ၾကားသိသမွ်

ထင်ယောင်ထင်မှားဖြစ်စေသည့်သတင်းမှားထွက်ပေါ်လာမှုကို ဗိုလ်နဂါးမှမိဘပြည်သူများသို့အသိပေးဖြေရှင်း

ပြီးခဲ့တဲ့ 10/01/2022 ရက်နေ့က ဦးနှောက်ကျေးရွာ တွေ့ဆုံပွဲမှာ ကျနော်ပါတယ်ဆိုပြီး

ရန်သူ့ဘက် စစ်ရဟတ်ယာဉ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်အပြီး

ကျနော့်အနီးအနားကတယောက် သူလျှိုဖြစ်နေတယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်စေသည့်

သတင်းမှားထွက်ခဲ့တာ စိတ်မကောင်းဖွယ်ကြားသိနေရပါတယ်…..

ဒီအတွက် မိဘပြည်သူများရဲ့စိတ်ကိုလည်း စိုးရိမ်ပူပန်မှုဖြစ်စေခဲ့ပါတယ်…..

တကယ်က အခုချိန်ထိတော့ ကျနော့်အနားကရဲဘော်တွေဟာ ယောက်ျားလေးရော မိန်းကလေးပါ ငွေကြေးကိစ္စပိုင်း၊ တိုက်ခိုက်ရေးနဲ့

လုံခြုံရေးကိစ္စတွေမှာပါ


လုံးဝယုံကြည်စိတ်ချရတဲ့ တည်တည်ကြည်ကြည်ရဲဘော်တွေသာဖြစ်ကြောင်းနဲ့ ယုံယုံကြည်ကြည်ဆက်ဆံလိုရတဲ့သူတွေဖြစ်ကြောင်းသိစေ

လိုပါတယ်……

ဒီကနေ့ ကျနာ့်အောင်မြင်မှုဆိုတာလည်း ကျနော့်ရဲဘော်အားလုံးနဲ့တကွ အနီးအနားကနေ အဖွဲ့အစည်းအတွက် တာဝန်အသီးသီးယူထား

ကြတဲ့ ကလေးတွေရဲ့ ဝိုင်းဝန်းကြိုးစားမှုသာဖြစ်ပါကြောင်း အသိပေးချင်ပါတယ်……


အထင်လွဲမှားမှုတွေရှိနေပါ၍ မိဘပြည်သူများနားလည်နိုင်ကြစေရန်နှင့် စိုးရိမ်မှုတွေကင်းစေဖို့အတွက် ဒိစာကိုရေးသားတင်ပြအပ်ပါသည်။

#ဗိုလ်နဂါး

#မြန်မာ့တော်ဝင်နဂါးတပ်တော်








#ဗိုလ်နဂါး
