ၾကားသိသမွ်

NLD အမတ် ဦးဖြိုးဇေယျာသော် ထွက်ဆိုချက်ရုပ်သံဖိုင် စစ်ကောင်စီထုတ်ပြ

NLD အမတ် ဦးဖြိုးဇေယျာသော် ထွက်ဆိုချက်ရုပ်သံဖိုင် စစ်ကောင်စီထုတ်ပြ

■ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ရတနာနှင်းဆီကွန်ဒိုအိမ်ရာမှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက် ရုပ်သံဖိုင်တစ်ခုကို ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲမှာ ဦးဖြိုးဇေယျာသော်က သူ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလကနေစပြီး ဖောက်ခွဲရေး လုပ်ငန်းပေါင်း ၁၇၈ ကြိမ်၊ ပျံလွှားအောင် စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ အောက်တိုဘာလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှု ၁၁ ကြိမ်၊ ဗုံးကွဲတိုက်ခိုက်မှု ၁၀ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

“လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်”လို့ ၂ မိနစ်နဲ့ ၂၅ စက္ကန့်ရှိတဲ့ အဲဒီရုပ်သံဖိုင်ထဲမှာ ဦးဖြိုးဇေယျာသော်က ပြောဆိုထားပါတယ်။

ပြီးခဲတဲ့နှစ် မတ်လကုန်လောက်မှာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ လက်နက်ကိုင် လမ်းစဉ်ကလည်း ပစ်မထားသင့်တဲ့ လမ်းစဉ်တစ်ခုဖြစ်တယ်လို့ပြောဆိုပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် လူငယ်တွေကို စေလွှတ်ဖို့ စေခိုင်းခဲ့တယ်လို့ ဦးဖြိုးဇေယျာသော်က ထွက်ဆိုထားတာပါ။

အဲဒါကြောင့် လူငယ် အယောက် ၁၀၀ လောက်ကို ၅ သုတ်ခွဲပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေဆီ လက်နက်ငယ်သင်တန်းနဲ့ ဖောက်ခွဲရေး သင်တန်းတွေတက်ဖို့ စေလွှတ်ခဲ့တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောထားပါတယ်။

လက်နက်တွေကို ရန်ကုန်ထဲကို သွင်းလာတဲ့အခါမှာလည်း မီးစက်၊ ဂတ်စ်အိုး၊ အောက်ဆီဂျင်အိုး၊ အင်ဂျင်အိုး၊ ထမင်းပေါင်းအိုး၊ ဆောင်းဘောက်၊ ဂီယာဘောက်တွေ၊ ငါးပိပုန်းတွေထဲ ထည့်သွင်း မြုပ်နှံပြီး ခရီးသည်တင် Express ကားတွေ ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေနဲ့ သယ်ယူကြောင်း ထွက်ဆိုချက်လည်း ပါဝင်ပါတယ်။

“ရိက္ခာဆိုင်ရာ၊ ပုန်းခိုဖို့အတွက် ကိစ္စရပ်တွေ အကြမ်းဖက်ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ အတွက် လက်နက်ခဲယမ်း၊ ဖောက်ခွဲရေး လုပ်ငန်းတွေလုပ်ဖို့အတွက်ကို တာဝန်ယူခဲ့ပါတယ်”လို့ ဦးဖြိုးဇေယျာသော်က ပြောဆိုထားပါတယ်။

သူတို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၊ EPC၊ ကညန၊ CCTV အစရှိတဲ့ နေရာတွေကို ဖောက်ခွဲ ဖျက်ဆီးဖို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့လည်း ထွက်ဆိုထားပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အဖမ်းခံရပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ဒီနေ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာမှ ပြန်လည်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲ ဖျက်ဆီးခံရမှု ၁၇၈ ကြိမ်၊ သတ်ဖြတ်ခံရမှု ၃၆ ခုတို့မှာ ပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲထားပြီး သူအဖမ်းခံရပြီးတဲ့နောက် နောက်ဆက်တွဲအဖြစ် လူပေါင်း ၂၉၃ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

