ၾကားသိသမွ်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်လတွင် ကျရောက်မည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ယခင် အရပ်သားသမ္မတများသာ ကျင်းပသည့် အခမ်းအနားကို ကျင်းပမည့် ပထမဆုံး အာဏာရှင် ဖြစ်လာတော့မည်ဖြစ်သည်။

ဗိုလ်ရှုသဘင်အခမ်းအနားသည် ပုံမှန်အားဖြင့် နိုင်ငံ၏ အရပ်သားသမ္မတများကို ဂုဏ်ပြုတပ်ဖွဲ့များ၊ စစ်သားနှင့် ရဲ စစ်ကြောင်းများနှင့် လူမှုအဖွဲ့အစည်းဝင်များက အလေးပြုသော အခမ်းအနားဖြစ်သည်။ ထိုအခမ်းအနားကို လွတ်လပ်ရေးနေ့ကဲ့သို့သော နိုင်ငံအတွက် အရေးပါသည့် နေ့များတွင် ကျင်းပလေ့ရှိသည်။


နောက်ဆုံးအကြိမ် ဗိုလ်ရှုသဘင်အခမ်းအနားကို သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့က ကျင်းပခဲ့သည်။ ထိုစဉ်က မင်းအောင်လှိုင်သည် စစ်တပ်အကြီးအကဲအနေဖြင့် ထိုစဉ်က သမ္မတဦးသိန်းစိန်ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီး ယာဉ်ကြော ၂၀ ပါဝင်သည့် ရာဇဋ္ဌာနီလမ်းမှ မဏ္ဍပ်တခုတွင် အလေးပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်တွင် ထိုအခမ်းအနားကို ကျင်းပခြင်းမရှိပါ။

“၂၀၁၅ ခုနှစ်ကလိုပဲ ဒီနှစ် ဗိုလ်ရှုသဘင်ကို လွှတ်တော်အဆောက်အအုံနားက ရာဇဋ္ဌာနီလမ်းမှာကျင်းပမယ်” ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ထိုစစ်ရေးပြအခမ်းအနားကို ၁၉၅၂ ခုနှစ်မှ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်အထိ အနည်းဆုံး ၃ ကြိမ် ကျင်းပခဲ့ဖူးသည်။ အာဏာရှင်များဖြစ်သော နေဝင်းနှင့် သန်းရွှေတို့၏ လက်အောက်တွင် ထိုအခမ်းအနား ကျင်းပခြင်း မရှိပေ။ မင်းအောင်လှိုင်သည် ထိုစစ်ရေးပြပွဲ ကျင်းပသည့် ပထမဆုံး စစ်ဘက်ရာထူးထမ်းဆောင်ဆဲ ပုဂ္ဂိုလ် ဖြစ်သည်။


ယခုနှစ်တွင် ထိုအခမ်းအနားကျင်းပရခြင်း၏ တရားဝင်အကြောင်းရင်းမှာ စိန်ရတုပြည်ထောင်စုနေ့ ကျရောက်သောကြောင့်ဖြစ်သည်။ နိုင်ငံ၏လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်များမှကိုယ်စားလှယ်များသည် မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုသည့် သဘောတူညီချက်တခုကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့သည်။

သို့သော် မင်းအောင်လှိုင်သည် ထိုသို့ကြီးကျယ်သည့် အခမ်းအနားကို သူ့ကိုယ်သူ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက သူ စစ်အာသိမ်းလိုက်သောကြောင့် ပျက်စီးသွားသော နိုင်ငံ၏ အကြီးအကဲသဖွယ် မိမိကိုယ်ကိုယ် ဂုဏ်တင်ပြသရန် အသုံးချသည်ဟု အများအပြားကယုံကြည်သည်။

“သူက သမ္မတရူးရူးနေပြီး သူ့အာဏာကို ပြချင်နေတာလို့ ကျနော်ထင်တယ်” ဟု ခေတ်ရနံ့မီဒီယာမှ အယ်ဒီတာချုပ် ဦးပြည်သွေးနိုင်ပြောသည်။


