တူမီးထက် ထိရောက်မှုရှိဖို့ လက်လုပ်လောင်ချာ ကို စမ်းသပ်တီထွင်အောင်မြင်ခဲ့တဲ့ မကွေး PDF
(ရုပ် သံဖိုင်ကို အောက်တွင် ကြည့်ရှုပါရန်)
စစ်ကောင်စီကို ပိုပြီးထိထိရောက်ရောက် တော်လှန်နိုင်ဖို့အတွက်
မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MGPDF က လက်လုပ်လောင်ချာတခုကို
စမ်းသပ်ထုတ်လုပ်ခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက် နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး
တူမီးသေနတ်ထက်ပိုပြီးထိရောက်မှုရှိဖို့ ရည်ရွယ်ချက်နဲ့ ခုလိုထုတ်လုပ်ခဲ့တာဖြစ်တယ်လို့
MGPDF ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
“ကျနော်တို့က တူမီးပဲအများစုအားကိုးနေရတဲ့အတွက်
ထိရောက်မှုအားနည်းနေလို့ ပေါက်ကွဲအားကြီးတဲ့လက်နက်အဖြစ်အသုံးပြုဖို့ထုတ်လုပ်တာ၊
ထုတ်တာကတော့ လွန်ခဲ့တဲ့ ၁ လလောက်ကတည်းကထုတ်တာ၊ ခုမှ ချပြတာပါ၊ “ လို့သူကပြောပါတယ်။
ခုလိုထုတ်လုပ်ရာမှာလည်း ကုန်ကြမ်းပစ္စည်းတွေရှားပါးကာ စျေးကြီးပေးပြီးဝယ်ရတာကြောင့်
ပြည်သူတွေအနေနဲ့ မိမိတို့နဲ့ နီးစပ်တဲ့ PDF တွေကို တတ်နိုင်သလောက်
ထောက်ပံ့ပေးကြပါလို့ MGPDF ရဲ့ တာဝန်ရှိသူကဆက်ပြောပါတယ်။
MGPDF ဟာ မကွေးတိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။
Zawgyi
တူမီးထက္ ထိေရာက္မႈရွိဖို႔ လက္လုပ္ေလာင္ခ်ာ ကို စမ္းသပ္တီထြင္ေအာင္ျမင္ခဲ့တဲ့ မေကြး PDF
(႐ုပ္ သံဖိုင္ကို ေအာက္တြင္ ၾကည့္ရႈပါရန္)
စစ္ေကာင္စီကို ပိုၿပီးထိထိေရာက္ေရာက္ ေတာ္လွန္နိုင္ဖို႔အတြက္
မေကြးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – MGPDF က လက္လုပ္ေလာင္ခ်ာတခုကို
စမ္းသပ္ထုတ္လုပ္ခဲ့တယ္လို႔ ဇန္နဝါရီ ၁၅ ရက္ ေန႔လည္ပိုင္းမွာ သတင္းထုတ္ျပန္ထားပါတယ္။
လြန္ခဲ့တဲ့ ၁ လေလာက္ကတည္းက ထုတ္လုပ္ထားခဲ့တာျဖစ္ၿပီး
တူမီးေသနတ္ထက္ပိုၿပီးထိေရာက္မႈရွိဖို႔ ရည္ရြယ္ခ်က္နဲ႔ ခုလိုထုတ္လုပ္ခဲ့တာျဖစ္တယ္လို႔
MGPDF ရဲ့ တာဝန္ရွိသူတဦးကေျပာပါတယ္။
“က်ေနာ္တို႔က တူမီးပဲအမ်ားစုအားကိုးေနရတဲ့အတြက္
ထိေရာက္မႈအားနည္းေနလို႔ ေပါက္ကြဲအားႀကီးတဲ့လက္နက္အျဖစ္အသုံးျပဳဖို႔ထုတ္လုပ္တာ၊
ထုတ္တာကေတာ့ လြန္ခဲ့တဲ့ ၁ လေလာက္ကတည္းကထုတ္တာ၊ ခုမွ ခ်ျပတာပါ၊ “ လို႔သူကေျပာပါတယ္။
ခုလိုထုတ္လုပ္ရာမွာလည္း ကုန္ၾကမ္းပစၥည္းေတြရွားပါးကာ ေစ်းႀကီးေပးၿပီးဝယ္ရတာေၾကာင့္
ျပည္သူေတြအေနနဲ႔ မိမိတို႔နဲ႔ နီးစပ္တဲ့ PDF ေတြကို တတ္နိုင္သေလာက္
ေထာက္ပံ့ေပးၾကပါလို႔ MGPDF ရဲ့ တာဝန္ရွိသူကဆက္ေျပာပါတယ္။
MGPDF ဟာ မေကြးတိုင္းအတြင္း စစ္ေကာင္စီကို ေတာ္လွန္တိုက္ခိုက္ေနတဲ့
ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တခုလည္းျဖစ္ပါတယ္။