။ပစ်ပါစေ နှစ်ချက်သုံးချက်လောက်အထိ စောင့်ကြည့်နေပါ။
( 1 ) ကျည် ဘယ်ဘက်က လာသလည်း လေ့လာပါ။
( 2 ) ကိုယ့်ခေါင်းပေါ်က ကျော်ပြီး / ကိုယ်ရှိနေတဲ့နေရာကို လွန်ထွက်သွားပြီး ကွဲသလား။
( 3 ) ကိုယ့်ဆီအထိ မရောက်လာပဲ အရှေ့မှာ ကွဲသလား။
( 4 ) ကိုယ်နဲ့ မျဉ်းဖြောင့် တစ်တန်းတည်း ကျတဲ့ နေရာမှာ ကွဲသလား။သေချာလေ့လာကြည့်ပါ……..
နံပါတ် ( 4 ) ဆိုရင်တော့ အန္တရာယ်ရှိပြီ နေရာပြောင်းရတော့မယ်…….. မော်တာကျည်လာရာ ရှေ့တည့်တည့်ဘက်ကို ပြေးမလား / ဆန့်ကျင်ဘက် သူ့ကျည် မရောက်နိုင်တဲ့ အကွာအဝေးအထိ ပြေးမလား အဲ့နှစ်ချက်ပဲ စဉ်းစားရမယ်။
အဲ့ဒီမှာမှ အရှေ့ဘက်ကို ပြေးရင် ပြေးလမ်းသာ မလား အချိန်တိုအတွင်း ကိုယ့်အတွက် save zone ထဲရောက်နိုင်မလား / ဒါမှမဟုတ် ဆန့်ကျင်ဘက် မော်တာကျည်သွားတဲ့လမ်းကြောင်းအတိုင်း လွတ်တဲ့နေရာအထိရောက်အောင် ပြေးမလား ? ဒါကတော့ ကိုယ့်ဟာကိုယ် မြေပြင် အနေအထားကိုကြည့်ပြီး ဆုံးဖြတ်ပေါ့။
မော်တာပစ်တဲ့ စစ်ခွေးတွေက အများအားဖြင့် နေရာတစ်ခုမှာ setting အထိုင် ချပြီး ပစ်တာများတယ် ပြီးတော့ တောင်ကုန်းတွေ အမြင့်နေရာတွေမှာ အထိုင်ယူပြီး ပစ်တာများတယ် ။
ထိ မထိ သူတို့လည်းမသိတဲ့အတွက် နေရာလည်း တော်ရုံနဲ့ မပြောင်းဘူး ဘယ်နေရာကို ပြောင်းပစ်ရမယ်မှန်း သူတို့လည်း မခန့်မှန်းနိုင်ဘူး။နိုင်ငံတဝမ်းPDFများဗဟုသုတရကြပါစေ။
စာကြွင်း..PDF အမျိုးသမီးငယ်ခြေထောက်မဖြတ်ရပါ..
အမှန်တရားမြတ်နိုးသူမိဘညီကိုအားလုံးဘေကင်းကြပါစေ…
#သေမင်း
#crd_to_owner
Zawgyi
#သေမင်း
#crd_to_owner