အခြားမေးစရာမေးခွန်းမှာ အခမ်းအနားအတွက် ကုန်ကျစရိတ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဦးသိန်းစိန်သည် အခမ်းအနားကျင်းပစရိတ် ကျပ် ၆၀ ဘီလီယံကျော် ပြခဲ့၍ သူ့ကို လွှတ်တော်က မေးခွန်းထုတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် လွွတ်တော်အစည်းအေဝး မကျင်းပေသာကြောင့် ယခုနွစ်အခမ်းအနားကို အျမားပြည်သူ လေ့လာစမ်းစစ်မှု မရွိဘဲ ကျင်းပခြင်းဖြစ်ပြီး အထူးသဖြင့် စစ်အာဏာသ်ိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး စိုက်ဆင်းနေခြိန်တွင် ထိုကုန်ကျစရိတ်ကို မည်သို့ကခြံမည်ကို ရွင်းလင်းစွာ မသိရေပ။

“ကပ်ရောဂါနဲ့ စီးပွားကျဆင်းနေတဲ့ ခုလိုအချိန်မှာ ဒါငွေကို အလဟသ ဖြုန်းတီးတာ” ဟု စစ်ဗိုလ်ဟောင်းတဦး ပြောသည်။

Zawgyi

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ လာမည့္လတြင္ က်ေရာက္မည့္ ၇၅ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔တြင္ ဗိုလ္ရႈသဘင္အခမ္းအနားက်င္းပရန္ ျပင္ဆင္ေနသည္။ ထို႔ေၾကာင့္ ယခင္ အရပ္သားသမၼတမ်ားသာ က်င္းပသည့္ အခမ္းအနားကို က်င္းပမည့္ ပထမဆုံး အာဏာရွင္ ျဖစ္လာေတာ့မည္ျဖစ္သည္။

ဗိုလ္ရႈသဘင္အခမ္းအနားသည္ ပုံမွန္အားျဖင့္ နိုင္ငံ၏ အရပ္သားသမၼတမ်ားကို ဂုဏ္ျပဳတပ္ဖြဲ႕မ်ား၊ စစ္သားႏွင့္ ရဲ စစ္ေၾကာင္းမ်ားႏွင့္ လူမႈအဖြဲ႕အစည္းဝင္မ်ားက အေလးျပဳေသာ အခမ္းအနားျဖစ္သည္။ ထိုအခမ္းအနားကို လြတ္လပ္ေရးေန႔ကဲ့သို႔ေသာ နိုင္ငံအတြက္ အေရးပါသည့္ ေန႔မ်ားတြင္ က်င္းပေလ့ရွိသည္။

ေနာက္ဆုံးအႀကိမ္ ဗိုလ္ရႈသဘင္အခမ္းအနားကို သမၼတ ဦးသိန္းစိန္က ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔၊ လြတ္လပ္ေရးေန႔က က်င္းပခဲ့သည္။ ထိုစဥ္က မင္းေအာင္လွိုင္သည္ စစ္တပ္အႀကီးအကဲအေနျဖင့္ ထိုစဥ္က သမၼတဦးသိန္းစိန္ကို ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံအနီး ယာဥ္ေၾကာ ၂၀ ပါဝင္သည့္ ရာဇ႒ာနီလမ္းမွ မ႑ပ္တခုတြင္ အေလးျပဳခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရေအာက္တြင္ ထိုအခမ္းအနားကို က်င္းပျခင္းမရွိပါ။

“၂၀၁၅ ခုႏွစ္ကလိုပဲ ဒီႏွစ္ ဗိုလ္ရႈသဘင္ကို လႊတ္ေတာ္အေဆာက္အအုံနားက ရာဇ႒ာနီလမ္းမွာက်င္းပမယ္” ဟု ေနျပည္ေတာ္မွ သတင္းရင္းျမစ္မ်ားေျပာသည္။

