ၾကားသိသမွ်

ဂျပန်အဆိုတော် Suwa Junko ပြန်လည် သီဆိုထားတဲ့ “ခွန်အားဖြည့်မိငယ်” (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၉ ၊ ၂၀၂၁ ။

ယနေ့၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့မှ

ဂျပန်နိုင်ငံက နာမည်ကြီး အဆိုတော် Suwa Junko က အဆိုတော် ခင်မောင်တိုးရဲ့ “ခွန်အားဖြည့်မိငယ်”ဆိုတဲ့ သီချင်းကို ပြန်လည် သီဆကာ

မြန်မာပြည်သူတွေအတွက် အားပေးခဲ့ပါတယ်။ “ဒီအချိန်မှာ ကျမ လုပ်နိုင်တဲ့အရာကို စဉ်းစားကြည့်တဲ့အခါ ကျမတို့ ဂျပန်လူမျိုးတွေကို

မြန်မာပြည်ရဲ့လက်ရှိ ​အခြေအနေကို နားလည်စေဖို့ လုပ်ဆောင်ခြင်းပဲလို့ ယူဆမိပါတယ်”

“အခုအကြိမ်ကတော့ ကျမ နေထိုင်တဲ့ တိုချိဂိခရိုင်၊ အိုတာဝါရမြို့က မြို့သူမြို့သားတွေဆီကို မြန်မာပြည်အကြောင်း ရှင်းပြပြီး သူတို့ရဲ့

​ပူးပေါင်းပါဝင်မှုနဲ့ မြန်မာပြည်အတွက် ခွန်အားပေးတဲ့ “ခွန်အားဖြည့်မိငယ်”ဆိုတဲ့ သီချင်းဗီဒီယိုလေး ပြုလုပ် ဖြစ်ခဲ့ပါတယ်”

“ဒီသီချင်း ဗီဒီယိုလေးကတဆင့် တိုင်းပြည်အတွက် ကြိုးစားနေကြတဲ့ ကျမ ချစ်ရတဲ့ မြန်မာပြည်သူပြည်သားတွေကို တဖက်တလမ်းက

ခွန်အားဖြစ်စေဖို့ မျှော်လင့်မိပါတယ်”လို့ အဆိုတော် Suwa Junko က ပြောထားပါတယ်