အဲဒါအပြင် လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ် သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ် စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံးအပါအဝင် ဆက်သွယ်ရေးပစ္စည်းတွေ၊ ဖောက်ခွဲရေးနဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ RFA

(၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ ဗီဒီယိုဖိုင်ကို ပြသစဥ်)

Zawgyi

NLD အမတ္ ဦးၿဖိဳးေဇယ်ာေသာ္ ထြက္ဆိုခ်က္႐ုပ္သံဖိုင္ စစ္ေကာင္စီထုတ္ျပ

■ ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၁၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရတနာႏွင္းဆီကြန္ဒိုအိမ္ရာမွာ အဖမ္းခံလိုက္ရတဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္ရဲ့ ထြက္ဆိုခ်က္ ႐ုပ္သံဖိုင္တစ္ခုကို ဒီေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ စစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ျပခဲ့ပါတယ္။

႐ုပ္သံဖိုင္ထဲမွာ ဦးၿဖိဳးေဇယ်ာေသာ္က သူ႔အေနနဲ႔ ရန္ကုန္တိုင္းအတြင္းမွာ ဧၿပီလကေနစၿပီး ေဖာက္ခြဲေရး လုပ္ငန္းေပါင္း ၁၇၈ ႀကိမ္၊ ပ်ံလႊားေအာင္ စစ္ဆင္ေရးဆိုတဲ့ ေခါင္းစဥ္နဲ႔ စက္တင္ဘာလ ၁၀ ရက္ေန႔ကေန ေအာက္တိုဘာလကုန္အထိ ပစ္ခတ္တိုက္ခိုက္မႈ ၁၁ ႀကိမ္၊ ဗုံးကြဲတိုက္ခိုက္မႈ ၁၀ ႀကိမ္လုပ္ေဆာင္ခဲ့တယ္လို႔ ထြက္ဆိုခဲ့ပါတယ္။

“လုပ္ကိုင္ေဆာင္ရြက္တဲ့အခါမွာ စစ္ေရးဆိုင္ရာ ပစ္မွတ္ေတြကို တိုက္ခိုက္ဖို႔ ေဆာင္ရြက္ခဲ့ၾကပါတယ္”လို႔ ၂ မိနစ္နဲ႔ ၂၅ စကၠန႔္ရွိတဲ့ အဲဒီ႐ုပ္သံဖိုင္ထဲမွာ ဦးၿဖိဳးေဇယ်ာေသာ္က ေျပာဆိုထားပါတယ္။

ၿပီးခဲတဲ့ႏွစ္ မတ္လကုန္ေလာက္မွာ လက္ရွိ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က အာဏာရွင္စနစ္ဆန႔္က်င္ေရးမွာ လက္နက္ကိုင္ လမ္းစဥ္ကလည္း ပစ္မထားသင့္တဲ့ လမ္းစဥ္တစ္ခုျဖစ္တယ္လို႔ေျပာဆိုၿပီး လက္နက္ကိုင္ ေတာ္လွန္ေရးအတြက္ လူငယ္ေတြကို ေစလႊတ္ဖို႔ ေစခိုင္းခဲ့တယ္လို႔ ဦးၿဖိဳးေဇယ်ာေသာ္က ထြက္ဆိုထားတာပါ။

အဲဒါေၾကာင့္ လူငယ္ အေယာက္ ၁၀၀ ေလာက္ကို ၅ သုတ္ခြဲၿပီး ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) နယ္ေျမေတြဆီ လက္နက္ငယ္သင္တန္းနဲ႔ ေဖာက္ခြဲေရး သင္တန္းေတြတက္ဖို႔ ေစလႊတ္ခဲ့တယ္လို႔ ဦးၿဖိဳးေဇယ်ာေသာ္က ေျပာထားပါတယ္။