ထိုစစ္ေရးျပအခမ္းအနားကို ၁၉၅၂ ခုႏွစ္မွ ဗိုလ္ခ်ဳပ္ေနဝင္း အာဏာသိမ္းသည့္ ၁၉၆၂ ခုႏွစ္အထိ အနည္းဆုံး ၃ ႀကိမ္ က်င္းပခဲ့ဖူးသည္။ အာဏာရွင္မ်ားျဖစ္ေသာ ေနဝင္းႏွင့္ သန္းေရႊတို႔၏ လက္ေအာက္တြင္ ထိုအခမ္းအနား က်င္းပျခင္း မရွိေပ။ မင္းေအာင္လွိုင္သည္ ထိုစစ္ေရးျပပြဲ က်င္းပသည့္ ပထမဆုံး စစ္ဘက္ရာထူးထမ္းေဆာင္ဆဲ ပုဂၢိဳလ္ ျဖစ္သည္။

ယခုႏွစ္တြင္ ထိုအခမ္းအနားက်င္းပရျခင္း၏ တရားဝင္အေၾကာင္းရင္းမွာ စိန္ရတုျပည္ေထာင္စုေန႔ က်ေရာက္ေသာေၾကာင့္ျဖစ္သည္။ နိုင္ငံ၏လြတ္လပ္ေရး သူရဲေကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရွမ္း၊ ကခ်င္ႏွင့္ ခ်င္းျပည္နယ္မ်ားမွကိုယ္စားလွယ္မ်ားသည္ ျမန္မာတနိုင္ငံလုံး လြတ္လပ္ေရးေပးရန္ ၿဗိတိသၽွအစိုးရကို ေတာင္းဆိုသည့္ သေဘာတူညီခ်က္တခုကို ၁၉၄၇ ခုႏွစ္ ေဖေဖၚဝါရီလ ၁၂ ရက္ေန႔က လက္မွတ္ ေရးထိုးခဲ့သည္။

သို႔ေသာ္ မင္းေအာင္လွိုင္သည္ ထိုသို႔ႀကီးက်ယ္သည့္ အခမ္းအနားကို သူ႔ကိုယ္သူ လြန္ခဲ့ေသာႏွစ္ ေဖေဖၚဝါရီလက သူ စစ္အာသိမ္းလိုက္ေသာေၾကာင့္ ပ်က္စီးသြားေသာ နိုင္ငံ၏ အႀကီးအကဲသဖြယ္ မိမိကိုယ္ကိုယ္ ဂုဏ္တင္ျပသရန္ အသုံးခ်သည္ဟု အမ်ားအျပားကယုံၾကည္သည္။

“သူက သမၼတ႐ူး႐ူးေနၿပီး သူ႔အာဏာကို ျပခ်င္ေနတာလို႔ က်ေနာ္ထင္တယ္” ဟု ေခတ္ရနံ့မီဒီယာမွ အယ္ဒီတာခ်ဳပ္ ဦးျပည္ေသြးနိုင္ေျပာသည္။

အျခားေမးစရာေမးခြန္းမွာ အခမ္းအနားအတြက္ ကုန္က်စရိတ္ျဖစ္သည္။ ၂၀၁၅ ခုႏွစ္က ဦးသိန္းစိန္သည္ အခမ္းအနားက်င္းပစရိတ္ က်ပ္ ၆၀ ဘီလီယံေက်ာ္ ျပခဲ့၍ သူ႔ကို လႊတ္ေတာ္က ေမးခြန္းထုတ္ခဲ့သည္။

အာဏာသိမ္းၿပီးေနာက္ လြြတ္ေတာ္အစည္းေအဝး မက်င္းေပသာေၾကာင့္ ယခုႏြစ္အခမ္းအနားကို အ်မားျပည္သူ ေလ့လာစမ္းစစ္မႈ မရြိဘဲ က်င္းပျခင္းျဖစ္ၿပီး အထူးသျဖင့္ စစ္အာဏာသ္ိမ္းမႈေၾကာင့္ တိုင္းျပည္စီးပြားေရး စိုက္ဆင္းေနၿခိန္တင္ ထိုကုန္က်စရိတ္ကို မည္သို႔ကၿခံမည္ကို ရြင္းလင္းစြာ မသိေရပ။

“ကပ္ေရာဂါနဲ႔ စီးပြားက်ဆင္းေနတဲ့ ခုလိုအခ်ိန္မွာ ဒါေငြကို အလဟသ ျဖဳန္းတီးတာ” ဟု စစ္ဗိုလ္ေဟာင္းတဦး ေျပာသည္။