စစ်တပ်အာဏာသိမ်းတာကို စံနမူနာပြုစရာမျိုး ဖြစ်လာမယ့် ကမ္ဘာကြီးမှာ၊ ကျွန်တော်တို့ မနေနိုင်လို့ပါပဲ ” ဆိုတဲ့
ကုလအတွင်းရေးမှူးချုပ်ရဲ့ ရပ်တည်ချက် ..
“ကျွန်တော့ ရပ်တည်ချက်က ရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ
ပြန်အသက်သွင်းနိုင်ဖို့ အခြေအနေတွေကို အတိအကျ ဖန်တီးယူကို ယူရပါမယ်။
ပြီးပြည့်စုံတဲ့ ဒီမိုကရေစီမဖြစ်ရင်တောင်မှပေါ့နော်၊ အားလုံးသိတဲ့အတိုင်းပဲ၊ စစ်တပ်အနေနဲ့ လူထုမဲဆန္ဒကိုကျော်ပြီး၊ အုပ်ချုပ်မူ
အဆောက်အအုံတွေအရ အာဏာကောင်းကောင်းရှိထားပြီးသားပါ။ အဲ့ဒိတော့၊ ဒီမိုကရေစီကို ပြန်အသက်သွင်းရမယ်၊
ထောင်ထဲထည့်ထားသူတွေကိုလည်း ပြန်လွှတ်ပေးရမယ်၊ ဆိုးဆိုးဝါဝါးကို
ဖြစ်လာနေတဲ့ လူအခွင့်အရေးချိုးဖောက်မူတွေနဲ့ သတ်ဖြတ်နေမူတွေကို ရပ်တန်းက ရပ်ပေးရပါမယ်။
အထွေထွေညီလာခံအနေနဲ့ ဒီ ဦးတည်ချက်လမ်းကြောင်းအတိုင်း သတင်းစကား
ရှင်းရှင်းလင်းလင်းပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်
ဘာလို့လဲဆိုတော့ စစ်တပ်အာဏာသိမ်းတာကို စံနမူနာပြုစရာမျိုး ဖြစ်လာမယ့်
ကမ္ဘာကြီးမှာ၊ ကျွန်တော်တို့ မနေနိုင်လို့ပါပဲ။ ဒါက လုံးဝကို လက်ခံစရာ မရှိပါဘူး။”
Antonio Guterres
Ref;VOA burmese
Credit