လက္နက္ေတြကို ရန္ကုန္ထဲကို သြင္းလာတဲ့အခါမွာလည္း မီးစက္၊ ဂတ္စ္အိုး၊ ေအာက္ဆီဂ်င္အိုး၊ အင္ဂ်င္အိုး၊ ထမင္းေပါင္းအိုး၊ ေဆာင္းေဘာက္၊ ဂီယာေဘာက္ေတြ၊ ငါးပိပုန္းေတြထဲ ထည့္သြင္း ျမဳပ္ႏွံၿပီး ခရီးသည္တင္ Express ကားေတြ ကုန္ပစၥည္းသယ္ယူတဲ့ကားေတြနဲ႔ သယ္ယူေၾကာင္း ထြက္ဆိုခ်က္လည္း ပါဝင္ပါတယ္။

“ရိကၡာဆိုင္ရာ၊ ပုန္းခိုဖို႔အတြက္ ကိစၥရပ္ေတြ အၾကမ္းဖက္ကိစၥရပ္ေတြကို ေဆာင္ရြက္ဖို႔ အတြက္ လက္နက္ခဲယမ္း၊ ေဖာက္ခြဲေရး လုပ္ငန္းေတြလုပ္ဖို႔အတြက္ကို တာဝန္ယူခဲ့ပါတယ္”လို႔ ဦးၿဖိဳးေဇယ်ာေသာ္က ေျပာဆိုထားပါတယ္။

သူတို႔အေနနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ EPC၊ ကညန၊ CCTV အစရွိတဲ့ ေနရာေတြကို ေဖာက္ခြဲ ဖ်က္ဆီးဖို႔အတြက္ ေဆြးေႏြးတိုင္ပင္ခဲ့ၾကတယ္လို႔လည္း ထြက္ဆိုထားပါတယ္။

NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ ဦးၿဖိဳးေဇယ်ာေသာ္ကို ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလ ၁၈ ရက္ေန႔ အဖမ္းခံရၿပီးကတည္းက လူျမင္ကြင္းကေန ေပ်ာက္ကြယ္သြားၿပီး ဒီေန႔ စစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပြဲမွာမွ ျပန္လည္ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဦးၿဖိဳးေဇယ်ာေသာ္ကို စစ္ေကာင္စီက ရန္ကုန္တိုင္းအတြင္း ေဖာက္ခြဲ ဖ်က္ဆီးခံရမႈ ၁၇၈ ႀကိမ္၊ သတ္ျဖတ္ခံရမႈ ၃၆ ခုတို႔မွာ ပါဝင္ပတ္သက္မႈနဲ႔ စြပ္စြဲထားၿပီး သူအဖမ္းခံရၿပီးတဲ့ေနာက္ ေနာက္ဆက္တြဲအျဖစ္ လူေပါင္း ၂၉၃ ဦးလည္း အဖမ္းခံခဲ့ရပါတယ္။

အဲဒါအျပင္ လက္နက္မ်ိဳးစုံ ၁၆၉ လက္၊ လက္လုပ္ ေသနတ္မ်ိဳးစုံ ၂၃၁ လက္၊ လက္လုပ္ စိန္ေျပာင္း ၆ လက္၊ က်ည္အိမ္မ်ိဳးစုံ ၃၁၂ ခု၊ က်ည္မ်ိဳးစုံ ၁၈၈၁၀ ေတာင့္၊ ၄၀ မမဗုံးသီး ၄၃ လုံးအပါအဝင္ ဆက္သြယ္ေရးပစၥည္းေတြ၊ ေဖာက္ခြဲေရးနဲ႔ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဖမ္းမိေၾကာင္း စစ္ေကာင္စီက ေၾကညာခဲ့ပါတယ္။ RFA

(၂၀၂၂ ဇန္နဝါရီ ၁၄ ရက္ေန႔ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္ရဲ့ ဗီဒီယိုဖိုင္ကို ျပသစဥ္)